အမေရိကန်အခြေစိုက် ကမ္ဘာကျော် hard rock တေးဂီတ၀ိုင်းကြီးဖြစ်သောGuns N' Roses မှ ဂစ်တာသူရဲကောင်းဆလက်ရှ်၏ နေအိမ်ရောင်းချ မည်ဖြစ်ကြောင်းလော့စ်အိန်ဂျလိအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
Guns N' Rosesရော့ခ်ဂီတအဖွဲ့ကြီး ကိုအမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိတွင် ၁၉၈၅ ခုနှစ်၌ စတင်ဖွဲ့စည်းခဲ့သည်။
ရှေ့ ထွက်အဆိုတော်- အိတ်ဇယ်ရို့ စ်၊ လိဒ်ဂစ်တာ- ဆလက်ရှ်၊ ရစ်သမ်ဂစ်တာ -အစ်ဇီစထရက်ဒ်လင်း၊ ဘေ့စ်ဂစ်တာ -ဒပ်ဖ်မက်ကာဂန်၊ ဒရမ်-စတီဗင် အက်ဒ်လာတို့ဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင်မူပလေယာဖွဲ့စည်းပုံပြောင်းလဲသွားပြီးလက်ရှိ ပါဝင်သူများမှာ အိတ်ဇယ်ရို့ စ်၊ ဆလက်ရှ်၊ မက်ကာဂန်တို့အပြင် ကီးဘုတ် ဒစ်ဇီရိဒ် နှင့်မယ်လစ်ဇာရီစီ၊ ဂစ်တာသမားရစ်ချတ်ဖော်တပ်စ်တို့ အားဖြည့်ပါဝင်လာပြီး ဒရမ်သမားနေရာတွင် ဖရန့်ခ် ဖာရာအစားထိုး ၀င်ရောက်လာသည်ကို တွေ့ရသည်။
Guns N' Rosesသည် ကမ္ဘာတစ်လွှားတွင် မသိသူမရှိလောက်အောင် နာမည်ကျော်ကြားလှသော်လည်းထုတ်လုပ်ခဲ့သည့် တေးအယ်လ်ဘမ်မှာ ၆ ခုသာရှိခဲ့သည်။
Guns N' Roses ၏ တေးအယ်လ်ဘမ်များသည် ကမ္ဘာတစ်ဝန်းတွင် အချပ်ရေပေါင်းသန်း ၁၀၀ ကျော် ရောင်းချခဲ့ရပြီးဖြစ်ကာအမေရိကန်ပြည်ထောင်စုတစ်ခုတည်းတွင် ချပ်ရေ ၄၅ သန်းကျော် ရောင်းချခဲ့ရသည်။
သမိုင်းတစ်လျှောက်အရောင်းရဆုံး တေးဂီတ၀ိုင်းများတွင် Guns N' Rosesလည်း အပါအ၀င် ဖြစ်သည်။
Guns N' Rosesအဖွဲ့ကြီးရရှိခဲ့သည့် ဂီတဆိုင်ရာဆုများမှာ
(၁)အမေရိကန်ဂီတဆု
၁၉၈၉- အကောင်းဆုံးပေါ့ပ်/ရော့ခ်ဆင်ဂယ်-"Sweet Child o' Mine"
၁၉၉၀-အကောင်းဆုံး ဟဲဗီးမက်တယ်/ဟာ့ဒ်ရော့ခ်ဂီတ၀ိုင်း
၁၉၉၀-အကောင်းဆုံး ဟဲဗီးမက်တယ်/ဟာ့ဒ်ရော့ခ်တေးအယ်လ်ဘမ်-Appetite for Destruction
၁၉၉၂-အကောင်းဆုံး ဟဲဗီးမက်တယ်/ဟာ့ဒ်ရော့ခ်တေးဂီတ၀ိုင်း
(၂)ဂီတဗီဒီယိုဆု
၁၉၈၈- အကောင်းဆုံးအနုပညာရှင်သစ်- "Welcome to the Jungle"
၁၉၈၉-အကောင်းဆုံးဟဲဗီးမက်တယ်ဗီဒီယို-"Sweet Child o' Mine"
၁၉၉၂-အကောင်းဆုံးဓာတ်ပုံ- "November Rain"
(၃)ကမ္ဘာ့ဂီတဆုများ
၁၉၉၃-ကမ္ဘာ့အရောင်းရဆုံး ဟာ့ဒ်ရော့ဂီတ၀ိုင်း
၁၉၉၃-ကမ္ဘာ့အကောင်းဆုံး တေးဂီတ၀ိုင်း
Guns N' Rosesအဖွဲ့ကြီးမှ ဂီတသူရဲကောင်းဆလက်ရှ်၏ ရောင်းချမည့်နေအိမ်မှာလော့စ်အိန်ဂျလိမြို့ တော်၊ ဘီဗာလီဟေးလ်တွင် ဖြစ်သည်။
အဆိုပါနေအိမ်ကိုယခင်နှစ်နွေရာသီကတည်းကအရောင်းဈေးကွက်သို့ တင်ပို့ခဲ့ခြင်းဖြစ်ပြီးယခင်ကကန်ဒေါ်လာ ၁၀ ဒသမ ၉ သန်းဈေးခေါ်ခဲ့သည်။
ယခုအခါတွင်မူဒေါ်လာ ၅ သိန်းခန့် ဈေးလျှော့လိုက်ပြီး ၁၀ ဒသမ ၄ သန်းလျှော့ချဈေးခေါ်ထားသည်ကိုတွေ့ရသည်။
ဆလက်ရှ်သည် အဆိုပါနေအိမ်ကို ၂၀၀၉ ခုနှစ်တွင် ကန်ဒေါ်လာ ၇ ဒသမ ၃ သန်းဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်သည်။
နေအိမ်မှာ ကျယ်ကျယ်ဝန်းဝန်းရှိပြီး စတုရန်းပေ ၁၁၀၀၀ ခန့် ကျယ်ဝန်းသည်။
မီးဖိုဆောင်တွင် မီးဖိုဆောင်ပစ္စည်းအစုံအလင် ထည့်သွင်းပေးထားပြီးထမင်းစားခန်းကိုလည်းလှပစွာမွမ်းမံပေးထားသည်။
နိုက်ကလပ်အသွင် ခန်းမတစ်ခုပါဝင်ပြီးအရက်ဘားနှင့် ဒီဂျေစက်တို့လည်းတပ်ဆင်ပေးထားသည်။
နေအိမ်ခြံဝန်းအတွင်း ၃၆ ပေအလျားရှိစကိတ်ကွင်း၊ အော်ဂဲနစ်ဟင်းသီးဟင်းရွက်ဥယျာဉ်နှင့် ရေကူးကန်တို့ ပါဝင်သည်။
ယခုနေအိမ်ကို ပြန်လည်ရောင်းချခြင်းမှာဇနီးဖြစ်သူပါလာဖာရာနှင့် ကွာရှင်းပြတ်စဲခဲ့ခြင်းကြောင့်ဖြစ်သည် ဟူသောကောလာဟလများလည်းရှိသည်။
လာမည့် ဇွန်လ ၂၃ ရက်တွင် Guns N' Roses ပြန်လည်ပေါင်းထုပ်သည့် ဂီတဖျော်ဖြေပွဲများကိုအမေရိကန်နိုင်ငံတစ်ဝန်း ကျင်းပသွားမည်ဖြစ်ရာအဆိုပါဖျော်ဖြေပွဲများတွင် ဆလက်ရှ်လည်း ပါဝင်မည် ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)