ရန်ကုန်-မန္တလေး အမြန်လမ်း၏ ၆ ရာခိုင်နှုန်းနှင့် တန်းဖိုးနည်း အိမ်ရာ တို့ ရှေ့ကပြေးနေတဲ့ ရက် ၁၀၀

ရန်ကုန်-မန္တလေး အမြန်လမ်း၏ ၆ ရာခိုင်နှုန်းနှင့် တန်းဖိုးနည်း အိမ်ရာ တို့ ရှေ့ကပြေးနေတဲ့ ရက် ၁၀၀ - Property News in Myanmar from iMyanmarHouse.com
17 May 2016 11:14 am တွင် တင်ခဲ့သည်
1559 ကြိမ် ကြည့်ရှု့ပြီး
ကျွန်တော့်အိပ်မက်ကတော့ ကျွန်တော် ဆောက်လုပ်ရေး ဝန်ကြီးဖြစ်နေတဲ့ အချိန်မှာ ရန်ကုန်-မန္တလေး အမြန်လမ်း တစ်ခုလုံးကို နိုင်လွန် ကတ္တရာခင်းနိုင် ဖို့နဲ့ တန်ဖိုးနည်းအိမ်ရာ ဆိုပေမယ့် သိန်း ၃၀၀ လောက်မှ ဝယ်လို့ရတာကို တတ်နိုင် သလောက် သိန်း ၁၀၀ အောက်ကို ရနိုင်သမျှ ဆောက် လုပ် ပေးသွားဖို့ ရည်ရွယ်ထားပါတယ်။ ဆောက်လုပ်ရေးဝန်ကြီး ဌာန အနေနဲ့လည်း ဆောင်ရွက်ပေးဖို့ရှိပါတယ် ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားခဲ့သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနသည် လက်ရှိတွင် အစိုးရသစ်၏ ရက် ၁၀၀ စီမံကိန်းအဖြစ် လမ်းဦးစီးဌာနက ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ရန်ကုန်ဘက်အပိုင်း ၁၀ မိုင်နှင့် နေပြည်တော်ဘက် အပိုင်း ၁၀ မိုင်ကို အဆင့်မြှင့်တင်မှုများပြုလုပ်လျက်ရှိပြီး တံတား ဦးစီးဌာန ကလည်း ဆောက် လုပ်ရေး ဝန်ကြီးဌာနပိုင် လမ်းများ ပေါ်ရှိ တံတား အဝင်၊ အထွက်လမ်းများကို GRADIENT ညှိ၍ ယာဉ်များချောမွေ့စွာ သွားလာနိုင်ရေး အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် ၃၆၆ မိုင် ၃ ဖာလုံရှည်လျားသည်။ ရန်ကုန်-ပဲခူး-နေပြည်တော်-မ္တလေး စသည့် တိုင်းဒေသကြီးလေးခုနှင့် ဆက်စပ်လျက်ရှိပြီး မြို့နယ်ပေါင်း ၁၅ ခု၊ ကျေးရွာပေါင်း ၁၅၆ ရွာနှင့် ဆက်စပ်နေသည့် မြို့နယ်/ခရိုင်ခွဲများသို့ သွားလာနိုင်သည့် လမ်းမကြီး တစ်ခုဖြစ်သည်။

ပြည်သူလူထုစိတ်ဝင်စားတဲ့ လမ်းတစ်ခုအနေနဲ့ ပြောရ မယ်ဆိုရင် ရန်ကုန်-မ္တလေး အမြန်လမ်းပါ။ ဒီလမ်းကြီးက ၃၆၆ မိုင် အရှည်ရှိတယ်။ ဒီလမ်းကြီးကို စိစစ်လိုက်တဲ့အခါမှာ ၆ ရာခိုင်နှုန်းလောက်ကတော့ အင်ဂျင်နီယာ သဘောတရားအရ အထူးပြုပြင်ဖို့လိုတယ်လို့ ကျွန်တော် တို့ ကောက်ချက်ချတဲ့ အတွက် အဲဒီ ၆ ရာခိုင်နှုန်းကို ရက် ၁၀၀ အတွင်းမှာ ဦးစားပေး ပြီးပြင်ပါမယ်။ ဒီလမ်းတွေကို ပဏာမအဆင့်အနေနဲ့ ငါးပေ လောက်ချဲ့ဖို့ ဆောင်ရွက်မယ်။ နောက်ပြီး အင်ဂျင်နီယာ သဘောတရားအရ ပြုပြင်သင့်တဲ့နေရာတွေ ကျွန်တော်တို့ပြုပြင် သွားပါမယ် ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် လက်ရှိတွင် ရန်ကုန်-မန္တလေး အမြန်လမ်း၌ မိုင် ၂၀ အဆင့်မြှင့်တင်ခြင်း၊ အမြန်လမ်း ပေါ်တွင်ရှိသည့် တံတား ၁၃၈ စင်းအား အတက်အဆင်း ပြေပြစ် စေရန် ဆောင်ရွက်ခြင်းတို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ တံတားအစင်းပေါင်း ၂၄၉၀ ခန့်တွင် တံတားနှင့် လမ်းအတက် အဆင်းပြေပြစ်ရန် ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့အပြင် အမြန်လမ်းမကြီးတွင်လည်း လမ်းလယ်ကျွန်း များကို လျှော့ချကာ ယာဉ်တိုက်မှုများ လျော့နည်း အောင် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

