လာမည့် ၆ လအတွင်း အိမ်ခြံမြေဈေးကွက် ပြန်တက်နိုင်ဖွယ်ရှိ ဟု ဆို

လာမည့် ၆ လအတွင်း အိမ်ခြံမြေဈေးကွက် ပြန်တက်နိုင်ဖွယ်ရှိ ဟု ဆို - Property News in Myanmar from iMyanmarHouse.com
16 May 2016 11:23 am တွင် တင်ခဲ့သည်
9113 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ အိမ်ခြံမြေဈေးကွက်မှာ အချိန်ကြာမြင့်စွာ ငြိမ်သက်နေခဲ့သော်လည်း အစိုးရသစ်၏ မူဝါဒသစ်များနှင့် စီမံကိန်းသစ်များ ပေါ်ထွက်လာပါက လာမည့် ၆ လအတွင်း အိမ်ခြံမြေဈေးကွက် ပြန်တက်လာနိုင်ကြောင်း အိမ်ခြံမြေအကျိုးဆောင်ဝက်ဆိုဒ်တစ်ခု ဖြစ်သည့် iMyanmarHouse.com ၏ အမှုဆောင်အရာရှိချုပ် ဦးနေမင်းသူက ပြောသည်။

"လက်ရှိအနေအထားက အများပြည်သူက စောင့်ကြည့်နေတဲ့ ကာလဖြစ်တယ်။ ဒီအစိုးရသစ်လက်ထက်မှာ ဘယ်လိုစီမံကိန်းတွေ ချမှတ်မလဲ၊ ဘယ်လိုမျိုးမူဝါဒတွေ ချမှတ်မလဲ၊ အခွန်နှုန်းထားတွေကရော ဘယ်လိုမျိုးတွေ ပြောင်းလဲမလဲ။ အဲဒီလိုမျိုးတွေဖြစ်တဲ့အတွက် ဒီဈေးကွက်ထဲမှာ အရောင်းအ၀ယ်တွေက အေးနေတာပါ။ နောက် ၆ လ အတွင်းမှာ ပြန်တက်လာနိုင်စရာ အကြောင်းရှိပါတယ်"ဟု ၎င်းက ပြောသည်။

အစိုးရသစ်၏ မြို့သစ်စီမံကိန်းများ ချမှတ် အကောင်အထည်ဖော်ဆောင်ခြင်းကြောင့် မြေကွက်လွတ်များ ပိုမိုထွက်ပေါ်လာမည် ဖြစ်သည့်အတွက် မြေဈေးနှုန်း ကျသွားနိုင်ပြီး အရောင်းအ၀ယ်များ ပြန်တက်ကာ အိမ်ခြံမြေဈေးကွက် ကောင်းလာနိုင်မည်ဟု ဦးနေမင်းသူက ပြောသည်။ "တစ်ဖက်တစ်လမ်းကလည်း အစိုးရသစ်လက်ထက်ထဲမှာ မြို့နယ်သစ်စီမံကိန်းတွေ ချမှတ်ဖော်ဆောင်လိမ့်မယ်ဆိုရင်၊ မြေကွက်အသစ်တွေ ပေါ်လာရင် မြေဈေးနှုန်းတွေ ကျသွားတာနဲ့တစ်ပြိုင်နက် ဒီမြေကွက်တွေမှာ ၀ယ်ယူပြီး ရင်းနှီးမြှုပ်နှံချင်တဲ့သူတွေ ပေါ်ထွက်လာလိမ့်မယ်။ အဲဒီအချိန်မှာ ပိုပြီးတော့ အရောင်းအ၀ယ်တွေ ဖြစ်လိမ့်မယ်။ ဈေးနှုန်းက ပြောရင်တော့ ကျလိမ့်မယ်၊ အရောင်းအ၀ယ်အနေနဲ့ ပြောရင်တော့ ပိုပြီးတော့ ဖြစ်လာလိမ့်မယ်" ဟု ၎င်းက ပြောသည်။

အနာဂတ် အိမ်ခြံမြေဈေးကွက်သည် အိမ်ခြံမြေဈေးနှုန်းများ အကျဘက်ကို သွားနိုင်သည်ဟု ခန့်မှန်းထားပြီး၊ အစိုးရသစ်က အခြေခံလူတန်းစားများနှင့် လူလတ်တန်းစားများအတွက် ဦးတည်သည့် မူဝါဒသစ်များကို ချမှတ်ဖော်ဆောင်ပါက ယခင်ကဲ့သို့ အိမ်ခြံမြေဈေးနှုန်း အဆမတန်မြင့်တက်ခြင်း မဖြစ်နိုင်ကြောင်း၊ တက်နိုင်ကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

