မြေယာပြဿသာနာဖြေရှင်းရမည့်နည်းလမ်း မြေယာမဏ္ဍိုင်အဖွဲ့ အကြံပြု

မြေယာပြဿသာနာဖြေရှင်းရမည့်နည်းလမ်း မြေယာမဏ္ဍိုင်အဖွဲ့ အကြံပြု - Property News in Myanmar from iMyanmarHouse.com
20 May 2016 10:08 am တွင် တင်ခဲ့သည်
965 ကြိမ် ကြည့်ရှု့ပြီး
အစိုးရဦးဆောင်၍ အားလုံးပါဝင်နိုင်သည့် ညှိနှိုင်းဆွေးနွေးပွဲများကို အဓိပ္ပာယ်ရှိရှိ လုပ် ဆောင်မှသာ မြေယာပြဿသာနာများ ဖြေရှင်းနိုင်
မည်ဖြစ်ကြောင်းမြေယာမဏ္ဍိုင်အဖွဲ့က အကြံပြု တိုက်တွန်းသည်။

လယ်ယာမြေနှင့် အခြားမြေ များ သိမ်းဆည်းခြင်းခံရမှုများ ပြန် လည်စိစစ်ရေး ဗဟိုကော်မတီ၏ ဦးဆောင်မှုဖြင့် ပြည်သူ့ကိုယ်စား လှယ်များ၊ ဒေသခံလူမှုအဖွဲ့အ စည်းများ၊ တတ်သိပညာရှင်များပူးပေါင်းပါဝင်သော ဆွေးနွေးညှိနှိုင်းမှုတစ်ခုကို အကောင်အထည်ဖော်ဆောင်ရန် အရေးကြီးကြောင်း အဆိုပါအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးရွှေသိန်းက ပြောသည်။

‘‘အစိုးရရဲ့ လက်ရှိမူဝါဒက ဒီမိုကရေစီကျင့်စဉ်နဲ့အညီ ပြည် သူတွေအတွက် လုပ်ဆောင်ပေး နေတာဖြစ်တဲ့အတွက် မြေယာ ပြဿသာနာတွေကို ဖြေရှင်းပေးနိုင် မယ်လို့ ယုံကြည်ပါတယ်။ ပွင့် လင်းမြင်သာစွာ တောင်သူတွေ ရော မြေယာအသုံးချသူတွေပါ ဆွေးနွေးပွဲတွေမှာ ပါဝင်လာနိုင် မှာပါ’’ဟု ၎င်းကဆက်လက်ပြော သည်။

မြေယာပြဿသာနာသည် မြန် မာနိုင်ငံ၏ သာတူညီမျှဖွံ့ဖြိုးတိုး တက်မှုနှင့် ဒီမိုကရေစီစနစ်ဖွံ့ဖြိုး ရေးအတွက် ကြီးမားသော အတားအဆီးအနှောင့်အယှက်တစ်ခုဖြစ် ကြောင်း မြေယာမဏ္ဍိုင်အဖွဲ့က မေလ ၁၆ ရက်တွင် သဘောထား ထုတ်ပြန်အကြံပြုထားသည်။

မြေယာများကို မည်သည့် ပုံစံမျိုးဖြင့်သိမ်းသိမ်း မြေယာများကို မှန်ကန်သည့် ရည်ရွယ်ချက်ဖြင့် ကောင်းမွန်စွာ အသုံးမချနိုင်ပါက လုပ်ကိုင်ခွင့်ဆုံးရှုံးခဲ့ရသည့် တောင်သူလယ်သမားများ ပိုမို ဆုံးရှုံးကြောင်း ဦးရွှေသိန်းကပြောကြားသည်။

နိုင်ငံတော်အစိုးရကလည်း မေလ ၅ ရက်တွင် လယ်ယာမြေ အငြင်းပွားမှုပြဿနာများ အထူးဦးစားပေးပြီး အမြန်ဆုံးဖြေရှင်းရန် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ သည်။

လယ်ယာမြေသိမ်းဆည်း ခြင်းကိစ္စရပ်များကို ဥပဒေနှင့်အ ညီ ဖြေရှင်းဆောင်ရွက်ပြီးသည် အထိ ရပ်ဆိုင်းထားရန်၊ လယ်ယာမြေနှင့် အခြားမြေသိမ်းဆည်းခံရ မှုများ ပြန်လည်စိစစ်ရေး ဗဟို ကော်မတီဖွဲ့စည်းပြီး သိမ်းဆည်း မြေများကို သက်ဆိုင်သူများသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြန် လည်ပေးအပ်ရန်နှင့် မြေအငြင်း ပွားမှုများကို တည်ဆဲဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်မည်ဖြစ်ကြောင်း အစိုးရကြေညာချက်တွင် တွေ့ရသည်။

မြေအငြင်းပွားမှုများကို တည်ဆဲဥပဒေနှင့်အညီ ဖြေရှင်းမည်ဆိုရာတွင် လက်ရှိတည်ဆဲဥပဒေများသည် ပြည်သူတို့၏ အကျိုးစီးပွားကို အပြည့်အ၀ ကာကွယ်မပေးနိုင်သော အားနည်းသည့် ဥပဒေများဖြစ်နေခြင်း ကြောင့် ယင်းဥပဒေနှင့်အညီ ဖြေရှင်းမည်ဆိုပါက တရားမျှတမှုမရှိသည့်ဆုံးဖြတ်ချက်များ ပေါ်လာနိုင်ပြီး ပြဿသာနာကို မဖြေရှင်းနိုင်သည့်အပြင် ပြည်သူတို့၏ မကျေနပ်မှုများ ဖြစ်ပေါ်စေပြီး တစ်ခဲနက်အုံကြွမှုများ ပေါ်ပေါက်လာ နိုင်ကြောင်း
မြေယာမဏ္ဍိုင်အဖွဲ့က အကြံပြုတိုက်တွန်းထားသည်။

မြေယာမဏ္ဍိုင်အဖွဲ့ကို ၂၀၁၂ တွင် စတင်ဖွဲ့စည်းခဲ့ပြီး မြေယာပြဿသာနာများ၊ မြေယာအသုံးချမှု မူဝါဒပြောင်းလဲရေးနှင့် တောင်သူလယ်သမားများအား ကာကွယ်ပေးနိုင်သည့် ဥပဒေများပေါ်ပေါက်ရေးတို့ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service