အထူးသဖြင့် ကရင်ပြည်နယ်နဲ့ မကွေးတိုင်းဒေသကြီးတို့ကို နိုင်လွန်ကတ္တရာ ခင်းစက်တွေပို့ပြီးတော့ ဘားအံနဲ့ မကွေးတို့မှာ နိုင်လွန်ကတ္တရာ လမ်းကို ဆောင်ရွက်ပေးမယ်။ အရင်ရှိပြီးသား စက်ယန္တရားတွေ အပြင် နောက်ထက် အစင်း ၈၀ လောက် အထိတိုင်းဒေ သကြီးနဲ့ ပြည်နယ် အကုန်လုံးကို ပို့ပေးထားတယ် ဟု လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဖေက ပြောသည်။

တံတားကြီးများတွင် တပ်ဆင်ထားရှိသည့် လျှပ်စစ်မီးများ သည် ပျက်စီးမှုများရှိနေခြင်းကြောင့် လျှပ်စစ်မီးများ အားလုံးလင်းစေရန် စီမံမည်ဟုဆိုသည်။

ထို့အပြင် ချင်းပြည်နယ်အဝင် လမ်းနှစ်လမ်းဖြစ်သော ကလေး-ဟားခါးလမ်းနှင့် ဂန့်ဂေါ-ဟားခါးလမ်းတို့ကို လက်ရှိတွင် အဆင့်မြှင့်တင်ခြင်း ဆောင်ရွက် လျက်ရှိသည်။ သို့ရာတွင် ကလေး-ဟားခါးလမ်းမှာ တစ်ပတ် အတွင်း သွားလာနိုင်အောင် လုပ်ဆောင်နိုင်မည်ဖြစ်သော်လည်း ပျက်စီးမှုများသည့် ဂန့်ဂေါ- ဟားခါးလမ်းကိုမူ မိုးတွင်း ကာလအပြီး ကတ္တရာလမ်းဖြစ်အောင် စီမံချက်ချ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့မှ အဖွဲ့များနှင့် ကွင်းဆင်း စစ်ဆေးမှုများပြုလုပ်ကာ လာမည့်နှစ်များတွင်လည်း ချေးငွေနှင့် နိုင်ငံတကာ အကူ အညီများ ရယူကာ လမ်းများတိုးတက်အောင် လုပ်ဆောင်သွားရန်လည်း စီမံဆောင်ရွက်လျက်ရှိကြောင်း နှင့် အဆိုပါ လမ်းမကြီးများအပြင် အတွင်းလမ်းများကိုလည်း တတ်နိုင်သမျှ လာမည့်နှစ်များအတွင်း ရန်ပုံငွေ အခြေ အနေပေါ်မူတည်ကာ ကတ္တရာလမ်းအဆင့်အဖြစ် တိုးမြှင့်ဆောင် ရွက်သွားရန် စီစဉ်ထားကြောင်း ညွှန်ကြားရေး မှူးချုပ် ဦးဝင်းဖေ က ပြောကြားခဲ့သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ဧပြီလ ၁ ရက်နေ့ မှ စတင်ကာတိုးဂိတ် ၃၀၂ ဂိတ်ရှိသည့်အနက် ၁၆၁ ဂိတ်အား လမ်း၊တံတား အသုံးပြုခ ကောက် ခံတော့ မည်မဟုတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ထို့အပြင် နာရီ ၁၀၀ ကြာသည်အထိ ပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ သည့် ဂုတ်ထိပ် ယာဉ်ကြောကျပ်တည်းမှုကိုလည်း ဖြေရှင်းပေး ခဲ့ရသည်။ နောင်ချိုနှင့် ကျောက်မဲ တို့တွင် LED ဖြင့် ဂုတ်တွင်း၌ ဖြစ်ပေါ်နေသည့် အနေအထား ကို တောက်လျှောက်ဆိုသလို သတင်းအချက်အလက်များပေးခဲ့ခြင်းလည်း ပါဝင်သည်။

