နိုင်ငံတိုးတက်စေဖို့ လိုအပ်နေတဲ့ အရည်အသွေး စံချိန်စံညွှန်း

နိုင်ငံတိုးတက်စေဖို့ လိုအပ်နေတဲ့ အရည်အသွေး စံချိန်စံညွှန်း - Property News in Myanmar from iMyanmarHouse.com
19 May 2016 10:31 am တွင် တင်ခဲ့သည်
1294 ကြိမ် ကြည့်ရှု့ပြီး
စာရေးသူတို့ နိုင်ငံက နှစ်ပေါင်း(၅၀) ကျော်ကြာစစ်အာဏာ
ရှင် ပုံစံနဲ့ လွဲမှား တဲ့စီမံခန့်ခွဲမှုတွေက နေရာတိုင်းမှာ အရည် အသွေး စံချိန်စံညွှန်းတွေ ပြည့်မီမှုမရှိဘဲ ကိုယ်ကျိုးရှာ စီးပွားရေးပုံစံကို ကျင့်သုံး လုပ်ဆောင်ခဲ့ကြတာကြောင့် အပြစ်အနာ အဆာတွေနဲ့ ပျော့ကွက်ဟာကွက် ချို့ယွင်း မှုတွေ များစွာဖြစ်ပေါ်ခဲ့တယ်။ ငါဆိုတဲ့ အတ္တကို ရှေ့တန်းတင်ခဲ့ကြတာက နောက် လူတွေအတွက် စိတ်မကောင်းဖွယ်ရင်နင့် ဖွယ်ရာအဖြစ်ဆိုးတွေနဲ့ ကြုံတွေ့ရနိုင်တယ် ဆိုတာကို မတွေးကြဘဲ ငါကောင်းစားရင် ပြီးရော ငါ့မိသားစုတွေ ကောင်းစားရင်ပြီး ရော ငါ့ဆွေမျိုးတွေ ကောင်းစားရင်ပြီးရော ဆိုတဲ့ ငါတကောကောတဲ့ ၀ါဒကို ကျင့်သုံး ခဲ့ကြတယ်။

အခုရေးမယ့် ဆောက်လုပ်ရေးလုပ်ငန်း ဆိုရာမှာ လမ်းတွေ၊ တံတားတွေ၊ နေအိမ် တိုက်တာ အဆောက်အအုံတွေ အားလုံး ပါဝင်တာဖြစ်တယ်။ လွန်တဲ့နှစ်ပေါင်း (၂၀)လောက်က စာရေးသူက တောင်ဒဂုံ စက်မှုဇုန်က စက်ရုံတစ်ရုံမှာ အရည်အသွေး စံချိန်စံညွှန်းနဲ့ ပတ်သက်ပြီး သင်တန်းသွား ရောက် ပေးခဲ့ရဖူးတယ်။ အဲဒီမှာ စက်မှု ဇုန်အ၀င်လမ်းတွေက အင်္ဂတေလောင်းထား တဲ့ လမ်းတွေဖြစ်ပြီး အတွင်းပိုင်းမှာ အခံ အနေနဲ့ ကွန်ရက်လိုလုပ်ထားတဲ့ သံချောင်း တွေအပေါ် သတ်မှတ်ထားတဲ့ စံချိန်စံညွှန်း အတိုင်း ဘိလပ်မြေကို မသုံးဘဲ လျော့ပြီး အသုံးပြုခဲ့ကြတာကြောင့် သံချောင်းတွေ အပေါ်ကိုထိုးထိုးထောင်ထောင်ထွက်လာ နေတာကို
ကွေ့ပတ်မောင်းရတာကို ကြုံရဖူးတယ်။

