ရှန်ဟိုင်းတွင် အစိုးရမတည်သည့် တန်ဖိုးနည်းအိမ်ရာ များမှအပ ရောင်းချရသည့် အိမ်သစ်ဧရိ
ယာသည် မေ ၁၅ ရက်တွင် ကုန်ဆုံးခဲ့သည့် သီတင်းပတ်အတွင်း စတုရန်းမီတာ ၁၈၃,၀၀၀
ရှိခဲ့ပြီး ယင်းမတိုင်မီ သီတင်းပတ်ကထက် ၁၃ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
ထို မေ ၁၅ ရက်တွင် အဆုံးသတ်ခဲ့သည့် သီတင်းပတ်အတွင်း အိမ်ခန်း သစ် ၁ ခန်း၏ ပျှမ်းမျှ
ရောင်းဈေးမှာ ၁ စတုရန်းမီတာလျှင် ၃၆,၂၃၃ ယွမ်(၅,၅၅၅ အမေရိကန်ဒေါ်လာ) ရှိခဲ့ပြီး
၁၀ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ ယင်းမတိုင်မီ သီတင်းပတ်က ပျှမ်းမျှရောင်းဈေးမှာ
ယွမ် ၄၀,၀၀၀ ကျော်ခဲ့ပြီး ဈေးနှုန်းစံချိန်တင်မြင့်မားခဲ့သည်။
"ယခုနောက်ဆုံး မတ်လက စည်းမျဉ်းတင်းကျပ်လိုက် ကတည်းက ရောင်းလိုအား-၀ယ်လိုအား အခြေအနေဟာ လည်း တဖြည်းဖြည်းပြောင်းလဲလားနေပါတယ်" ဟု အထက်ပါအချက်အ လက်များကို ထုတ်ပြန်ခဲ့ သည့် Shanghai Centaline အိမ်ခြံမြေအတိုင်ပင်လုပ်ငန်း၏ အကြီးတန်းသုတေသနမန်နေဂျာ လူဝိန့်ရှီ က ပြောကြားခဲ့သည်။
ထိုသီတင်းပတ်အတွင်း အိမ်သစ်ရောင်းအား ၂၆၄,၀၀၀ စတုရန်းမီတာရှိခဲ့ပြီး ယင်းမတိုင်မီ
သီတင်းပတ်ကထက် ၂၃ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
ယင်းအိမ်သစ်များအနက် ၅၈ ရာခိုင်နှုန်းက ၁ စတုရန်းမီတာလျှင် ယွမ် ၃၀,၀၀၀ အောက်နှင့်
ရောင်းချခဲ့ခြင်းဖြစ်ပြီး အကောင်းဆုံးပရောဂျက် ၁၀ ခုတွင် ၂ ခုက ၁ စတုရန်းမီတာလျှင်
ယွမ် ၇၀,၀၀၀ ကျော်ဖြင့် ရောင်းချခဲ့ရသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)