ကမ္ဘာကျော်သရုပ်ဆောင် ရောဘတ်ဒီနီရိုကလန်ဒန်မြို့ လယ်တွင် ဇိမ်ခံဟိုတယ်တစ်ခုဆောက်လုပ်မည်

ကမ္ဘာကျော်သရုပ်ဆောင် ရောဘတ်ဒီနီရိုကလန်ဒန်မြို့ လယ်တွင် ဇိမ်ခံဟိုတယ်တစ်ခုဆောက်လုပ်မည် - Property News in Myanmar from iMyanmarHouse.com
20 May 2016 11:26 am တွင် တင်ခဲ့သည်
1196 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာကျော်သရုပ်ဆောင် ရောဘတ်ဒီနီရိုသည် အမေရိကန်နိုင်ငံသားဖြစ်ပြီး ၁၉၄၃ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်တွင် နယူးယောက်မြို့ တော် မန်ဟက်တန် တွင် မွေးဖွားသည်။ ရောဘတ်ဒီနီရိုသည် သရုပ်ဆောင်အဖြစ်သာမက ရုပ်ရှင်ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပြီးဇာတ်ကားပေါင်း ၁၀၀ ကျော်တွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။

၁၉၇၄ ခုနှစ်တွင် ရိုက်ကူးထုတ်လုပ်ခဲ့သောဂေါ့ဖားသား အပိုင်း ၂ တွင် ဗီတိုကော်လီယွန်အဖြစ် သရုပ်ဆောင်ခဲ့ပြီး အဆိုပါဇာတ်ကားဖြင့် အော်စကာဆု (အကောင်းဆုံးဇာတ်ပို့ဆု) ရရှိခဲ့သည်။
၁၉၈၀ တွင် ရိုက်ကူးခဲ့သည့် Raging Bull ဇာတ်ကားဖြင့် အော်စကာဆုထပ်မံရရှိခဲ့ပြီးအကောင်းဆုံးဇာတ်ဆောင်ဆုရရှိခဲ့ခြင်း ဖြစ်သည်။
ဒိုင်အန်နီအဲ့ဘော့နှင့် ၁၉၇၆ ခုနှစ်တွင်လက်ထပ်ခဲ့ပြီး ၁၉၈၈ တွင် ကွာရှင်းပြတ်စဲခဲ့ကာဂရေ့ စ်ဟိုက်ခ်ျတာဝါနှင့် ၁၉၉၇ ခုနှစ်တွင်လက်ထပ်ခဲ့ကာအိမ်ထောင် ၂ ဆက်မှ သားသမီး ၆ ဦးထွန်းကားသည်။

ယခုအခါတွင် လန်ဒန်မြို့ လယ်၌ ဇိမ်ခံ ဟိုတယ်သစ်ကြီး တစ်ခုတည်ဆောက်မည်ဖြစ်ကြောင်းရောဘတ်ဒီနီရိုက ထုတ်ဖော်ပြောကြားကြောင်းမလေးရှားအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ယင်းဟိုတယ်ကို ၀ယ်လင်တန်ဟိုတယ်ဟု အမည်ပေးမည်ဖြစ်ပြီးအခန်း ၈၃ ခန်းပါဝင်မည်ဖြစ်ကာအလှပြင်ခန်းမတစ်ခုနှင့် စားသောက်ဆိုင် နှစ်ခု ပါဝင်မည်ဖြစ်သည်။

“လန်ဒန်ဟာကမ္ဘာပေါ်မှာစိတ်လှုပ်ရှားစရာအကောင်းဆုံးနေရာတွေထဲကတစ်ခုပါပဲ။ မြို့ လယ်မှာဟိုတယ်တစ်ခုဆောက်ဖို့ အကောင်းဆုံးနေရာပါ”ဟုရောဘတ်ဒီနီရိုကဆိုသည်။
အဆိုပါဟိုတယ်ဆောက်လုပ်ရန်အတွက် ဒေသတွင်းအာဏာပိုင်တို့ထံမှ အတည်ပြုချက်မရရှိသေးချေ။
အကယ်၍ ဆောက်လုပ်ခွင့်ရရှိပါကလာမည့် ၂၀၁၇ ခုနှစ်တွင် စတင်ဆောက်လုပ်သွားရန် စီစဉ်ထားပြီး ၂၀၁၉ ခုနှစ်တွင် အပြီးသတ်ဆောက်လုပ်နိုင်ရန် ရည်မှန်းထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service