အရှေ့ တောင်အာရှ၏ အိမ်ခြံမြေလောကတွင် ထိပ်တန်းကွန်ဖရင့်တစ်ခုဖြစ်သောProperty Report Congressကိုလာမည့်ဇွန်လ ၁၀ ရက်တွင် ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ တော်တွင်ကျင်းပမည်ဖြစ်ပြီးဇွန်လ ၃၀ ရက်တွင် ရန်ကုန်မြို့ ရှိဆူးလေရှန်ဂရီလာဟိုတယ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်းစင်္ကာပူအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါကွန်ဖရင့်သည် မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပခြင်းဖြစ်ပြီးကွန်ဖရင့်ပြုလုပ်ခဲ့သည်မှာ မြန်မာနိုင်ငံ အပါအ၀င် ၄ ကြိမ်သာရှိသေးသည်။
ယခင်သုံးကြိမ်ကို ၂၀၁၅ ခုနှစ်အတွင်းစင်္ကာပူ၊ ၂၀၁၆ တွင် မနီလာနှင့် ဟိုချီမင်းမြို့ တော်တို့၌ ကျင်းပသည်။
(ဟိုချီမင်းကွန်ဖရင့်မှာမကျင်းပရသေး)
ဆူးလေရှန်ဂရီလာတွင် ကျင်းပမည့် ကွန်ဖရင့်ကိုလာမည့်ဇွန်လ ၃၀ ရက်၊ ကြာသပတေးနေ့ ၊ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ အထိကျင်းပမည်ဖြစ်သည်။
ယင်းကွန်ဖရင့်ကိုအာရှနာမည်ကျော်အိမ်ခြံမြေ၀က်ဘ်ဆိုက် တစ်ခုမှ ကမကထပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါကွန်ဖရင့်တွင် Savills Myanmar မှ country manager ရစ်ချတ်အီမာဆန်က မြန်မာအိမ်ခြံမြေဈေးကွက် အကြောင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြသွား မည်ဖြစ်သည်ဟုဆိုသည်။
ယင်းကွန်ဖရင့်တွင် iMyanmarHouse မှ Managing Director ဦးနေမင်းသူမှ ‘Myanmar 3.0: Moving marketing online’ ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း အဆိုပါဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။
ကွန်ဖရင့်အပြီးညနေ ၆ နာရီမှ ည ၁၀ နာရီ ၃၀ အထိ ၂၀၁၆ ခုနှစ်၊ မြန်မာအိမ်ခြံမြေဆုပေးပွဲနှင့် ညစာစားပွဲကို ကျင်းပမည်ဖြစ်သည်။ ကွန်ဖရင့်သို့ မြန်မာနိုင်ငံအိမ်ခြံမြေ ကဏ္ဍမှ ထိပ်တန်းပုဂ္ဂိုလ် ၂၅၀ ကျော်တက်ရောက် ကြမည်ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)