ရန်ကုန်မြို့တွင် အသုံးပြုခြင်းမရှိသော စက်မှုဇုန်မြေကွက် (၄၀) ရာခိုင်နှုန်းကျော်ရှိ

ရန်ကုန်မြို့တွင် အသုံးပြုခြင်းမရှိသော စက်မှုဇုန်မြေကွက် (၄၀) ရာခိုင်နှုန်းကျော်ရှိ - Property News in Myanmar from iMyanmarHouse.com
19 May 2016 11:25 am တွင် တင်ခဲ့သည်
1670 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တွင် ၂၀၀၀ ပြည့်နှစ်မှ စတင်ကာ စက်မှု ဇုန်မြေကွက်ပေါင်း တစ်သောင်းကျော်ခန့် ဖော်ထုတ်ခဲ့ရာ စက်မှုဇုန်မြေကွက် တစ်ခု၏ ဈေးနှုန်းမှာ ကျပ်သိန်းလေးထောင်မှ ခြောက်ထောင်ကြားထိ မြင့်မားနေသော်လည်း အသုံးမပြုသောမြေကွက်မှာ ၄၀ ရာခိုင်နှုန်း ကျော် ရှိနေသည်ဟု မြို့ပြပညာရှင်များက ပြောသည်။

အသုံးပြုနေခြင်းမရှိသော စက်မှုမြေကွက်များ များပြားရခြင်းမှာ ကုမ္ပဏီတစ်ခုက လက်ဝါးကြီး အုပ်ဝယ်ယူထားခြင်းကြောင့် ဖြစ်ပြီး ထိုကိစ္စနှင့်ပတ်သက်၍ ရင်ဆိုင်ဖြေရှင်း သင့်ကြောင်း မေလဆန်းပိုင်းက ရန်ကုန်မြို့တော်ခန်းမတွင် ကျင်းပခဲ့သည့် ဆွေးနွေးပွဲ တစ်ရပ်တွင် တာဝန်ရှိသူများက ပြောကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင် အလုပ်လုပ်ကိုင်ကြသော လူဦးရေ၏ ၂၇ ရာခိုင်နှုန်းခန့်မှာ ဆောက်လုပ်ရေး ကဏ္ဍတွင် အလုပ်လုပ်ကိုင်ကြပြီး ၉ ရာခိုင်နှုန်း ခန့်သာ စက်မှုကဏ္ဍတွင် လုပ်ကိုင်ကြနေရသောကြောင့် စက်မှုကဏ္ဍကို ပိုမိုအကောင်အထည် ဖော်သင့်ကြောင်း ပညာရှင်များက ပြောသည်။ တိုင်းပြည်၏ ထုတ်လုပ်မှုစွမ်းအားကို တိုက်ရိုက် အထောက် အကူဖြစ်လာစေရန် ရန်ကုန်မြို့တွင် စက်ရုံ၊ အလုပ်ရုံများ ပိုမိုပေါ်ပေါက်လာစေရန် ပြုလုပ်သင့်ပြီး စက်မှုဇုန် များ ပေါ်ပေါက်ခြင်းကို ဟန့်တားနေသော အကြောင်းရင်းတစ်ခုမှာ စက်မှုမြေကွက်ဈေး နှုန်း မြင့်မားနေခြင်းဖြစ်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ မြို့ပြစီမံကိန်းပညာရှင် ဦးတိုးအောင်က ပြောသည်။ စက်မှုဇုန်များတွင် မြေကွက်ဈေးနှုန်းမြင့် တက်ခြင်းကို ထိန်းချုပ်နိုင်စေရန် အမှန် တကယ်စက်ရုံတည်ဆောက် အလုပ်လုပ်ကိုင် သူများကို သာ စက်မှုဇုန်မြေကွက်များကို ၀ယ်ယူခွင့်ပေးခြင်းမျိုး ပြုလုပ်သင့်ကြောင်း မြို့ပြပညာရှင်များက ပြောသည်။

စက်မှုမြေကွက်များကို အကျိုးရှိရှိအသုံးချနိုင်သော စက်မှုဇုန်များ အကောင်အထည်ဖော်ရာတွင်လည်း မသန့်ရှင်းသော ရေဆိုးများကို စနစ် တကျ သန့်စင်ပေးမယ့် ရေသန့်စင်စနစ်များ နှင့် စက်မှုဇုန်များ အတွက် လျှပ်စစ်မီးမှန်ကန် အောင် ပြုလုပ်ပေးခြင်းများကို အစိုးရမှ ယခု အချိန်ထိ အကောင်အထည်မဖော်ဆောင် နိုင်သေးကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

"ဒီအခြေအနေကို ကြိုးပမ်းဖို့ စနစ်ကျတဲ့ စီမံခန့်ခွဲကို လုပ်ရမယ်။ စက်မှုဇုန်တွေ၊ စိုက်ပျိုး ရေးဇုန်တွေ၊ မွေးမြူရေးဇုန်တွေ တကယ် စက်မှု ဇုန်တွေ စိုက်ပျိုးရေးဇုန်တွေ ဖြစ်ရမယ်။ စက်မှု ဇုန်တွေထဲ ၀င်သွားပြီး ကွင်းတွေ၊ ဂိုဒေါင်တွေ တွေ့နေရုံလောက်နဲ့ စက်မှုဇုန် မဖြစ်နိုင်ဘူး။ စက်မှုဇုန်ဆိုတာ ထုတ်ကုန်တွေ ဦးတည်နေရ မယ်။ အသေးစားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်နေရမယ်။ တကယ် အကြီးစားစက်မူဇုန်တွေ က အသေးစားစက်မှုလုပ်ငန်းရှင်တွေနဲ့ ချိတ် ဆက်နေရမယ်။ ဒါမှ အလယ်အလတ် စီးပွား ရေးလုပ်ငန်းရှင်တွေလည်း ရပ်တည်ခွင့်ရမှာ လေ။ ဒီလိုပုံစံတွေကို ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်ဖို့ အလုပ်များများ လုပ်ရပါလိမ့်မယ်။ ဒါမှသာ ကျွန်တော်တို့ ဒီအပြောင်းအလဲကို သယ်ဆောင်နိုင်မှာ ဖြစ်မှာပါ"ဟု ၎င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

Credit : Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service