အထပ်မြင့်အဆောက်အအုံများ ဆောက်လုပ်ခြင်းခေတ္တရပ်ဆိုင်းရန် ညွှန်ကြားချက်ကြောင့် ဆောက်လုပ်ရေးလောက ရပ်ဆိုင်းသည်အထိ ထိခိုက်နိုင်ဟုဆို

အထပ်မြင့်အဆောက်အအုံများ ဆောက်လုပ်ခြင်းခေတ္တရပ်ဆိုင်းရန် ညွှန်ကြားချက်ကြောင့် ဆောက်လုပ်ရေးလောက ရပ်ဆိုင်းသည်အထိ ထိခိုက်နိုင်ဟုဆို - Property News in Myanmar from iMyanmarHouse.com
20 May 2016 10:03 am တွင် တင်ခဲ့သည်
1114 ကြိမ် ကြည့်ရှု့ပြီး
အထပ်မြင့်အဆောက် အအုံများနှင့်ပတ်သက်၍ ရန်ကုန် တိုင်းဒေသကြီး အစိုးရ၏ ညွှန် ကြားချက်အသစ်ကြောင့် ရန်ကုန် မြို့တွင်အထပ်မြင့်အဆောက်အ အုံတစ်ရာကျော် ရပ်ဆိုင်းထား သောကြောင့် ဆောက်လုပ်ရေး လောကရပ်ဆိုင်းသည်အထိ ထိ ခိုက်လာနိုင်သည်ဟု ဆောက်လုပ် ရေးလုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဦးကျော်ကျော်စိုးက ပြောသည်။

ရန်ကုန်မြို့တော်စည်ပင်က မူအားဖြင့်ခွင့်ပြုထားပြီး စတင် တည်ဆောက်နေသည့်အထပ် မြင့်အအဆောက်အအုံများကိုမြေ ပြင်စစ်ဆေးရေးအဖွဲ့က ပြန်လည် စစ်ဆေးမှုပြုလုပ်ရန် ရန်ကုန်မြို့တွင်းအထပ်မြင့်တည်ဆောက်နေခြင်းများ ခေတ္တရပ်ဆိုင်းရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာနှင့်အဆောက်အအုံဌာနက မေလ ၁၄ရက်၌ ထုတ်ပြန်ကြေညာသည်။

ယခုအခါ မြို့ပြဖွံ့ဖြိုးမှု အင်္ဂါရပ်နှင့် ကိုက်ညီစေရန်၊ ပိုမိုစနစ် တကျရှိစေရန် ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့ဖွဲ့ပြီး အထပ်မြင့်အ ဆောက်အအုံများ ဆောက်လုပ် ခွင့်ကို အသေးစိတ်စစ်ဆေးတော့ မည်ဟု ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက ကြေ ညာခဲ့သည်။ ထို့အပြင် ယင်းအဖွဲ့ က ကွင်းဆင်းစစ်ဆေးပြီး သတ် မှတ်ချက်နှင့် ကိုက်ညီမှသာ ဆက်လက်ဆောက်လုပ်ခွင့်ပြုမည်ဖြစ် ကြောင်း အဆိုပါကြေညာချက် တွင် ပါရှိသည်။

‘‘အထပ်မြင့်အဆောက်အ အုံတွေ ရပ်တာက စီးပွားရေးလော ကကို တော်တော်ဂယက်ရိုက်ပါ တယ်။ အသင်းကဆောက်လုပ် ရေးလုပ်ငန်းရှင်တွေကိုယ်စား ရန် ကုန်တိုင်းအစိုးရကိုရော၊ လွှတ် တော်ကိုရောတင်ပြပြီး ညင်ညင် သာသာလေးဖြစ်ထွန်းသွားအောင်လုပ်သွားပါမယ်’’ဟု ဦးကျော်ကျော်စိုးကပြောသည်။