တစ်ခါက ဆောက်လုပ်ရေးကန်ထရိုက် တာ တစ်ယောက်က သူကိုယ်တိုင်ကြုံတွေ့ ရတဲ့ အဖြစ်အပျက်တစ်ခုကို ပြောပြတယ်။ ဆောက်လုပ်ရေး
လုပ်ငန်းခွင်တစ်ခုမှာ သူက သတ်မှတ်ထားတဲ့ ဒီဇိုင်းအတိုင်း ဆောက်ထားတာကို တာဝန်ရှိသူအထက် ပုဂ်္ဂိုလ်တစ်ယောက်က ဒီအတိုင်း မကြိုက် ဘူး ပြန်ဖျက်ခိုင်းတော့ သူ့အနေနဲ့ ကုန်ကျ စရိတ်နှစ်ခါကုန်မယ့်ပုံစံဖြစ်သွားတယ်။ ဒါကို အထက်လူကြီးနဲ့ နီးစပ်သူက ကန် ထရိုက်တာကို အကြံပေးလိုက်တဲ့အတိုင်း ဆောင်ရွက်လိုက်တော့မှ ဒီအတိုင်းပဲ ဆက်ဆောက်ဖြစ်သွားခဲ့တယ်လို့ ဆိုတယ်။ စာဖတ်သူတွေ ဘာကြောင့် ဒီအတိုင်းဆက် ဆောက်သလဲဆိုတာက အဲဒီလူကို လာဘ် တင်လိုက်လို့ဖြစ်တယ်။

သဘောက ကန်ထရိုက်က သတ်မှတ် ချက်အတိုင်း ဆောက်လိုပေမယ့် ဟိုပေးရ ဒီပေးရတွေ လုပ်ရတော့ ရတာနဲ့ ကုန်တာ မမျှတာကြောင့် သူ့အတွက်လည်းကျန် အောင် အရည်အသွေး စံချိန်စံညွှန်းတွေ လျော့ချလိုက်ရတာတွေ များစွာရှိတယ်။ ဒါကြောင့် နေရာတိုင်းတွေ့နေရတဲ့ စာသား တွေမှာ လာဘ်ပေးရန် မလို ကနေ
လာဘ်ပေးကြ ရန်မလို ဖြစ်သွားတယ်။
လာဘ်မပေးရင်တော့ ရန်လိုမယ် သဘောဖြစ်တယ်။ စာရေးသူတို့ နိုင်ငံမှာ နှစ်ပေါင်း (၅၀)ကျော် ““လာဘ်ပေးရန် မလို””တွေဖြစ်ခဲ့တာကြောင့် လုပ်ငန်းနေရာ တိုင်းမှာ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်း အတိုင်း မဖြစ်ကြတော့တာဖြစ်တယ်။

နိုင်ငံတစ်နိုင်ငံတိုးတက်လာနိုင်စေဖို့ နေရာတိုင်းမှာ အရည်အသွေးစံချိန်စံညွှန်း တွေ လိုအပ်တယ်။ လူတစ်ဦးချင်းကနေစပြီး အဖွဲ့အစည်းတွေ နိုင်ငံအစိုးရတွေအထိ လိုအပ်တယ်။ လူတစ်ဦးချင်းစီမှာ အရည် အချင်းမရှိရင် တစ်ဦးချင်း မတိုးတက်နိုင် သလို အဖွဲ့အစည်းတွေမှာ အဲဒီလိုအရည် အချင်းမရှိသူတွေနဲ့ ပါဝင်ဖွဲ့စည်းထားရင် အဖွဲ့အစည်းလည်း ကောင်းမလာနိုင်ပါ။ အစိုးရတွေမှာလည်း အလားတူဖြစ်တယ်။

(၂၆-၁-၂၀၁၆) အင်္ဂါနေ့ထုတ် Tomorrow ဂျာနယ်မှာ အကောင်းဆုံး ဆောက်လုပ်ရေးလုပ်ငန်းအပန်းဖြေစခန်း၊ လက်လိုရောင်းချခြင်း၊ ပြုပြင်မွမ်းမံခြင်း နှင့် ၀န်ဆောင်မှု ပေးခြင်းစတဲ့ မတူညီတဲ့ ကဏ္ဍတစ်ခုချင်းစီအလိုက် အကောင်းဆုံး ဒီဇိုင်းဆုတွေ အကောင်းဆုံး ဆောက်လုပ် ရေး လုပ်ငန်းရှင်ဆုတွေ အကောင်းဆုံး ဆောက်လုပ်ရေးဆုတွေ ရွေးချယ်ချီးမြှင့် မယ်လို့ သိရတယ်။

