အိမ်ခြံမြေဈေးကွက်တွင် အပေါင်ဈေးကွက်တွင်ကျယ်လျက်ရှိ

အိမ်ခြံမြေဈေးကွက်တွင် အပေါင်ဈေးကွက်တွင်ကျယ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
19 May 2016 11:02 am တွင် တင်ခဲ့သည်
1960 ကြိမ် ကြည့်ရှု့ပြီး
ပြည်တွင်း အိမ်ခြံမြေဈေးကွက်တွင် အရောင်းအ၀ယ်ကျဆင်းလာနေသည့်အတွက် ငွေကြေး လည်ပတ်နိုင်စေရန် တိုက်ခန်း၊ ကွန်ဒို၊ အိမ်ခြံ မြေပေါင်နှံသုံးစွဲမှု ပိုမိုများပြားလာနေသည်ဟု မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှုအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးခင်မောင်သန်းက ပြောသည်။

"ကွန်ဒိုတွေ၊ လုံးချင်းတွေ အ၀ယ်မရှိပါ ဘူး၊ လောလောဆယ် အငှားဈေးကွက်ပဲ ရှိပါတယ်။ အငှားဈေးကွက်မှာလည်း ငှားချင်တဲ့ အိမ်ရှင်ကများပြီး ငှားမယ့်လူက မရှိတဲ့အတွက် အငှားဈေးတွေ ကျလာနေတယ်၊ အိမ်ခြံမြေ ဈေးကအေးပြီး အခုနောက်ပိုင်း ငွေကြေးလည် ပတ်ဖို့အတွက် အပေါင်ဈေးကွက် ပိုပြီးတွင် ကျယ်လာတယ်"ဟု ၎င်းက ပြောသည်။ မြန်မာနိုင်ငံပေါ် ဥရောပ သမဂ္ဂနှင့် အမေရိ ကန်အစိုးရများ၏ စီးပွားရေးအရ အရေးယူ ပိတ်ဆို့ထားမှုများကို ပယ်ဖျက်ရန် သို့မဟုတ် ဖြေလျော့လာနိုင်ခြင်း၊ အတည်ပြုပြ ဋ္ဌာန်းပြီးဖြစ် သည့် စုပေါင်းပိုင်အဆောက်အအုံ ဆိုင်ရာဥပဒေအတွက် နည်းဥပဒေများ ပေါ် ထွက်လာစေရန် ဆောင်ရွက်နေခြင်းတို့ ကြောင့် အိမ်ခြံမြေဈေးကွက် ပြန်လည်ကောင်း မွန်လာနိုင်သည့် အရိပ်လက္ခဏာများ ရှိနေသော်လည်း လတ်တလောငွေကြေးလည်ပတ်မှုအတွက် အိမ်ခြံမြေဈေးကွက်အတွင်း ပေါင်နှံမှု ပိုမိုများပြား လာခြင်းဖြစ်သည်ဟု ဦးခင်မောင်သန်းက ပြောသည်။

အိမ်ခြံမြေ၊ ကွန်ဒို၊ လုံးချင်းအိမ်ရာများ ထက် တိုက်ခန်းပေါင်နှံမှု ပိုမိုများပြားနေပြီး ပေါင်နှံလိုသည့် အဆောက်အအုံ၏ ပြင်ပ ပေါက်ဈေး၏ ထက်ဝက်ခန့်ကို အမြင့်ဆုံး ဈေးသတ်မှတ်ကာ ငွေရှင် များက ငွေထုတ်ချေး လျက်ရှိသည်ဟု သိရသည်။ "သိန်းတစ်ရာတန် တိုက်ခန်းပေါင် မယ်ဆိုရင် အပေါင်ခံထားတဲ့ သူက သိန်းငါးဆယ်ပဲအမြင့်ဆုံးထုတ်ပေး တယ်။ အရောင်းအ၀ယ်စာချုပ်ချုပ်ပြီး မြေရှင် အသိအမှတ်ပြု လက်မှတ်ရေးထိုးခိုင်းတယ်။ ပြန်ရွေးမယ်ဆိုရင် အရောင်းအ၀ယ်စာချုပ် ပြန်ချုပ်ပြီး ကိုယ့်အခန်းကိုယ်ပြန်ယူတဲ့ သဘောပဲ။ မြန်မာပြည် မှာက အပေါင်ကို အသိအမှတ် မပြုထားတဲ့အတွက် ဒီနည်းလမ်း ကို သုံးကြတာများတယ်။ အခုနောက်ပိုင်းမှာ တိုက်ခန်းပေါင် တာတွေ တော်တော်များ တယ်"ဟု မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှုအသင်းမှ အထွေထွေ အတွင်းရေးမှူး၊ ၀င်းရွှေဝါအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းပိုင်ရှင် ဒေါ်မို့မို့အောင်က ပြောသည်။

အိမ်ခြံမြေဈေးကွက်၏ သဘောသဘာဝ အရ အရောင်းအ၀ယ်အေးစက်မှုများ အချိန်ကြာလာသည်နှင့်အမျှ ငွေကြေးလိုအပ်သည့် မြေရှင်၊ ကန်ထရိုက်တာနှင့် တိုက်ခန်းပိုင်ရှင် များက မိမိတို့ပိုင်ဆိုင်သည့် အဆောက်အအုံ များကို နှစ်ဦးနှစ်ဖက် ညှိနှိုင်းသဘောတူထားသည့် အတိုးနှုန်းများဖြင့် ပေါင်နှံကြခြင်းဖြစ် ပြီး မြန်မာနိုင်ငံတွင် ဥပဒေအရပြင်ပပေါင်နှံ ခြင်းကို အသိအမှတ်ပြုထားခြင်း မရှိသည့်အတွက် ပေါင်နှံသည့်အဆောက်အအုံများကို အရောင်း အ၀ယ်စာချုပ်များ ချုပ်ဆိုကာ အပေါင်နှံနေကြရခြင်းဖြစ်သည်။

