အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်ရှိ သမိုင်းဝင်နေအိမ်ကြီးတစ်လုံးအရောင်းဈေးကွက်သို့ ကန်ဒေါ်လာ ၅ သန်းဖြင့် ရောက်ရှိလာကြောင်း အမေရိကန်အခြေစိုက် အိမ်ခြံမြေသတင်း ၀က်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ယင်းနေအိမ်ကြီးသည် တက္ကဆပ်ပြည်နယ်၏ ၃၁ ဆက်မြောက်အုပ်ချုပ်ရေးမှူးဖြစ်သူရော့စ် စတာလင်နေထိုင်ခဲ့သောနေအိမ်ဖြစ်သည်။
ရော့စ်စတာလင်ကိုအမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်၊ အန်နာဝက်ခ်မြို့ ၌ ၁၈၇၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်တွင် မွေးဖွားပြီး ၁၉၄၉ ခုနှစ်၊ မတ်လ ၂၅ ရက်တွင် ကွယ်လွန်သည်။ တာဝန်ထမ်း ဆောင်ခဲ့သည့်ကာလမှာ ၁၉၃၁ ခုနှစ်မှ ၁၉၃၃ ခုနှစ်အထိ ဖြစ်သည်။ ရောင်းချမည့် နေအိမ်ကြီးသည် တက္ကဆပ်ပြည်နယ်ရှိ သမိုင်းဝင် အဆောက်အအုံ အနည်းငယ်အနက် တစ်ခုအပါအ၀င် ဖြစ်ပြီး ခေတ်သစ် ဟန် ပြုပြင်မွမ်းမံထားသည်။
နေအိမ်တည်ရှိရာ ခြံမြေအကျယ်အ၀န်းမှာ ၆ ဒသမ ၃၇ ဧက ကျယ်ဝန်းပြီး နေအိမ်မှာ စတုရန်းပေ၂၀၆၈၉ ပေ ကျယ်ဝန်းသည်။ ပင်လယ်ကမ်းစပ်ဘေးတွင် တည်ရှိပြီးပင်လယ် ရေပြင်အထက် ၂၂ ပေအမြင့်တွင် တည်ရှိကာဂါဗက်စ်တန် ပင်လယ်ကွေ့ကိုစီးမိုးရှုမြင်နိုင်သည်။
နေအိမ်အတွင်းစာကြည့်တိုက်ကြီးတစ်ခု ပါဝင်ပြီး ပြင်သစ်တံခါးများ ကပင်လယ်မြင်ကွင်းများ ကိုအပြည့်အ၀ ရှုမြင်နိုင်စေသည်။
စာအုပ်စင်ကြီးများမှာ ကြမ်းပြင်မှ မျက်နှာကျက်အ ထိ မြင့်မားပြီးစာကြည့်ခန်း အတွင်းမီးလင်းဖို တစ်ခုလည်း ပါဝင်သည်။ ထို့အပြင် ခေတ်သစ်ဟန်မွမ်းမံ ထားသောမီးဖိုဆောင်၊ အားကစားလေ့ကျင့် ခန်းမ၊ မြေအောက်ခန်းအစရှိသည်တို့လည်း ပါဝင်သည်။
တည်နေရာ- အမှတ် ၅၁၅၊ ဘေးရစ်ခ်ျလမ်း
အိပ်ခန်း- ၉ ခန်း
ထင်းသုံးမီးလင်းဖို- ၆ ခု
ရေချိုးခန်း- ၁၁ ခန်း
ခေါ်ဈေး- ကန်ဒေါ်လာ ၅၉၉၅၀၀၀
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)