သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာ အခန်း ၈၀၀၀ ကျော်ကို ၂ နှစ်အတွင်း ဆောက်လုပ်သွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ပြော

သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာ အခန်း ၈၀၀၀ ကျော်ကို ၂ နှစ်အတွင်း ဆောက်လုပ်သွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ပြော - Property News in Myanmar from iMyanmarHouse.com
23 May 2016 10:18 am တွင် တင်ခဲ့သည်
23656 ကြိမ် ကြည့်ရှု့ပြီး
အစိုးရသစ်လက်ထက်တွင် ပြည်သူလူ ထုနေထိုင်မှု အဆင်ပြေစေရန် သိန်း၁၀၀ အောက်တန်ဖိုးနည်းအိမ်အခန်း ၈၀၀၀ ကျော် ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က မေ ၁၉ ရက်နေ့က ပြောသည်။

''အစိုးရသစ်လက်ထက်မှာ တန်ဖိုးနည်းအိမ်ရာ ထပ်မံဆောက်လုပ်သွားဖို့ ရှိတယ်။ လက်ရှိ မြေဧက ၂၀၀ ကျော် ရထားတယ်။ အိမ်ခန်းပေါင်း ၈၀၀၀ ကျော်လောက် ထွက်လာမယ်၊ အခု စဉ်းစားထားတာကတော့ အခန်းတစ်ခန်းကို ငွေကျပ် သိန်း ၁၀၀ အောက်ကို ဖြစ်စေချင်တယ်။ ဒါမှ တန်ဖိုးနည်းတဲ့ အနေအထား ဖြစ်သွားမယ်။ အခန်းကို ၀ယ်မယ်ဆိုရင်တော့ ကျသင့်ငွေ ၁၅ ရာခိုင်နှုန်း အရင်ပေးဆောင် ရတယ်။ ၀ယ်တဲ့သူက အလုပ်အကိုင် ရှိရမယ်။ ဘဏ်မှာ ငွေစုအကောင့် ရှိရမယ်။ တစ်လကို ပုံမှန် ၈ သောင်း၊ ၁ သိန်းလောက် သွင်းပြီး ၈ နှစ်နဲ့ ၁၀ နှစ်အကြာမှ အိမ်ခန်းကို ပိုင်ဆိုင်မှာ ဖြစ်တယ်''ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

အဆိုပါ တန်ဖိုးနည်းအိမ်ရာစီမံကိန်းကို ၂ နှစ်ခန့်အကြာတွင် ပြီးစီးအောင် အကောင်အထည်ဖော်သွားနိုင်မည်ဟု မျှော်မှန်းကြောင်း၊ နေအိမ်အဆောက်အဦမှာ ၄ ထပ် (သို့) ၅ ထပ် အဆောက်အဦများ ဆောက်လုပ်သွားဖြစ်ပြီး အဆောက်အဦတစ်ခုအတွက် အခန်းပေါင်း ၄၀ ကျော် ပါဝင်ကြောင်း၊ အခန်းတစ်ခန်းတွင် အိပ်ခန်း ၂ ခန်း ပါဝင်မည်ဖြစ်ပြီး အကျယ် စတုရန်းပေ ၄၀၀ ရှိကြောင်း၊ အစိုးရအနေဖြင့် အဆိုပါ တန်ဖိုးနည်း အိမ်ရာအား ရောင်းချပေးမည် ဆိုပါက နေအိမ်အပိုင် မရှိသော အိမ်ထောင်စုများကို ဦးစားပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောသည်။

ထို့အပြင် နေအိမ်မရှိသူများအတွက် တန်ဖိုးနည်းနည်းဖြင့် အိမ်ငှားနေထိုင်နိုင်မည့် အငှားအဆောင်များကိုလည်း စက်မှုဇုန်တွင် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောသည်။

''တန်ဖိုးနည်းအငှားအိမ်တွေ အကောင်အထည်ဖော်ဖို့လည်း ရှိပါတယ်။ တစ်ခန်းကို ၂ ယောက်၊ ၃ ယောက် နေထိုင်လို့ရတဲ့ အနေအထားတော့ ရှိမယ်။ တစ်လကို ၂ သောင်းလောက်တော့ ငှားခ ပေးရမယ်လို့ ခန့်မှန်းထားတယ်။ တစ်သက်လုံးတော့ နေလို့ မရဘူး။ ၆ လ (သို့မဟုတ်) ၁ နှစ်လောက် နေပြီး အလုပ်အကိုင်ရရင်တော့ ဖယ်ပေးရမယ်။ အစိုးရကလည်း ဘဏ်ချေးငွေနဲ့ဆောက်ရမှာ ဖြစ်တဲ့အတွက် ဘဏ်အတိုးသာသာလောက် ကာမိအောင် အိမ်ငှားခယူရတာ ဖြစ်တယ်။ အရှုံးခံပြီး လုပ်မယ်ဆိုရင်တော့ ရေရှည် ရပ်တည်နိုင်မှာ မဟုတ်ဘူး''ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

လက်ရှိအချိန်တွင် တန်ဖိုးနည်းအိမ်ရာများကို တောင်ဒဂုံမြို့နယ်၊ လှိုင်သာယာမြို့နယ်တို့တွင် ဆောက်လုပ်ပေးလျက်ရှိပြီး ယခုလအတွင်း ရောင်းချပေးသွားမည် ဖြစ်ကာ အိမ်ခန်းတစ်ခန်းအား ငွေကျပ် သိန်း ၁၂၀ ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Credit : News Watch

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service