ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သမိုင်းမြို့သစ် အတွင်း အရောင်းအဝယ် အတန်ငယ်ပြန်လည်ဖြစ်ထွန်း လာကြောင်း သမိုင်းရှိအိမ်ခြံမြေအကျိုးဆောင်များ ကပြောသည်။ အရောင်းအဝယ်ထက် အငှားဖြစ်ထွန်းမှုက ပိုမိုအားကောင်းနေကြောင်းလည်း သိရှိရသည်။""ဈေးကွက် အနေအထားက အငှားလိုက်တယ်။ တစ်သိန်းဝန်း ကျင်လောက်တွေ အငှားလိုက်တယ်။ငှားတဲ့သူတွေက ပါကေးခင်းတာ ကို တစ်သိန်းခွဲလောက်နဲ့လိုချင်တယ် ။မြေညီဆို ၂ သိန်းလောက်နဲဖြစ်တယ်။ တချို့လည်း တစ်သိန်းရှစ်သောင်းပေါ့ ။မြေညီကတော့အခန်း သိပ်မကျန်တော့ဘူး ။နေဖို့အတွက်ကလာငှားတာ ပိုများတယ်။စီးပွားရေးလုပ်ဖို့တော့ လာတာနည်းပါတယ်။""ဟု ပွဲစား မစိုးစိုးမှပြောပြသည်။
အရောင်းအဝယ်တွင်လည်း သိန်း ၂၀၀ဝန်းကျင်များမှာ အများဆုံး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရသည်။""သိန်း ၂၀၀ ကျော်ကျော်ကို သုံးလွှာ ၊လေးလွှာတွေ အဝယ်လိုက်တယ်။ အပေါ်ဆုံးထပ် ကို သိန်း ၁၆၀ ကနေ ၁၈၀ ကြားနဲ့ ဖြစ်တယ်။ ဘိုးဘွားပိုင်တွေ ပဲဖြစ်တယ်။ကန်ထရိုက်တွေကတော့မဖြစ်ဘူး။ငွေနိုင်တဲ့ ကန်ထရိုက်ကြတော့ ပထမထပ်ကို သိန်းလေးရာလောက် လာပေးတောင်မရောင်းဘူး။ မြို့ဟောင်းဘက် အခြမ်းက ဈေးပိုကောင်း တယ်""ဟု ၎င်းမှပြောပြခဲ့သည်။
အိမ်ခြံမြေဈေးကွက်သည် အခွန်၃၀ ရာခိုင်နှုန်း သတ်မှတ်ပြီးနောက်ပိုင်းတွင် ဈေးကွက်အတွင်း လက်ကြီး ရောင်းဝယ်မှုများမရှိဘဲ မြို့စွန်ဆင်ခြေဖုံး များတွင်သာ ပိုမိုအလုပ်ဖြစ်လာကြောင်သိရှိရသည်။ လက်တလော အရောင်းအဝယ်ဖြစ်နေသော နေရာ များမှာ တောင်ဒဂုံ ၊မြောက်ဒဂုံ၊ သင်္ဃန်းကျွန်း အစရှိသည့်နေရာများတွင်သာ အဖြစ်များနေကြောင်းသိရသည်။
မင်းဝသန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com