တရားမျှတမှုမရှိသော အခွန်မူဝါဒကို ဖျက်သိမ်းပေးရန် ဗီယက်နမ်အိမ်ခြံမြေလုပ်ငန်းရှင်များလိုလား

တရားမျှတမှုမရှိသော အခွန်မူဝါဒကို ဖျက်သိမ်းပေးရန် ဗီယက်နမ်အိမ်ခြံမြေလုပ်ငန်းရှင်များလိုလား - Property News in Myanmar from iMyanmarHouse.com
23 May 2016 10:10 am တွင် တင်ခဲ့သည်
873 ကြိမ် ကြည့်ရှု့ပြီး
ဗီယက်နမ် အိမ်ခြံမြေဈေးကွက် သည် ပြန်လည်ဦးမော့ လာပြီဖြစ်သောကြောင့် အမြတ်အစွန်းများ ရရှိလာကြပြီဖြစ်သော်လည်း အိမ်ခြံမြေကဏ္ဍတစ်ခု တည်းအပေါ် ဦးတည်ထားသည့် အကောက်ခွန်စည်းမျဉ်းကို ဖျက်သိမ်းပေးစေရန်လိုလား လျက်ရှိကြပြီး ယင်းစည်းမျဉ်းမှာ တရားမျှတမှုမရှိသည့်အပြင် ခွဲခြားဆက်ဆံမှုတစ်ရပ် လည်း ဖြစ်ကြောင်းပြောကြားကြသည်ဟု ဟနွိုင်းအခြေစိုက် အိမ်ခြံမြေသတင်း ၀က်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အိမ်ခြံမြေကဏ္ဍမှ အမြတ်အစွန်းများကို အခြားအရှုံးပေါ်သည့် လုပ်ငန်းများတွင် ခုနှိမ်ခြင်းမပြုရန် တားမြစ်ထားခြင်းအပေါ် အိမ်ခြံမြေလုပ်ငန်းရှင်များ ကကန့်ကွက်ကြခြင်းဖြစ်သည်။
ယင်းသို့ပြဌာန်းခြင်းမှာ အိမ်ခြံမြေလုပ်ငန်းတစ်ခုတည်း ကိုသာတားမြစ်ပိတ်ပင်ထားခြင်း ဖြစ်သောကြောင့် ခွဲခြားဆက်ဆံမှုအဖြစ် ရှုမြင်ကြသည်။

ဗီယက်နမ်တွင် အချို့ အိမ်ခြံမြေလုပ်ငန်းရှင်များသည် အမြတ်အစွန်းများစွာ ရရှိသော်လည်း အခွန်ပေးဆောင်မှု နည်းပါးလှသောကြောင့် ၂၀၀၄ ခုနှစ်အတွင်းက အဆိုပါဥပဒေကို ပြဌာန်းခဲ့ခြင်းဖြစ်သည်။ မူလကအခြားစီးပွား လုပ်ငန်းများမှ အမြတ်အစွန်းများကိုအိမ်ခြံမြေကဏ္ဍတွင် ခုနှိမ်ခြင်းမပြုရန်တားမြစ်ခဲ့သော်လည်း ၂၀၁၄ ခုနှစ်အတွင်းယင်းစည်းမျဉ်းကိုဖျက်သိမ်းခဲ့သည်။

ယခုနောက်ပိုင်းအိမ်ခြံမြေလောကတွင် ပြိုင်ဆိုင်မှု အလွန်ပြင်းထန်လာသောကြောင့် ယခင်ကကဲ့သို့ အမြတ်အစွန်းရသည့်လုပ်ငန်းအလွန်နည်းပါးသွားပြီဖြစ်ကြောင်းဗီယက်နမ်စီးပွားရေးပညာရှင် ဒင်သီဟိုင်ယန် ကပြောကြားပြီးယင်းစည်းမျဉ်းကိုဖျက်သိမ်းပေးရန် ဗီယက်နမ်အစိုးရကိုတိုက်တွန်းခဲ့သည်။

အခြားကဏ္ဍများတွင် စီးပွားရေးလုပ်ငန်းတစ်ခုမှ အမြတ်အစွန်းကိုအခြားအရှုံးပေါ်သည့်လုပ်ငန်းတွင် ခုနှိမ်နိုင်သော်လည်းအိမ်ခြံမြေကဏ္ဍတစ်ခုတည်းအပေါ် တားမြစ်ထားသည့် အဆိုပါစည်းမျဉ်းမှာ တရားမျှတမှုမရှိ သည့်အပြင် ကျိုးကြောင်းဆီလျော်မှုလည်း မရှိကြောင်း ဗီယက်နမ် အမျိုးသားအိမ်ခြံမြေအသင်းဥက္ကဌ ငုယင်ထရန်နမ်ကပြောကြားသည်။

ဗီယက်နမ်တွင် အိမ်ခြံမြေဈေးကွက် ပြန်လည်ဦးမော့ လာမှုနှင့်အတူအိမ်ခြံမြေကုမ္ပဏီ ၅၅ ခု၏ ယခင်နှစ် ဘဏ္ဍာငွေမှာဗီယက်နမ်ငွေ
၆၁ ဒသမ ၇၅ ထရီလီယံ (ကန်ဒေါ်လာ ၂ ဒသမ ၇၃ ဘီလီယံ) အထိရှိခဲ့ပြီး ၂၀၁၄ ခုနှစ်ထက် ၂၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။
အသားတင်အမြတ်အစွန်းမှာဗီယက်နမ်ငွေ ၆ ဒသမ ၇၉ ထရီလီယံ (ကန်ဒေါ်လာ ၃၀၀ ဒသမ ၂ သန်း) အထိရှိခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service