အရှေ့ တောင်အာရှအိမ်ခြံမြေ ဦးဆောင်လုပ်ငန်းရှင် များတွေ့ဆုံကြမည့် ဗီယက်နမ်အိမ်ခြံမြေကွန်ဖရင့်The Property Report Congress Viet Nam 2016 ကိုဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ တော်တွင် လာမည့် ဇွန်လ ၁၀ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ဟနွိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါကွန်ဖရင့်တွင် ဗီယက်နမ်၏ လက်ရှိအိမ်ခြံမြေဈေးကွက်အခြေအနေများအဓိကဆွေးနွေးကြမည်ဖြစ်ပြီးအိမ်ခြံမြေကဏ္ဍဆုပေးပွဲလည်း ပါဝင်မည်ဖြစ်သည်။
ယင်းအိမ်ခြံမြေကွန်ဖရင့်ကိုတက်ရောက်မည်ဆိုပါကအောက်ပါအကျိုးကျေးဇူး ၅ ခုရရှိနိုင်မည်ဖြစ်သည်။
(၁)ဒေသတွင်းဈေးကွက်အခြေအနေကိုသိရှိနိုင်ခြင်း
(၂) နိုင်ငံခြားကျွမ်းကျင်ပညာရှင်များနှင့် တွေ့ဆုံကာလေ့လာနိုင်ခြင်း
(၃) ဗီယက်နမ်တွင် မကြာသေးမီကာလ အတွင်း အကြီးမားဆုံးဖြစ်ပေါ်ပြောင်း လဲမှုများကိုသိရှိနိုင်ခြင်း
(၄) သင်၏ လုပ်ငန်းအတွက် အွန်လိုင်းမာ့ကက်တင်း မည်သို့ပြုလုပ်ရမည်ကိုသိရှိလာနိုင်ခြင်း
(၅) နိုင်ငံတကာတွင် လုပ်ငန်းကွန်ယက်ဖြန့်ကျက်နိုင်ခြင်း အစရှိသည့် အကျိုးကျေးဇူးများရရှိလာနိုင်မည်ဖြစ်သည်။
ကွန်ဖရင့်ကိုဇွန်လ ၁၀ ရက် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိကျင်းပမည်ဖြစ်ပြီးအဆိုပါနေ့ ညနေ ၆ နာရီမှ ည ၁၀ နာရီ ၃၀ အထိ ၂၀၁၆ ဗီယက်နမ်အိမ်ခြံမြေဆုပေးပွဲနှင့် ညစာစားပွဲများကျင်းပမည် ဖြစ်သည်။
ယင်းကွန်ဖရင့်ကိုအာရှနာမည်ကျော် အိမ်ခြံမြေ၀က်ဘ်ဆိုက် တစ်ခုက ကမကထပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ကွန်ဖရင့်တွင် အရှေ့ တောင်အာရှအိမ်ခြံမြေဈေးကွက် များမှ ဆွေးနွေးသူအနည်းဆုံး ၂၅ ဦးတက်ရောက်ဆွေးနွေးကြဖွယ်ရှိသည်။
ကွန်ဖရင့်တက်ရောက်သူများအနေဖြင့် ဗီယက်နမ်အိမ်ခြံမြေလောကမှ အကြီးမားဆုံးပလေယာများ၊ ဗိသုကာ၊ ဒီဇိုင်း၊ ဆောက်လုပ်ရေး၊ လျှပ်စစ်၊ နည်းပညာ၊ ဈေးကွက်နှင့် မီဒီယာကြော်ငြာလောကမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံခွင့် ရနိုင်မည် ဖြစ်သည်။
ကွန်ဖရင့်သို့ ၀င်ကြေးမှာ တစ်ဦးလျှင် ကန်ဒေါ်လာ ၂၀၀ ဖြစ်သည်ဟုဆိုသည်။
iMyanmarHouse.com မှ စာရေးသားဆက် သွယ်မေးမြန်းရာတွင် ပြန်လည်ဖြေကြားခြင်းမရှိသေးချေ။
အသေးစိတ်အချက်အလက်များကို http://goo.gl/xYVyyz လင့်ခ်တွင် စာရေးသားဆက်သွယ် မေးမြန်းနိုင်ပါသည်။
တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းလိုပါက+66 – 22049541သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)