ရက် ၁၀၀ ကာလအတွင်းတွင် တံတားကြီးများကိုလည်း ကြံ့ခိုင်မှုစစ်ဆေး သွားမည်ဖြစ်ပြီး ယင်းသို့ ဆောင်ရွက်မည့် အကြောင်း နှင့် စပ်လျဉ်း၍ လည်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က စစ်ဆေးတဲ့အခါမှာလည်း ပုံမှန်စစ်ဆေးတဲ့ နည်းတွေလည်းသုံးသလို ခေတ်မီတဲ့နည်းစနစ်တွေလည်း သုံးမယ်။ အခုတံတားတွေစစ်ဖို့အတွက် ခေတ်မီယန္တရားတွေ ဝယ်ထားတာရှိပါတယ်။ တံတားအောက်ခြေတွေပါ ပိုမိုပြီးတော့ စနစ်တကျစစ်လို့ရမယ်ဟု ပြောကြားသည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကလည်း ရက် ၁၀၀ ကာလအတွင်း တိုက်ခန်းပေါင်း ၂၂၀၀ ခန့်ကို ရောင်းချသွား မည်ဖြစ်ကြောင်း သိရသည်။
ဆောက်လုပ်ဆဲ အိမ်ရာစီမံကိန်းများအနက် ၉၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်သည့် စီမံကိန်းသုံးခုမှာ ကနောင် တန်ဖိုးနည်း အိမ်ရာ၊ ယုဇန တန်ဖိုးနည်းအိမ်ရာ အပိုင်း(၁)နှင့် ရွှေလင်ပန်း တန်းဖိုးနည်းအိမ်ရာ အပိုင်း(၃) တို့ဖြစ်ပြီး နောက်ထပ်တန်းဖိုးနည်းအိမ်ရာများကို ဆက်လက်အကောင် အထည်ဖော်သွားမည်ဟုဆိုသည်။

ယခင်က တန်ဖိုးနည်းအိမ်ရာဟုဆိုသော်လည်း အခြေခံ လူတန်းစားများ အတွက် မဝယ်နိုင်သော ပမာဏ ဖြစ်သည်ဟု ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။ တန်ဖိုးနည်းအိမ်ရာက တကယ်ဆောက်ကြည့်တော့ မနည်းဘူး ဖြစ်နေလို့။ သိန်း ၃၀၀ တို့ ၊ ၆၀၀ တို့လည်း ဖြစ်နေတယ်။ကျွန်တော်တို့မှာ ဘယ်လောက် ကုန်ကျသလဲဆိုတာ သေသေချာချာမသိဘူး။ ကျွန်တော်ကတော့ ရက် ၁၀၀ စီမံကိန်းထဲမှာအဆောက်အအုံဌာနကနေပြီးတော့
ဆောက်ကြည့်မယ်။ငါးထပ်အဆောက်အအုံတစ်ခု အခန်း ၄၀ လောက်ပါတယ်။ တစ်ခန်းကို ပေ ၄၀၀ လောက်ရှိတဲ့ အခန်းဆောက်ကြည့်မယ်။ အဲဒီမှာ သုံးရတဲ့ပစ္စည်းတွေ၊ စံချိန်စံညွှန်းတွေ၊ ဆောက်ရတဲ့ အချိန်ကာလတွေ၊ ကုန်ကျစရိတ်တွေ အားလုံးကို တွက်ချက်ပြီးတော့ လုပ်သွားမှာပါ။ ကျွန်တော့် ရည်ရွယ်ချက်ကတော့ တတ်နိုင်သလောက် သိန်း ၁၀၀ အောက်ကိုရနိုင်သမျှ ဆောက်ပေးသွားမှာပါ။ အဲဒါမှာ နောက်ပိုင်းသိန်း ၁၀၀ နဲ့ရအောင် မဆောက်ပေးနိုင်ဘူး ဆိုတဲ့ကိစ္စကို ချေဖျက်ပေးလို့ရမှာပါ။ အဲဒီလို ဆောက်လို့ ရတယ်ဆို တာကိုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ ဆောင်ရွက်ဖို့ရှိပါတယ် ဟု ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က ပြောကြားခဲ့သည်။

