တရုတ်ပြည်မကြီးရှိ ၀ယ်လက်များသည် ဖူးခက်သို့ အလုံးအရင်းဝင်ရောက်လာဖွယ်ရှိသည်ဟု တရုတ်နိုင်ငံ၏ အကြီးမားဆုံးအိမ်ခြံမြေ၀က်ဘ်ဆိုက် Juwai.com က ဟောကိန်းထုတ်လိုက်သည်ဟုဘန်ကောက်အခြေစိုက် အိမ်ခြံမြေသတင်း ၀က်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
“ပြီးခဲ့တဲ့ ၁၂ လုံးဖူးခက်အိမ်ခြံမြေဈေးကွက်အပေါ် တရုတ်ရဲ့ စိတ်ဝင်စားမှု အခိုင်အမာရှိခဲ့တယ်။ ဒီအခြေအနေက ပြီးခဲ့တဲ့ နှစ်အနည်းငယ်လောက်မှ စတွေ့လာရတာဖြစ်ပါတယ်။
ဒါကြောင့် ဖူးခက်အိမ်ခြံမြေလောကအနေနဲ့ တရုတ်ဝယ်လက်တွေ ရဲ့  ရင်းနှီးမြှုပ်နှံမှု လက်လွတ်မသွားအောင် ဒီအခြေအနေမှာ အမိအရကြိုးပမ်းသင့်တယ်”ဟုJuwai.com ၏ အမှုဆောင်အရာရှိချုပ် ချားလ်စ် ပီတာကပြောကြားသည်။
မကြာသေးမီနှစ်များအတွင်း ပြည်ပအိမ်ခြံမြေဈေးကွက်များ တွင် တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှုများ အထင်အရှားမြင့်တက် လာခဲ့ရာ ၂၀၁၀ ခုနှစ်တွင် ကန်ဒေါ်လာ ၅ ဘီလီယံသာရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် ကန်ဒေါ်လာ ၅၂ ဘီလီယံအထိရောက်ရှိလာခဲ့သည်။
ယခုဆယ်စုနှစ်ကုန်လျှင် ကန်ဒေါ်လာ ၂၂၀ ဘီလီယံအထိဆက်လက်မြင့်တက်လာဖွယ်ရှိကြောင်းလည်းခန့်မှန်းကြသည်။ “ပြည်ပမှာအိမ်ခြံမြေမ၀ယ်ကြသေးတဲ့ တရုတ်ဝယ်လက်တွေကိုလည်း လာမယ့်နှစ်အနည်းငယ် အတွင်း ဈေးကွက်ထဲဝင်လာတာ တွေ့မြင်ရဖို့ ရှိနေတယ်။
developerတွေ အနေနဲ့ ဒီလိုဝယ်လက်တွေကို အကူအညီပေးဖို့ ကြိုးပမ်းရမှာဖြစ်ပါတယ်။
တရုတ်ဝယ်လက်အများစုဟာ ရင်းနှီးမြှုပ်နှံရေးစိတ်ရှိသူတွေ ဖြစ်ကြပါတယ်။
သူတို့ရဲ့  ထိပ်တန်းဦးစားပေး ၃ ခုကရင်းနှီးမြှုပ်နှံ တာမျိုးဖြစ်ရမယ်၊ စီမံခန့်ခွဲဖို့ လွယ်ရမယ်၊ အဆောက်အအုံအရည်အသွေးနဲ့ ပတ်ဝန်းကျင် အစရှိတဲ့ ၃ မျိုးပါပဲ”ဟုချားလ်စ် ပီတာကပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)