ဂျပန်တွင် လိုင်စင်မရှိဘဲအိမ်ခြံမြေရောင်းချသူ ၃ ဦးကိုဖမ်းဆီး

ဂျပန်တွင် လိုင်စင်မရှိဘဲအိမ်ခြံမြေရောင်းချသူ ၃ ဦးကိုဖမ်းဆီး - Property News in Myanmar from iMyanmarHouse.com
24 May 2016 11:14 am တွင် တင်ခဲ့သည်
1433 ကြိမ် ကြည့်ရှု့ပြီး
ဂျပန်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအတွက် ၀ယ်ယူထားသည်ဟု ယူဆရသော နေအိမ်ခန်းများကို အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်မရှိဘဲ ၀ယ်လက်များသို့ ရောင်း ချပေးခဲ့သူ ၃ ဦးကို ဂျပန်ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းလိုက် ကြောင်းဂျပန်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။

ယင်း ၃ ဦးမှာပွဲစားများ ဖြစ်တန်ရာချေရှိပြီး သံသယဖြစ်ဖွယ် ရောင်းချမှုနည်း ဗျူဟာများ အသုံးပြုခဲ့ကြသည်ဟုဆိုသည်။ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ၎င်းတို့ ၃ ဦးသည် နေအိမ်ခန်းများ ကိုပုံမှန်ပေါက်ဈေးထက် များပြားစွာဈေးတင် ရောင်းချခဲ့ကြပြီး အောင်သွယ်ဝက်ဘ်ဆိုက် များမှတစ်ဆင့် တွေ့ရှိသိကျွမ်းခဲ့သည့် အမျိုးသမီး ၃ ဦးကိုရောင်းချခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

အဆိုပါနေအိမ်ခန်းများကိုတစ်ခန်းလျှင် ယန်းငွေ ၂၇ သန်းခန့်ဖြင့် ရောင်းချခဲ့ခြင်းဖြစ်ပြီး အမှန်တကယ်ပေါက် ဈေးထက် ယန်း ၁၀ သန်းခန့် များပြားနေသည်။ နေအိမ်ခန်းများ ရောင်းချပြီးနောက်ပိုင်း ၎င်းတို့သုံးဦးသည် အောင်သွယ် ၀က်ဘ်ဆိုက်တွင် တွေ့ခဲ့သောအမျိုးသမီးများနှင့် အဆက်အသွယ် ချက်ချင်းဖြတ်တောက် ခဲ့ကြသည်။

အိမ်ခြံမြေလုပ်ငန်းလိုင်စင်မရှိသော ၎င်းတို့ ၃ ဦးသည် အဆိုပါအရောင်းအ၀ယ်မှ ပွဲစားခယန်းငွေ ၇ ဒသမ ၁ သန်းခန့်အထိရရှိခဲ့ကြ သည်ဟုဆို သည်။ အောင်သွယ် ၀က်ဘ်ဆိုက်တွင် တင်ထားသော ကိုယ်ရေး အချက်အလက်များကို ကြည့်ကာအသက် ၃၀ မှ ၄၀ ကြား ၊ နှစ်စဉ်ဝင်ငွေ ယန်း ၁၀ သန်းအထက်ရှိသူ များကိုပစ်မှတ်ထားရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။ ဂျပန်နိုင်ငံတွင် မကြာသေးမီနှစ်များ အတွင်း အောင်သွယ်ဝက်ဘ်ဆိုက်အသုံးပြုသည့် အမျိုးသမီးများကို အိမ်ခြံမြေလုပ်ငန်း၏ သားကောင်များအဖြစ် အသုံးချလာလျက်ရှိကြသည်။

ရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ ၎င်းတို့ သားကောင်အဖြစ် အသုံးချခံရသူတို့သည် နေအိမ်ခန်းများ ကိုပုံမှန်ပေါက်ဈေး ထက် အလွန်မြင့်မားသောဈေးနှုန်းဖြင့် ၀ယ်ယူကြရလေ့ရှိပြီး
အချို့ ဖြစ်ရပ်များတွင် ပြင်ပအမှန်တကယ်ပေါက်ဈေးထက် ၇၅ ရာခိုင်နှုန်းအထိပင် များပြားနေသည်ကိုတွေ့ရသည်။

ယခုနှစ်မတ်လ အတွင်းတိုကျိုတွင် အလားတူဖြစ် ပွားခဲ့သော ဖြစ်ရပ်တစ်ခု၌ သားကောင်အဖြစ် အသုံးချခံရသည့် ၀ယ်လက်တစ်ဦးအား ရောင်းချသူမှ နစ်နာကြေးယန်းငွေ ၁၃ ဒသမ ၅၅ သန်းပေးဆောင်စေရန် တရားရုံးကအမိန့်ချမှတ်ခဲ့ဖူးသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service