"မူဝါဒသစ်တွေ၊ စီမံကိန်းသစ်တွေ ဖော်ဆောင်တဲ့အခါမှာ အခြေခံလူတန်းစားနဲ့ လူလတ်တန်းစားတွေ တတ်နိုင်အောင်လို့ အိမ်ခြံမြေဈေးနှုန်းတွေ မဖြစ်ဖြစ်အောင် ချပေးမယ်လို့ ကျွန်တော်တို့ ယုံကြည့်ပါတယ်။ ဒီလိုမျိုးမူဝါဒတွေ ချမှတ်တယ်၊ စီမံကိန်းတွေ အကောင်အထည်ဖော်မယ်ဆိုရင် နောက် ၅ နှစ်အတွင်းမှာ ကျွန်တော်တို့ ဈေးနှုန်းတွေ ကျအောင်လုပ်ပေးမယ်လို့လည်း ယုံကြည်ပါတယ်"ဟု အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောသည်။ အခွန်နှုန်းထားများဖြင့်လည်း အိမ်ခြံမြေဈေးနှုန်းများကို ထိန်းညှိနိုင်ကြောင်းနှင့် အိမ်ခြံမြေဈေး ကြီးမြင့်မှုများအပေါ်တွင် ပြန်လည်ထိန်းချုပ်ခဲ့သော နိုင်ငံအချို့တွင်လည်း အခွန်နှုန်းများဖြင့် ထိန်းချုပ်ခဲ့သည့်အတွက် မြန်မာနိုင်ငံတွင်လည်း ယခုကဲ့သို့ ထိန်းချုပ်နိုင်သည်ဟု ဦးနေမင်းသူက ပြောသည်။

"တခြားနိုင်ငံတွေလို ကျအောင်လုပ်တဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ စင်ကာပူနိုင်ငံဆို ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းက အိမ်ခြံမြေက ဈေးနှုန်းတွေ တစ်ဟုန်ထိုး တိုးတက်သွားတာဖြစ်တဲ့အတွက်ကြောင့် အစိုးရကနေ ဈေးနှုန်းတွေ ပြန်ကန့်သတ်ခဲ့ပါတယ်။ ဘယ်လိုကန့်သတ်ခဲ့တာလဲဆိုတော့ အိမ်ခြံမြေ ၀ယ်တဲ့နေရာမှာ အခွန်နှုန်းထားတွေ ပေးဆောင်ရပါတယ်။ အိမ်ခြံမြေ ရောင်းတဲ့အခါမှာ အခွန်နှုန်းထားတွေ ပေးဆောင်ရတယ်။ ဘယ်လိုပေးဆောင်ရလဲဆိုတော့ ဥပမာ- အိမ်တစ်လုံးဝယ်ထားပြီး နောက်တစ်နှစ်အတွင်းမှာ ပြန်ရောင်းတယ်ဆို ၁၆ ရာခိုင်နှုန်း အစိုးရကို ရောင်းခွန် ဆောင်ရတာ ဖြစ်တဲ့အတွက်ကြောင့် ဈေးကွက်ထဲမှာဈေးကစားချင်တဲ့သူတွေ ပပျောက်သွားတယ်။

အဲဒီလိုပဲ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မူဝါဒတွေ ချမှတ်ပြီး ဖော်ဆောင်လို့ ရပါတယ်။ အဲဒီလို ဖော်ဆောင်မယ်ဆိုရင် အိမ်ခြံမြေဈေးနှုန်းတွေ ပြန်ကျသွားဖို့ အခြေအနေရှိပါတယ်" ဟု ၎င်းက ပြောသည်။
လက်ရှိအစိုးရလက်ထက်၌ နိုင်ငံရေးတည်ငြိမ်ပြီး အစိုးရသစ်၏ ပြုပြင်ပြောင်းလဲနိုင်သော
အိမ်ခြံမြေမူဝါဒ အပေါ်တွင်လည်း မူတည်ကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

"နိုင်ငံရေးတည်ငြိမ်ပြီး အစိုးရက မြေကစားလို့ မရအောင် ထိန်းချုပ်ထားမယ်ဆိုရင် အိမ်ခြံမြေဈေးနှုန်းတွေ ကျပြီး ဈေးကွက်စီးဆင်းမှုကလည်း ပြန်လည်ပတ်လာမှာပါ။ မြေဈေးကစားလို့ရအောင် လုပ်ထားရင် အကျိုးအမြတ်ရှိရင် ကစားကြမှာပဲ။ အဲဒါကိုတော့ အစိုးရအနေနဲ့က ထိန်းချုပ်ဖို့တော့ လိုပါတယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကလည်း အကောင်းဘက်ကိုပဲ ဆက်သွားမယ်၊ အစိုးရကလည်း ဒီလိုထိန်းချုပ်ပေးနိုင်ရင် အနာဂတ် အိမ်ခြံမြေက ကောင်းလာနိုင်ပါတယ်" ဟု စိုင်းခွန်နောင်အိမ်ခြံမြေအကျိုးဆောင်မှ ဦးစိုင်းခွန်နောင်က ပြောသည်။

Credit : The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service