အခုလို ကောင်းမွန်တဲ့ လုပ်ဆောင် ချက်တွေအတွက် ဆုပေးတာက လုပ်ဆောင် သူတွေရဲ့ လုပ်ဆောင်ချက်တွေ အရည် အသွေး စံချိန်စံညွှန်းကောင်းမွန်လာစေဖို့ ဖြစ်တဲ့အတွက်ကို ကြိုဆိုကြရမှာဖြစ်တယ်။စာရေးသူတို့နိုင်ငံက ၁၉၉၇ ခုနှစ်မှာအရှေ့ တောင်အာရှ (၁၀)နိုင်ငံမှာ အဖွဲ့ဝင်ဖြစ်လာ ခဲ့တယ်။ အဲဒီနှစ်မှာပဲ ASEAN Free Trade (AFTA) လို့ ခေါ်တဲ့ အာဆီယံ (၁၀)နိုင်ငံ အတွင်း လွတ်လပ်တဲ့ ကုန်သွယ်မှု ဧရိယာ ထူထောင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါကို ကြို တင်ပြင်ဆင်နိုင်စေဖို့ စာရေးသူအနေနဲ့ ထုတ်ကုန်ပစ်္စည်းတွေ အရည်အသွေးကောင်း မွန်လာနိုင်စေမယ့် အရည်အသွေးပြည့် စီမံခန့်ခွဲမှုသဘောတရားတွေ၊ နိုင်ငံတကာ အရည်အသွေးစံချိန်စံညွှန်းသဘောတရား တွေကို စက်မှုဇုန်တွေမှာ ဟောပြောပေး ခဲ့တယ်။ သို့ပေမယ့် နိုင်ငံတော်ကနေ ဦးဆောင်ဦးရွက်မပြုနိုင်ခဲ့တာကြောင့် ဒီကနေ့ AFTA ကို ASEAN Economic Community (AEC) အသွင်ပြောင်းပြီးသည့် တိုင် စာရေးသူတို့ နိုင်ငံမှာ အရည်အသွေး စံချိန်စံညွှန်းနဲ့ ပတ်သက်တဲ့ လုပ်ဆောင် ချက်တွေ ပီပီပြင်ပြင် ဆောင်ရွက်မှုမတွေ့ ရှိရသေးပါ။ ယခင်အုပ်ချုပ်ခဲ့သူတွေက တစ်ဦးချင်းရဲ့ အရည်အသွေးတွေ နိမ့်ကျ အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ ကြတယ်။ အဓိကကတော့ နိုင်ငံသားတွေ အသိညဏ်ပညာလျော့နည်းလေ သူတို့ ကြာရှည်စွာ အုပ်ချုပ်နိုင်စေဖို့ဆိုတဲ့ ရည် ရွယ်ချက်ဖြစ်တယ်။


