ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ ရွှေတောင်ဂရု(ပ်)တို့ အကျိုးတူတည်ဆောက်တဲ့ ဂျန်းရှင်းစီးတီးတာဝါဟာ ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းမှာပြီးစီးမယ်လို့ ရွှေတောင်ဆောက်လုပ်ရေးကုမ္ပဏီက ဥက္ကဌ ဦးအောင်ဇော်နိုင်က ပြောပါတယ်။
ဂျန်းရှင်းစီးတီးတာဝါက ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ ရွှေတိဂုံဘုရားလမ်းထောင့်မှာတည်ရှိပါတယ်။ ၂၃ ထပ်တည်ဆောက်မှာဖြစ်ပြီး ကြမ်းခင်းဧရိယာ ၃၄,၀၀၀ ကျယ်ဝန်းပါတယ် ။ ရွှေတောင်ကုမ္ပဏီက ၄၈.၆ ရာခိုင်နှုန်းနဲ့ မြို့တော်စည်ပင်သာယာရေးကော်မတီက ၅၁.၄ ရာခိုင်နှုန်း အကျိုးတူဆောင်ရွက်တာဖြစ်ပါတယ်။ ကားပါကင်က ၅၀ ရာခိုင်နှုန်းစီ အကျိုးတူရရှိမှာဖြစ်ပါတယ်။
ဂျန်းရှင်းစီးတီးတာဝါက ရုံးခန်းတွေ ၊ ဈေးဝယ်စင်တာ ၊ ကြယ်ငါးပွင့် အဆင့်ရှိ Pan Pacific Yangon ဟိုတယ် ၊ ကားစီးရေ ၁၅၀၀ ရပ်နားနိုင်တဲ့ ကားပါကင် ပါရှိတယ်လို့ သိရပါတယ်။ လုံးခြုံရေးစနစ် ၊ အရေးပေါ်လျှပ်စစ်မီးစနစ်တို့ ထည့်သွင်းတည်ဆောက်ထားပါတယ်။
လက်ရှိတည်ဆောက်မှု ၇၀ ရာခိုင်နှုန်းပြီးစီးနေပြီး ဂျန်းရှင်းစီးတီး ရှော့ပင်းစင်တာနဲ့ Pan Pacific Yangon က ၂၀၁၇ မှာပြီးစီးမှာဖြစ်ပြီး service residence တွေက ၂၀၁၉ ခုနှစ်မှာအပြီးတည်ဆောက်မယ်လို့ သိရပါတယ် ။ ဂျန်းရှင်းစီးတီးတာဝါက အခန်းရောင်းချမှာမဟုတ်ဘဲ အငှားဝန်ဆောင်မှုပေးမှာဖြစ်ပါတယ်။
Chedit: The Modern