ညွှန်ကြားချက်ဖြင့် စီမံခန့်ခွဲနေရ၍ စက်မှုဇုန်များ စနစ်တကျမရှိဖြစ်နေဟုဆို

ညွှန်ကြားချက်ဖြင့် စီမံခန့်ခွဲနေရ၍ စက်မှုဇုန်များ စနစ်တကျမရှိဖြစ်နေဟုဆို - Property News in Myanmar from iMyanmarHouse.com
19 May 2016 10:17 am တွင် တင်ခဲ့သည်
1017 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ရှိ စက်မှုဇုန် ၂၉ ခုကို စီမံခန့်ခွဲရန် ၁၉၉၇ က မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနက ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်တစ်ခုဖြင့် စီမံခန့်ခွဲနေရ၍ အရာရာ စနစ်တကျ မရှိဖြစ်နေကြောင်း စက်မှုဇုန်ဥက္ကဋ္ဌများကပြောသည်။

‘‘စက်မှုဇုန်တွေမှာ မြေကွက်လပ်တွေက စက်မှုလုပ်ငန်းဖွံ့ဖြိုးမှုကို ထိခိုက်တယ်ဆိုတာ တစ်စိတ်တစ်ပိုင်းမှန်ပါတယ်။ ဒါပေမဲ့ ဒီဇုန်တွေကို စီမံခန့်ခွဲဖို့ဌာနဆိုင်ရာတစ်ခုရဲ့ အနိမ့်ဆုံးဖြစ်တဲ့ မခိုင်မမာ ပျော့တိပျော့ဖတ် ညွှန်ကြားလွှာလေးနဲ့ စီမံခန့်ခွဲနေရတယ်ဆိုတာလည်း မမေ့ကြဖို့လိုပါတယ်’’ ဟု တောင်ဒဂုံစက်မှုဇုန်(၂) စီမံခန့်ခွဲမှုဥက္ကဋ္ဌ ဦးဝင်းနိုင်ကပြောသည်။

စည်းမျဉ်းစည်းကမ်း ခိုင်မာမှုမရှိဘဲ စီမံခန့်ခွဲနေရခြင်းကြောင့် စက်မှုဇုန်များတွင် လမ်းပန်းဆက်သွယ်ရေး၊ အခြေခံအဆောက်အအုံ၊ ရေမီးလိုအပ်ချက်များ အမြောက်အမြား ဖြစ်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။ အဆိုပါ ညွှန်ကြားချက်တစ်ခုတည်းဖြင့် စက်မှုဇုန်ဥက္ကဋ္ဌများသည် ရေဆိုးစွန့်ပစ်ခြင်းနှင့် အမှိုက်စွန့်ပစ်ခြင်းများ ကိုင်တွယ်ရသည်မှာ အခက်အခဲများရှိကြောင်း ဦးဝင်းနိုင်ကပြောသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းစက်မှုဇုန်များကို ၁၉၉၂ နှင့် ၁၉၉၆ တွင် စတင်တည်ထောင်ခဲ့ ပြီး အထူးစီးပွားရေးဇုန်များအတွက် ဥပဒေများထွက်လာသော်လည်း ပြည်တွင်းစက်မှုဇုန်များအတွက် တိကျခိုင်မာသော ဥပဒေများ မရှိသေးပေ။

လက်ရှိအစိုးရသစ်သို့ စက်မှုဇုန်များ ဖွံ့ဖြိုးရေးအတွက် စက်မှုကုန်ထုတ်လုပ်သူများ အသင်းက အကြံပြုချက်များ တင်ပြရန် စီစဉ်ထားသည်။ လက်ရှိအစိုးရသစ် ရက်တစ်ရာစီမံကိန်းတွင် စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် မည်သည့်လုပ်ငန်းမှ မပါဝင်သေးကြောင်း အဆိုပါအသင်းဥက္ကဋ္ဌ ဦးဇော်မင်းဝင်းကပြောသည်။

စက်မှုဇုန်များနှင့် ပတ်သက်သည့် ဥပဒေထွက်ပေါ်လာရေးအတွက် စက်မှုကုန်ထုတ်လုပ်သူများအသင်းများ ဦးဆောင်၍ ဥပဒေကြမ်းရေးဆွဲနေပြီး ယခုအချိန်တွင် တတိယအကြိမ် မူကြမ်းရေးဆွဲပြီးဖြစ်ကြောင်း စက်မှုဇုန်ဥက္ကဋ္ဌများကဆိုသည်။

‘‘အခုဥပဒေဆွဲတာ အထူးစီးပွားရေးတွေ လိုချင်လို့မဟုတ်ပါဘူး။ ဒါပေမဲ့ တိကျသေချာတဲ့ ဥပဒေတစ်ခုတော့ လိုအပ်နေပါတယ်။ အခုဥပဒေတွေ တိတိကျကျမရှိတော့ နိုင်ငံခြားသားတွေ မလာချင်ကြဘူး’’ဟု စက်မှုဇုန် ဥက္ကဋ္ဌတစ်ဦးကပြောသည်။

ရန်ကုန်မြို့တွင် စက်မှုဇုန်များနှင့် ပတ်လည်ဝန်းရံနေကြောင်း၊ ထို့ကြောင့် မြို့တော်၏ လုံခြုံရေးနှင့် သာယာရေးအတွက် စနစ်တကျမရှိသော စက်မှုဇုန်များကို တိတိကျကျ ကိုင်တွယ်သင့်ကြောင်း ဦးဇော်မင်းဝင်းက ပြောသည်။

Credit : 7Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service