ကမ္ဘာကျော်တေးဂီတ၀ိုင်းများမှ ဂီတပညာရှင်များ၊ အဆိုတော်များကို နိုင်ငံတကာပရိသတ်ကတွေ့မြင်လေ့ရှိသည်မှာစင်မြင့်ပေါ်တွင်သာ ဖြစ်ကြပြီး ၎င်းတို့၏ အိမ်တွင်းနေ ထိုင်မှု ဘ၀ပုံစံကို တွေ့မြင် သိရှိခြင်းနည်းပါးလှသည်။
အောက်ပါဓာတ်ပုံတို့မှာကမ္ဘာကျော်ဂီတအနုပညာရှင်များ ၎င်းတို့၏ နေအိမ်များအတွင်း ရိုက်ကူးထားခဲ့သည့် သမိုင်းဝင်ဓာတ်ပုံ အချို့ ဖြစ်ပါသည်။
(ပုံ-၁) ရော့ခ်အင်ရိုးဘုရင်ကြီးအဲလ်ဗစ် ပရက်စလေသည် အမေရိကန်ပြည်ထောင်စု၊ တင်နက်ဆီပြည်နယ်၊ မန်းဖစ်မြို့ ရှိဂရေ့ စ်လန်းနေအိမ်ကြီးတွင် သမီးဖြစ်သူ လီဆာမာရီပရက်စလေနှင့် ရိုက်ကူးထားသည့် ရှားပါးဓာတ်ပုံဖြစ်သည်။ အဆိုပါနေအိမ်ကြီးရှိပရက်စလေအထိမ်းအမှတ်ဥယျာဉ်တွင် ပရက်စလေနှင့်မိသားစုများကို မြှုပ်နှံထားသည်။ ယင်းနေအိမ်အတွင်းဂစ်တာပုံရေကူးကန်ကြီးတစ်ခုလည်း ပါဝင်သည်။
(ပုံ-၂) အင်္ဂလိပ်အဆိုတော် ဒေးဗစ်ဘိုဝီသည် ၁၉၇၂ ခုနှစ်၊ ဧပြီလ ၂၅ ရက်တွင် လန်ဒန်အရှေ့ တောင်ဘက် ဘက်ကင်ဟမ်ရှိ ၎င်း၏ နေအိမ်တွင် ဆေးသုတ်နေ သည့်ပုံ ဖြစ်သည်။
(ပုံ-၃) ကမ္ဘာကျော်ဟဲဗီးမက်တယ် အဆိုတော် ကြီးအော်ဇီအော့စ်ဘွန်း သည် ၁၉၈၀ ပြည့်လွန် ကာလများအတွင်း ၎င်း၏နေအိမ်တွင် သမီးဖြစ်သူနှင့်အတူ ရိုက်ကူးထားသည့် ဓာတ်ပုံဖြစ်သည်။ ဓာတ်ပုံရိုက်ကူးခဲ့သူမှာအင်ဒီအားလ် ဖြစ်သည်။
(ပုံ-၄) ကမ္ဘာကျော် The Beatles အဖွဲ့ကြီးမှ ရှေ့ ထွက်အဆိုတော် ဂျွန်လင်နွန်သည် အင်္ဂလန်နိုင်ငံ၊ ဝေးဘရစ်ဂ်ျမြို့ ရှိ ကန်ဝုဒ်နေအိမ်ကြီးတွင် ၁၉၆၄ ခုနှစ်အတွင်း ၎င်း၏ပထမဇနီးစင်သီယာ၊ သားဖြစ်သူ ဂျူလီယန်တို့နှင့် ရိုက်ကူးခဲ့သောဓာတ်ပုံဖြစ်သည်။
ဂျွန်လင်နွန်သည် အဆိုပါနေအိမ်ကို ၁၉၆၄ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်တွင် စတာလင်ပေါင် ၂၀၀၀၀ ဖြင့် ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။
(ပုံ-၅) အမေရိကန်ဟဲဗီးမက်တယ်အဆိုတော် ဒိုင်အိုသည် ၁၉၈၇ ခုနှစ်၊ ဇူလိုင်လအတွင်းအမေရိကန်ပြည်ထောင်စုရှိ ၎င်း၏နေအိမ်တွင် ရိုက်ကူးခဲ့သောဓာတ်ပုံဖြစ်သည်။ ဒိုင်အိုသည် ဖွဲ့စည်းတည်ထောင်ခဲ့သော၊ ရှေ့ ထွက်အဆိုတော်လုပ်ခဲ့သော တေးဂီတ၀ိုင်းအများအပြားရှိရာ Rainbow၊ Black Sabbath နှင့် Dioတို့မှာကျော်ကြားသည်။ အဆိုပါဓာတ်ပုံရိုက်ကူးပေးခဲ့သူမှာ မာ့ခ်ဝိုက်ဇ် ဖြစ်သည်။
(ပုံ-၆) ကမ္ဘာကျော်ရော့ခ်ဂီတအဖွဲ့ကြီးLed Zeppelin မှ ရှေ့ ထွက်အဆိုတော် ရောဘတ်ပလန့်သည် အင်္ဂလန်နိုင်ငံ၊ ဝေလပြည်ရှိ နေအိမ်အနီးကွင်းပြင်တစ်ခုအတွင်းမိသားစုနှင့်အတူလမ်းလျှောက်ထွက်နေသည့် ရှားပါးဓာတ်ပုံဖြစ်သည်။ ဓာတ်ပုံရိုက်ကူးခဲ့သောနေ့ရက်မှာ ၁၉၇၆ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက် ဖြစ်သည်။ ဟဲဗီးမက်တယ်မဂ္ဂဇင်းHit Parader က ရောဘတ်ပလန့်ကို ထာဝရအကောင်းဆုံးဟဲဗီးမက်တယ်အဆိုရှင်အဖြစ် ၂၀၀၆ ခုနှစ်တွင် ဖော်ပြခဲ့သည်။ Rolling Stoneမဂ္ဂဇင်းကြီးကလည်း ထာဝရအကောင်းဆုံးအဆိုတော် ၁၀၀ စာရင်းတွင် ရောဘတ်ပလန့်ကိုနံပါတ် ၁၅ နေရာတွင် ၂၀၀၈ ခုနှစ်၌ ဖော်ပြခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)