သီလဝါအထူးစီးပွားရေးဇုန်မြေများ မေလလယ်တွင် စတင်၍ ငှားရမ်းခဈေးတက်

သီလဝါအထူးစီးပွားရေးဇုန်မြေများ မေလလယ်တွင် စတင်၍ ငှားရမ်းခဈေးတက် - Property News in Myanmar from iMyanmarHouse.com
24 May 2016 9:50 am တွင် တင်ခဲ့သည်
1412 ကြိမ် ကြည့်ရှု့ပြီး
သီလဝါအထူးစီးပွားရေး ဇုန်အတွင်း မြေငှားရမ်းခဈေးမြင့် တက်သွားကြောင်းသီလဝါအထူးစီးပွားရေးဇုန်အများပိုင်
ကုမ္ပဏီမှ သတင်းရရှိသည်။

ပြီးခဲ့သည့် ဧပြီက သီလဝါ အထူးစီးပွားရေးဇုန်မြေဈေးသည် တစ်ပေပတ်လည်လျှင် ဒေါ်လာ ၇၀ ကျော်သာရှိခဲ့ရာမှ မေလလယ် မှစတင်ပြီး ဒေါ်လာ ၈၀အထိ ဈေး တက်သွားကြောင်း သီလဝါအထူး စီးပွားရေးဇုန်အများပိုင်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးသိန်းဟန်က ပြောသည်။

သီလဝါအထူးစီးပွားရေးဇုန် အပိုင်း(က)စီမံကိန်းရှိ မြေကွက် ၈၆ ရာခိုင်နှုန်းကျော်ကို ကုမ္ပဏီ ၆၉ ခုသို့ ရောင်းချပြီးဖြစ်သည်။
သီလဝါအထူးစီးပွားရေးဇုန် တွင် နိုင်ငံခြားမှ လာရောက်ရင်း နှီးမြှုပ်နှံရန် စိတ်ဝင်စားသူများပြား လာ၍ ယခုကဲ့သို့ ဈေးမြင့်တက် လာခြင်းဖြစ်သည်ဟု ဆိုသည်။

‘‘ဒီဇုန်မှာက လမ်းမကြီးပေါ် မှာရှိတဲ့ စက်ရုံမြေငှားရမ်းဈေးနဲ့ လမ်းသွယ်ဈေးနဲ့တောင် မတူဘူး ကွာတယ်’’ဟု သီလဝါတွင် ဂျပန် ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းလုပ် ကိုင်နေသည့် မြန်မာလုပ်ငန်းရှင် တစ်ဦးက ပြောသည်။လက်ရှိ သီလဝါအထူးစီးပွား ရေးဇုန် ပထမအဆင့် မြေအကျယ် အဝန်း ဟက်တာ ၄၀၀ တွင် မြေ
ဧရိယာ ၈၀ ရာခိုင်နှုန်း ငှားရမ်းထား ပြီးဖြစ်ကာ စက်ရုံပေါင်း ၆၁ ရုံအား လုပ်ငန်းလည်ပတ်ရန် ငှားရမ်းထားကြောင်း သီလဝါအထူး စီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီက ထုတ်ပြန်သည့် အချက်အ လက်များ၌ ဖော်ပြထားသည်။

သီလဝါအထူးစီးပွားရေးဇုန် တွင် အော်ဒီယို(စပီကာ)ထုတ် လုပ်သည့် စက်ရုံ၊ အရုပ်ထုတ်လုပ်သည့်စက်ရုံ၊ လက်အိတ်ထုတ် သည့်စက်ရုံ၊ ဘူးခွံထုတ်လုပ်သည့်
စက်ရုံ အစရှိသည့် လုပ်ငန်းများ စတင်လည်ပတ်ကာ တင်ပို့မှုများ ပြုလုပ်နေပြီဖြစ်သည်။

သီလဝါအထူးစီးပွားရေးဇုန် တွင် ငှားရမ်းလုပ်ကိုင်ခွင့်ရရှိသည့် ကုမ္ပဏီများသည် လုပ်ငန်းစတင် သည်မှစ၍ သုံးနှစ်အခွန်ကင်း လွတ်ခွင့်ရရှိမည်ဖြစ်ကာ မြေငှား ရမ်းပါက နှစ် ၆၀ စာချုပ် ချုပ်ဆို ငှားရမ်းရမည်ဟု သတ်မှတ်ထား သည်။

သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်းသည် မြန်မာက ၅၁ ရာ ခိုင်နှုန်းနှင့် ဂျပန်နိုင်ငံက ၄၉ ရာ ခိုင်နှုန်း ရင်းနှီးမြှုပ်နှံကာ အကောင်အထည်ဖော်နေသည့်စီမံကိန်းဖြစ် ပြီး အဆိုပါမြေကွက်ဝယ်ယူမှုများ ထဲတွင် ဂျပန်ကုမ္ပဏီများက ၅၀ ရာခိုင်နှုန်းကျော်ပါဝင်ပြီး ကျန်ရှိ သည့်အပိုင်း(ခ)စီမံကိန်းကို ၂၀၁၇ ၌ စတင်ရောင်းချနိုင်တော့မည်ဖြစ် ကြောင်း သီလဝါအထူးစီးပွားရေး ဇုန်အများပိုင်ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးသိန်းဟန်က ပြော သည်။

‘‘အခုလည်ပတ်နေတဲ့စက်ရုံ တွေက ရာခိုင်နှုန်းပြည့် ပြည်ပ တင်ပို့တဲ့ ပစ္စည်းတွေထုတ်တဲ့ စက်ရုံတွေပါပဲ။ ကျန်တဲ့အပိုင်းကို တော့ အထူးစီးပွားရေးဇုန်နဲ့ ကိုက် ညီအောင် ပြင်ဆင်နေပါတယ်’’ ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါကုမ္ပဏီ ၆၉ ခုအနက်ကိုးခုမှာ စက်ရုံဆောက်လုပ်၍ စတင်လည်ပတ်နေပြီး ကုမ္ပဏီ ၂၇ ခုမှာ စက်ရုံဆောက် လုပ်နေကာကုမ္ပဏီ၃၃ခုမှာစက်ရုံဆောက်လုပ်ရန် ပြင်ဆင်
နေပြီဟု ဆိုသည်။

လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံများမှာ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ တိုင်ပေ၊ ဟောင်ကောင်၊ သြစတြေးလျ၊ ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ အမေရိကန်နှင့် ဆွီဒင် နိုင်ငံတို့မှ ဖြစ်သည်ဟု အဆိုပါ ကုမ္ပဏီမှ သိရသည်။

မြန်မာနိုင်ငံဘက်မှ သီလဝါ အများပိုင်ကုမ္ပဏီလီမိတက် (MT SH)က ၂၀၁၅ မတ်လ ၃၁ ရက် အထိ အမြတ်ငွေ ကျပ် ၁၆ ဘီလီ ယံရရှိခဲ့သဖြင့် အစုရှယ်ယာရှင် များအား ပထမဦးဆုံးအကြိမ် အ မြတ်ဝေစုအဖြစ် ဒီဇင်ဘာ ၁၈ ရက်၌ ရှယ်ယာတန်ဖိုး၏ ၂၀ ရာခိုင်နှုန်းခွဲဝေပေးအပ်ခဲ့သည်။ ထို့နောက် ၂၀၁၆ မေလ ၂၀ ရက်တွင် အစုရှယ်ယာများကို ရန်ကုန်စတော့အိတ် ချိန်း၌ စတင်ရောင်းချခဲ့သည်။

ယခုအကောင်အထည်ဖော် မည့် အပိုင်း(ခ) စီမံကိန်းအတွက် အစုရှယ်ယာများထုတ်ရောင်း မည်မဟုတ်ကြောင်း MTSH ဥက္ကဋ္ဌဦးဝင်းအောင်က ပြောသည်။

မူလတည်ထောင်သူများဖြစ် သည့် ကုမ္ပဏီကိုးခုက MTSH အ များပိုင်ကုမ္ပဏီတွင် အစုရှယ်ယာ အားလုံး၏ ၄၅ ရာခိုင်နှုန်းဖြစ် သော အစုရှယ်ယာ ၃ ဒသမ ၉ သန်းပိုင်ဆိုင်ထားပြီး အများပြည် သူအား ကျန်ရှိသည့် ၅၅ ရာခိုင်နှုန်းဖြစ်သည့် ၂ ဒသမ ၁ သန်း ရောင်း ချခဲ့သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service