တကယ်တော့ Low Cost Housing လုပ်တဲ့အခါမှာ နှစ်ပိုင်းရှိတယ်။ အငှားစနစ်ရှိတယ်။ အရောင်းစနစ်ရှိတယ်။ ရန်ကင်းအိမ်ရာတို့၊ သုဝဏ္ဏအိမ်ရာတို့ဟာ အငှားစနစ်တွေ ဖြစ်တယ်။ လက်ရှိ ပြည်သူ့အိမ်ရာ စီမံကိန်း တော်တော် များများက အငှားစနစ်တွေပါ။ နောက်တစ်ပိုင်းက အရောင်း စနစ်ပါ။ ရောင်းတော့ တချို့တက်နိုင်တဲ့သူရှိတယ်။ တချို့ကျတော့ အလုပ်အကိုင်ရှိတယ်။ Deposit ပေးထားနိုင်တယ်။ ပြီးရင်တော့ လပေးစနစ်နဲ့ ရောင်းပေးပါဆိုပြီး ဒီလိုစနစ်တွေလည်းရှိတယ်။ ဒီစနစ်တွေ အကုန်လုံးကိုလည်း လေ့လာထားပါတယ်။ အကုန်ဆောင်ရွက်ပေးမှာပါ။ ဒီမှာ အရေးကြီးတာက ဘဏ်တွေပါလာတယ်။ ဘဏ်တွေပါလာတဲ့အတွက် ဘဏ်ရဲ့ ပါဝင်ပတ်သက်မှု ကရှိမှဖြစ်မယ်။ ဘဏ်ကသာ ငွေချေးတာတို့ ၊ ငွေကြေးထုတ်ပေးတာတို့ ဆောင်ရွက်ပေးလို့ရတယ်။ ကျွန်တော်တို့ စဉ်းစားထား တာကတော့ ကျွန်တော်တို့ဆီမှာ CHD ဆိုတဲ့ ဘဏ်တစ်ခု ရှိတယ်။ အဲဒီဘဏ်ကနေ ဒီပုဂ္ဂိုလ်တွေကိုတော့ ကူညီပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်က အစကတည်းက ရှိပြီးသားပါ။ ပထမအဆင့်က ဒီလူတွေက ဒီဘဏ်မှာ ငွေစာရင်းဖွင့်ပြီးတော့ ငွေစုတဲ့စနစ်ကို စပြီးဆောင်ရွက်ဖို့လို ပါတယ်။ ဒီဘဏ်ရဲ့ Member ဖြစ်ဖို့တော့ လိုတယ်။ အဲဒါဆို ဘဏ်က သူတို့နဲ့ လုပ်ငန်းလုပ်လို့ ရတာပေါ့။ အဲဒါမျိုးစနစ်လေးတော့ စဉ်းစားထားပါတယ်ဟု သူက ဆက်ပြောသည်။

အိမ်ရာစီမံကိန်းများ အကောင်အထည်ဖော်ရာတွင် လူဦးရေ သိပ်သည်း မှုများပြား သည့် ရန်ကုန်မြို့ကို အဓိကဦးစား ပေး အဖြစ် ဆောင်ရွက် လျက်ရှိသည်ဟု ဆိုသည်။

သို့သော်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ဆောက်လုပ်ပေးရန်အစီအစဉ်များ ရေဆွဲထားသည့်အပြင်
နေပြည်တော်တွင်လည်းအိမ်ယာစီမံကိန်း
ဆောင်ရွက်ပေးရန်လည်း ရှိကြောင်း သိရသည်။

နေပြည်တော် ရွှေနံ့သာရပ်ကွက်တွင် ၄၀၀ စတုရန်းပေ ကျယ်ဝန်းသည့် စံနမူနာပြ အိမ်ရာစီမံကိန်းအဖြစ် တည်ဆောက် ပေးသွားမည်ဖြစ်ကြောင်းနှင့် ၂၀၁၇ ခုနှစ်အတွင်း တည်ဆောက်ပြီးစီးနိုင်မည်ဟု ခန့်မှန်း ထားသည်။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service