"အပေါင်ခံထားတဲ့ ငွေရှင်တွေကလည်း ပေါင်ထားတဲ့အခန်းမှာ လူစောင့်ထားလာကြတယ်၊ အခုနောက်ပိုင်း အိမ်ပေါ်မှာ လူနေပြီး ဂရန်ပဲပေါင်မယ်ဆိုရင် ဂရန်ပျောက်သွား တယ်ဆိုပြီး ပိုင်ရှင်က အသစ်ပြန်လျှောက်လို့ ပြဿနာတက်တာတွေ ရှိနိုင်လို့ ငွေရှင်ဘက် က အပေါင်ခံမယ်၊ လူဆင်း၊ သော့ခတ်လုပ်တာ က သေချာအောင်လုပ်တဲ့ သဘောပါ"ဟု ဒေါ်မို့မို့အောင်က ပြောသည်။

အိမ်ခြံမြေ ဈေးကွက်၏ သဘော သဘာဝ အရ အရောင်းအ၀ယ်အေးစက်မှုများ အချိန် ကြာလာသည်နှင့်အမျှ ငွေကြေးလိုအပ်သည့် မြေရှင်၊ ကန်ထရိုက်တာနှင့် တိုက်ခန်းပိုင်ရှင်များက မိမိတို့ပိုင်ဆိုင်သည့် အဆောက်အအုံ များကို နှစ်ဦးနှစ်ဖက် ညှိနှိုင်းသဘောတူထား သည့် အတိုးနှုန်းများဖြင့် ပေါင်နှံကြခြင်းဖြစ် သည်။ မြန်မာနိုင်ငံတွင် ပေါင်နှံခြင်းကို အသိ အမှတ်ပြု ထားခြင်း မရှိသည့်အတွက် မိမိပေါင်နှံ လိုသည့် အဆောက်အအုံများကို အရောင်း အ၀ယ် စာချုပ်များ ချုပ်ဆိုကာ အသိသက်သေ များ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးစေပြီး နှစ်ဦးနှစ်ဖက် နားလည်သဘောတူညီချက်များဖြင့် ပေါင်နှံနေကြရခြင်းဖြစ်သည်။

"ကျွန်မတို့ ဒဂုံဘက်မှာတော့ အခုနောက် ပိုင်းအရောင်း အ၀ယ် မကောင်းတော့ အိမ်ပေါင်တာတွေများပါတယ်၊ လူဆင်း၊ တံခါး ပိတ်၊ သော့ခတ်ရင် ငွေရှင်တွေက အပေါင်ခံပါတယ်။ ပေါက်ဈေးရဲ့ ထက်ဝက်လောက်ပဲ ငွေရှင်တွေက ငွေကို ထုတ်ပေးတယ်၊ လူမဆင်း ရင်တော့ အပေါင်မခံပါဘူး"ဟု အေးရိပ်စံ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ ဒေါ်နီလာ ကျော်က ပြောသည်။ အိမ်ခြံမြေ၊ တိုက်ခန်း၊ ကွန်ဒိုများကို အရောင်းအ၀ယ် ပြုလုပ်ရာတွင် အကျိုး ဆောင်ခအဖြစ် ကျပ်တစ်ရာလျှင် နှစ်ကျပ် နှုန်းသတ်မှတ် ရယူနေသော်လည်း အပေါင် လုပ်ငန်းတွင် အကျိုးဆောင်ခအဖြစ် မြေရှင် များက ငွေရှင်များထံသို့ လစဉ်ပေးရမည့် အတိုးငွေ၏ တစ်လစာကို ရယူဆောင်ရွက် ပေးလျက်ရှိသည်။

မြန်မာနိုင်ငံတွင် တိုက်ခန်းအိမ်ရာဥပဒေ ပေါ်ထွက်လာခြင်း မရှိသေးသည့်အတွက် ငွေကြေးလိုအပ် ပါက မိမိပိုင်တိုက်ခန်းများကို ပြင်ပငွေရှင်များထံမှ အတိုးနှုန်းကြီးမားစွာ ဖြင့်ပေါင်နှံနေကြရခြင်း ဖြစ်သည်။ တိုက်ခန်း အိမ်ရာဥပဒေ ထွတ်ပေါ်လာပါက ဘဏ်များ တွင် တိုက်ခန်းပိုင်ရှင်များက အတိုးနှုန်း သက်သက်သာသာဖြင့် သွားရောက်ပေါင်နှံ နိုင်မည်ဖြစ်သည့်အပြင် ဆောက်လုပ်ရေး လုပ်ငန်းများတွင် ဆောက်လုပ် ထားပြီးဖြစ်သည့် တိုက်ခန်းများကိုလည်း ကုမ္ပဏီများက ပြသကာ ဘဏ်များမှ အတိုးနှုန်းသက်သက် သာသာဖြင့် ငွေချေး ယူနိုင်သည့် အားသာချက် များကြောင့် ဆောက်လုပ်ရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်သည့်အပြင် အိမ်ခြံ မြေဈေးကွက်လည်း ပြန်လည်အားကောင်း လာနိုင်သည်ဟု မြန်မာနိုင်ငံဆောက်လုပ် ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းမှ နာယက ဦးခင်ရွှေက ပြောသည်။

Credit : Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service