မိမိနိုင်ငံအတွက် မကောင်းတဲ့ ရည် ရွယ်ချက်တွေနဲ့ မကောင်းတဲ့ လုပ်ဆောင် ချက်တွေကို လုပ်ဆောင်ခဲ့ကြတာဖြစ်တယ်။ အဲဒီလို လုပ်ဆောင်ခဲ့ကြသူတွေ နဖူးပေါ် လက်တင်ပြန်စဉ်းစားကြည့်ကြပါ။ ဒီလိုလုပ် ဆောင်မှုတွေက မိမိအတွက် လူနည်းစုတွေ အတွက်ကောင်းစေမယ့် နိုင်ငံသားအများစု အတွက် အကျိုးမရှိဘူးဆိုတာ သိရှိနား လည်သဘောပေါက်စေလိုတယ်။ မိမိကြောင့် မိမိနိုင်ငံသားတွေအတိဒုက္ခရောက်တာက မြင်ကောင်းတဲ့အရာမဟုတ်ပါ။ အဆောက် အအုံစံချိန်စံညွှန်းတွေ မကောင်းတဲ့အတွက် အကယ်၍သာ ၁၉၄၀ ခုနှစ်က လှုပ်ခဲ့ပြီး နောက်တစ်ကြိမ် ပြန်လာမယ့် စစ်ကိုင်း ပြတ်ရွေ့သာ အဆင့် (၆) အထက် လှုပ်ရှား ခဲ့မယ်ဆိုရင် အရည်အသွေး စံချိန်စံညွှန်း မမီတဲ့ တိုက်တာ အဆောက်အအုံတွေ ပျက်စီးကြရမှာဖြစ်သလို လူတွေလည်း သေကြေပျက်စီးနိုင်တယ်။ ဒီအတွက်ကြောင့် ပြင်ဆင်မှုတွေ လုပ်ဆောင်ထားကြရမှာ ဖြစ်တယ်။ နာဂစ်မှာ သက်ဆိုင်ရာ ပုဂ်္ဂိုလ် တင်ပြခဲ့တာကို အကောင်အထည်ဖော် လုပ်ဆောင်ပေးမှုမရှိခဲ့တာကြောင့် နိုင်ငံ သားတစ်သိန်းကျော် အသက်ဆုံးရှုံးခဲ့ကြ ရတယ်။ ဒါတွေက သင်ခန်းစာတွေဖြစ် တယ်။ မိမိနိုင်ငံသားတွေအတွက် ဘယ် လိုဘေးအန္တရာယ်တွေ ကျရောက်လာရင် ဘယ်လိုကြိုတင်ကာကွယ်မှုတွေ လုပ်ကြရ မယ်ဆိုတာ အသိပေးမှုတွေ လုပ်ကြရ မယ်။ နိုင်ငံအုပ်ချုပ်သူတွေက နိုင်ငံသား တွေရဲ့ မိဘသဖွယ် ကာကွယ်စောင့်ရှောက် ပေးကြရမယ့် တာဝန်ရှိသူတွေ ဖြစ်တယ်။

ငါနဲ့မဆိုင်တာမျိုးမလုပ်ဆောင်ကြဘဲ နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ အရေးကိစ်္စမှန် သမျှတွေက နိုင်ငံကို ယာယီတာဝန်ယူ အုပ်ချုပ်ကြရမယ့် အစိုးရတွေရဲ့တာဝန်ဖြစ် ပါတယ်။ အမှန်က မှန်တာလုပ်၊ ဟုတ် တော ပြောကြရမှာက အုပ်ချုပ်သူတွေရဲ့ တာဝန် ဖြစ်တယ်။ ပွင့်လင်းမြင်သာမှု အရာရာတိုင်းမှာ ရှိကြရမှာဖြစ်တယ်။

စာရေးသူအနေနဲ့ အပြစ်လို့မြင်ပြီး ရေးတာမျိုးမဟုတ်ဘဲ မိမိလုပ်ဆောင် ချက်မှားရင် မိမိနိုင်ငံသားတွေကို အမှား တွေ ၀န်ခံရဲကြရမှာဖြစ်တယ်။ ရိုးသားပွင့် လင်းမှုကို ရှေ့တန်းတင်နိုင်ကြရမှာဖြစ် တယ်။ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အပါ အ၀င်လုပ်ငန်းနေရာတိုင်းမှာ မိမိ နိုင်ငံတိုးတက်စေဖို့ တစ်ဦးချင်းရဲ့ ဘ၀ အရည်အသွေးတွေ တိုးတက်မြင့်မားလာ စေဖို့ အရည်အသွေး စံချိန်စံညွှန်းတွေ အတိုင်းဖြစ်လာစေဖို့ လိုအပ်မှာဖြစ် ကြောင်းပါ။ ။

ဦးငွေသိန်း မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service