အမေရိကန်သမ္မတလောင်းဒေါ်နယ်ထရမ့်၏ နေအိမ်ရောင်းချမည်

အမေရိကန်သမ္မတလောင်းဒေါ်နယ်ထရမ့်၏ နေအိမ်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
17 May 2016 11:47 am တွင် တင်ခဲ့သည်
1716 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်သမ္မတလောင်းတစ်ဦးဖြစ်သောကမ္ဘာကျော် သူဌေးကြီးဒေါ်နယ်ထရမ့်ပိုင်ဆိုင်သည့် ကွန်နက်တီကပ်ပြည်နယ်ရှိနေအိမ် အရောင်းဈေးကွက်သို့ ရောက်ရှိလာကြောင်းအမေရိကန် အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။

ယင်းနေအိမ်သည် အရောင်းဈေးကွက်သို့ စတင်ရောက်ရှိလာချိန်တွင် ခေါ်ဈေးမှာကန်ဒေါ်လာ ၅၄ သန်းဖြစ်ပြီးယခုအခါ ၄၅ သန်းသို့ ဈေးချလိုက်သည်ကိုတွေ့ရသည်။
ဒေါ်နယ်ထရမ့်၏ ဖခင်မှာနယူးယောက်အခြေစိုက် အိမ်ခြံမြေ developer တစ်ဦးဖြစ်သူဖရက်ထရမ့်ဖြစ်သည်။
ဒေါ်နယ်ထရမ့်ကို ၁၉၄၆ ခုနှစ် ဇွန်လ ၁၄ ရက်တွင် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်တွင် ဖွားမြင်သည်။

ဒေါ်နယ်ထရမ့်သည် အမေရိကန်သမ္မတရွေးကောက်ပွဲသို့ အခြေအတင်ဖြစ်ဖွယ်ရာ အဆိုပြုချက် ၂ ခုဖြင့် ၀င်ရောက်လာခဲ့သည်။

၎င်း၏ ပထမအဆိုမှာအမေရိကန်-မက္ကဆီကိုနယ်စပ်တွင် တံတိုင်းခတ်ရန်နှင့် အမေရိကန်ပြည်တွင်းသို့ တရားမ၀င်ရောက်ရှိနေသူ ၁၁ သန်းကိုနေရပ်ပြန်ပို့ရန် အဆိုများ ဖြစ်သည်။ ဒေါ်နယ်ထရမ့်သည် အိမ်ထောင် ၃ ဆက်ရှိခဲ့ပြီးပထမဆုံးဇနီး မှာချက်မော်ဒယ် အိုင်ဗန်နာဇဲနစ်ကိုဗာဖြစ်သည်။

၁၉၇၇ ၊ ဧပြီ ၇ ရက်တွင် လက်ထပ်ခဲ့ကြပြီးသားသမီး ၃ ဦးထွန်းကားသည်။ ၁၉၉၀ ခုနှစ်တွင် ရုပ်ရှင်သရုပ်ဆောင် မာလာမေပယ်လ်နှင့် ဒေါ်နယ်ထရမ့်တို့၏ အချစ်ရေးသတင်းများမှာသတင်းမီဒီယာများတွင် ပျံ့ နှံ့လာပြီးနောက်ပိုင်းအိုင်ဗန်နာနှင့် ကွာရှင်းပြတ်စဲခဲ့သည်။

၁၉၉၃ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် မာလာမေပယ်လ်နှင့် ဒေါ်နယ်ထရမ့်တို့၏ သမီးဦးတစ်ဖ်နီဖွားမြင်သည်။
သမီးငယ်မွေးဖွားအပြီး ၂ လအကြာ ၁၉၉၃ ၊ ဒီဇင်ဘာ ၂၀ တွင် လက်ထပ်ခဲ့ကြသည်။
၁၉၉၇ ၊ မေလတွင် ကွာရှင်းပြတ်စဲခဲ့ကြသည်။

၁၉၉၈ ခုနှစ်တွင် ဆလိုဗေးနီးယားသူ၊ ဖက်ရှင်မော်ဒယ် မီလာနီယာကနော့စ်နှင့် ချစ်ကျွမ်းဝင်ခဲ့ကာ ၂၀၀၄ ဧပြီတွင် စေ့စပ်ခဲ့ပြီး ၂၀၀၅ ဇန်န၀ါရီ ၂၂ တွင် လက်ထပ်ခဲ့ကြသည်။

ယခုရောင်းချမည့်နေအိမ်ကိုဒေါ်နယ်ထရမ့် အသက် ၃၅ နှစ်အရွယ်တွင် ပထမဇနီးအိုင်ဗန်နာနှင့်အတူ ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး အကျယ်အ၀န်း ၅ ဒသမ ၈ ဧကကျယ်သောမြေပေါ်တွင် ဆောက်လုပ်ထားခြင်းဖြစ်ကာ ပြန်လည်မွမ်းမံစရိတ်ကန်ဒေါ်လာ ၄ သန်းကုန်ကျခဲ့သည်။
ယင်းနေအိမ်ကိုစတင်ဆောက်လုပ်သည်မှာ ၁၉၃၉ ခုနှစ်တွင်ဖြစ်ပြီးစတင်ဆောက်လုပ်စဉ်ကဒေါ်လာ ၂၀၀၀၀၀ သာကုန်ကျခဲ့သည်။

နေအိမ်အကျယ်အ၀န်းမှာ ၁၉၇၇၃ စတုရန်းပေဖြစ်ပြီးအိပ်ခန်း ၈ ခန်းပါဝင်ကာ ဂျော်ဂျီယာကိုလိုနီဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အမေရိကန်သမ္မတလောင်းဒေါ်နယ်ထရမ့်၏ နေအိမ်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်သမ္မတလောင်းဒေါ်နယ်ထရမ့်၏ နေအိမ်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်သမ္မတလောင်းဒေါ်နယ်ထရမ့်၏ နေအိမ်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်သမ္မတလောင်းဒေါ်နယ်ထရမ့်၏ နေအိမ်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်သမ္မတလောင်းဒေါ်နယ်ထရမ့်၏ နေအိမ်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service