ကန်ထရိုက်တိုက်ခန်းပြဿသာနာ အဖြေရှာဖို့ခက်ဆဲ

ကန်ထရိုက်တိုက်ခန်းပြဿသာနာ အဖြေရှာဖို့ခက်ဆဲ - Property News in Myanmar from iMyanmarHouse.com
24 May 2016 12:03 pm တွင် တင်ခဲ့သည်
4081 ကြိမ် ကြည့်ရှု့ပြီး
အဆောက်အအုံကန်ထရိုက်တာဈေးကွက်က အရင်ကလိုမကောင်းတော့ပေမဲ့ မြေရှင်နဲ့ ကန်ထရိုက်တာပြသနာတွေကတော့ နိုင်ငံပိုင်သတင်း
စာတွေထဲမှာ တရားစွဲကြောညာတွေတွေ့နေရတုန်းပါပဲ။

အကျိုးဆောင်ရှေ့နေ ဦးကျော်စွာက ‘မြေရှင်တွေက သေချာမသိဘဲ လုပ်ကြတာများတယ် ၊ တချို့ဆို ဂရန်မှုရင်းတွေပါပေးလိုက်တာမျိုးတွေအထိ ရှိတယ် ၊ ကန်ထရိုက်နဲ့ငွေပေးငွေယူကိစ္စတွေကအစ အချိန်အတိအကျသတ်မှတ်တာတွေ ၊ လုပ်ငန်းပြီးစီးမှု ၊ ငွေပေးချေရမယ့်အချိန်တွေ စာချုပ်ထဲမှာထည့်ရမယ် ၊ သတ်မှတ်ရက်အတွင်း အဆောက်အအုံမပြီးစီးတာ တာဝန်ပျက်ကွက်တာတွေရှိလာရင် ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတဲ့ အာမခံအချက်တွေပါ ထည့်သင့်တာ’လို့ ပြောပါတယ်။

အကျိုးတူကန်ထရိုက်ဆောက်လုပ်မှုတွေမှာ အဆောက်အအုံမပြီးစီးလို့ ၊ သတ်မှတ်ထားတဲ့အချိန်ကျော်လွတ်နေတာတွေ ၊ ကန်ထရိုက်တာက လုပ်ငန်းဆက်မလုပ်တော့ဘဲ ထားခဲတာကြောင့် မြေရှင်နဲ့ ဝယ်သူတွေကြိုပွိုင့်သမားတွေမှာ ပြသနာကြုံကြရတာတွေ ရှိနေသေးတာဖြစ်ပါတယ် ။
တချို့က အခန်းတစ်ခန်းတည်းကို ဝယ်သူနှစ်ဦးကို ရောင်းတာမျိုးတွေပါ ကြုံကြရတယ်လို့ သိရပါတယ်။
မပြည့်စုံတဲ့စာချုပ်
အကျိုးတူကန်ထရိုက်တာဆောက်လုပ်မှုဈေးကွက်ကောင်းတဲ့အချိန်တုန်းက မြေရှင်အများစုက ကန်ထရိုက်တာပြောသမျှကို လက်ခံပြီး တစ်ဖက်သတ်ဆန်တဲ့ စာချုပ်တွေ မပြည့်စုံတဲ့ စာချုပ်တွေနဲ့ လုပ်ဆောင်ကြတယ်။
အဆောက်အအုံမပြီးစီးဘဲ ထွက်ပြေးတိမ်းရှောင်နေတဲ့ ကန်ထရိုက်တာတွေ ၊ ကြိုပွိုင့်ငွေတွေယူပြီး လုပ်ငန်းဆက်မလုပ်တဲ့သူတွေကြောင့် မြေရှင်နစ်နာတာရှိ
သလို ဝယ်မိသူတွေက နစ်နာမှုပိုများပါတယ် ။ တချို့ကြိုပွိုင့်ငွေနဲ့ ငွေသွင်းဝယ်ထားတဲ့အခန်းက တခြားသူတွေပါ ဝယ်ယူထားပြီး တရာ်းရင်ဆိုင်ဖြေရှင်းရတဲ့ အဖြစ်တွေလည်းရှိပါတယ်။

လက်ဝယ်အရေးပါ
အထက်တန်းရှေ့နေမသီတာဝင်းက ‘တချို့ဆို ကိုယ်က အရင်ဆုံးဝယ်ထားပေမဲ့ လက်ဦးမှုအရင်မရခဲ့လို့ ရှုံးရတာတွေရှိတယ် ၊ မြေယာတိုက်ခန်းအမှုတွေမှာ လက်ဝယ်ရရှိထားမှုကလဲ အရေးပါတဲ့အချက်လေ ၊ ဥပဒေအရရင်ဆိုင်ရင် ရောင်းချတဲ့သူကို ပဋ္ဋိညာဉ်ဖောက်ဖျက်မှုတို့ ၊ လိမ်လည်မှုတွေနဲ့ တရားစွဲဆိုပြီး ဖြေရှင်းရမှာ’လို့ ရှင်းပြပါတယ် ။
သူကပဲတစ်ခါလိုက်ပေးရတဲ့အမှုဆို သူက ပထမဆုံးငွေသွင်းထားတာမှန်ပေမဲ့ နောက်ဆုံးဝယ်ထားတဲ့သူက တိုက်ခန်းပေါ်အရင်တက်နေတော့ သူကအနိုင်ရသွားတယ် ။

စာချုပ်တွေမှာ မြေရှင်လက်မှတ်တွေလည်းပါနေတာပဲ ။ ဝယ်ထားသူအချင်းချင်းလည်း ရယူလိုမှုနဲ့ တရားရင်ဆိုင်ကြရသလို ရောင်းချတဲ့မြေရှင်ဖြစ်ဖြစ် ၊ ကန်ထရိုက်တာကိုပဲဖြစ်ဖြစ်တရားစွဲရမှာဖြစ်တယ် ။ ပထမဆုံးဝယ်သူက ပဋိညာဉ်ဖောက်ဖျက်မှုနဲ့ စွဲဆိုလို့ရပြီး နောက်တစ်ဦးက လိမ်လည်မှုနဲ့ တရားစွဲဆိုလို့ရတယ်လို့ ပြောပါတယ်။
တိုက်ခန်းအရောင်းအဝယ်နဲ့ ကြိုပွိုင့်စနစ် ၊ အကျိုးတူကန်ထရိုက်ဈေးကွက်အေးပြီးပျောက်သွားရတာ
လည်း သည်လိုကိစ္စရပ်တွေကြောင့်ဖြစ်တယ်လို့ အကျိုးဆောင်တချို့နဲ့ ကန်ထရိုက်တာတချို့က ပြောပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးမောင်မောင်က

‘ လိမ်လည်သူတွေ ၊ ဈေးကွက်ကောင်းလို့ ဝင်ပြီးခဏတာလုပ်ကြတဲ့သူတွေကြောင့် ဈေးကွက်က ပျက်သွားတာ တကယ်လုပ်ငန်းလုပ်နေတဲ့သူတွေပါ ထိခိုက်ရတယ်’လို့ ပြောပါတယ်။
သတ်မှတ်ပေးထားတဲ့ စည်းကမ်းချက်တွေ ၊ ဥပဒေတွေမရှိတာကြောင့်နဲ့ တစ်ဖက်သတ်စာချုပ်ချုပ်ဆိုတာတွေကြောင့် အခုလိုပြသာနာတွေ ဖြစ်တာလို့ လည်းသိရပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service