စင်ကာပူ Sphere Exhibits နှင့် မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းက ဦးဆောင်ကျင်းပမည့် ဆောက်လုပ်ရေးကဏ္ဍဆိုင်ရာပြပွဲ Build TechYangon 2016 အကြို သတင်းစာရှင်းလင်းပွဲတွင် ဦးကျော်ကျော်စိုးက ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုကြေညာချက်သည် အ စိုးရအနေဖြင့် လုပ်ကိုင်သင့်သည့် ကိစ္စဖြစ်ပြီး အချို့ဆောက်လုပ် ရေးလုပ်ငန်းများသည် ပရောဂျက် ကို စည်ပင်သာယာဌာနသို့စနစ် တကျတင်ပြခြင်းမရှိဘဲ ယခင်အ စိုးရ၏ ခွင့်ပြုချက်၊သဘောတူညီမှု များဖြင့် ဆောက်လုပ်နေမှုများရှိ နေသည်ဟု ၎င်းကဆိုသည်။

သို့သော် ဆောက်လုပ်ရေး လုပ်ငန်းသည် လက်ရှိတွင်စီးပွား ရေးကျဆင်းနေသော လုပ်ငန်း တစ်ခုဖြစ်ပြီး အချို့နေရာများ၌ အခန်းများ ဆောက်ထားသော် လည်း မရောင်းရကြောင်းနှင့်ယခု ကဲ့သို့ ဆောက်လုပ်ရေးလောက တွင် ယုံကြည်မှုကျဆင်းနေချိန် ၌ အစိုးရ၏ ကြေညာချက်သည် လုပ်ငန်းများရပ်ဆိုင်းသည်အထိ ဖြစ်သွားနိုင်ကြောင်း ဦးကျော်ကျော်စိုးက ဆက်လက်ပြောသည်။

ထို့ကြောင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းက ရန် ကုန်တိုင်းဒေသကြီးလွှတ်တော်မှ တစ်ဆင့် အစိုးရနှင့် ညှိနှိုင်းဆောင် ရွက်ရန်ကြိုးစားမည်ဟုဆိုသည်။

ရန်ကုန်တွင် အထပ်မြင့်အ ဆောက်အအုံများခွင့်ပြုရာ၌ ၁၃ ထပ်အောက်အဆောက်အအုံများ ကို YCDCက တိုက်ရိုက်စစ်ဆေး ကိုင်တွယ်ခွင့်ပြုနေပြီး ၁၃ထပ်နှင့် အထက်အဆောက်အအုံများကိုမူ အထပ်မြင့်အဆောက်အအုံများ စစ်ဆေးရေးကော်မတီက စစ်ဆေးပြီးရန်ကုန်တိုင်းအစိုးရအဖွဲ့က တိုက်ရိုက်ခွင့်ပြုနေခြင်းဖြစ်သည်။

၂၀၁၆အတွက် ရန်ကုန်မြို့ တွင် မူအားဖြင့်ခွင့်ပြုထားသည့် အထပ်မြင့်အဆောက်အအုံအချို့ သည် ယခင်အစိုးရလက်ထက်က ခွင့်ပြုခဲ့ခြင်းကြောင့် ပြန်လည်စစ် ဆေးခြင်းဖြစ်နိုင်ကြောင်း ဧရာထူးဆောက်လုပ်ရေးကုမ္ပဏီမှ ဦးစိုင်းကျော်နိုင်က သုံးသပ်သည်။

‘‘တချို့အထပ်မြင့်စီမံကိန်း တွေက ဈေးကွက်လိုအပ်ချက်ကို ကြည့်ပြီး အသည်းအသန်ဆောက် ကြတော့ မဆောက်သင့်တဲ့နေရာ တွေမှာ ဆောက်ဖို့လုပ်နေတာတွေ လည်းရှိတော့ ပြန်စစ်တာကောင်း ပါတယ်’’ဟု ၎င်းကဆိုသည်။

Credit : 7Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service