မျှော်ရမောရ ရန်ကုန်မှာ ကျောချဖို့ တစ်နေရာ

မျှော်ရမောရ ရန်ကုန်မှာ ကျောချဖို့ တစ်နေရာ - Property News in Myanmar from iMyanmarHouse.com
16 May 2016 11:13 am တွင် တင်ခဲ့သည်
2224 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့မှာ နေထိုင်တဲ့ အခြေခံနဲ့ လူလတ်တန်းစား ကိုယ်ပိုင်အိမ်မရှိသေးသူတွေဟာ ကိုယ်ပိုင်နေရာ တစ်နေရာလေရဖို့ မျှော်လင့်နေကြပါတယ်။
သာမာန်ဝန်ထမ်း တစ်ယောက်ရဲ့ လစာဟာ ကျပ် ၁ဝ၀,ဝဝဝ ကနေ ၂ဝဝ,ဝဝဝ အတွင်းမှာသာရှိတယ်။ အိမ်ပိုင်ဆိုတာ ခက်ခဲတဲ့ အိပ်မက်တစ်လို ဖြစ်နေပါတယ်။
လူထုက တင်မြှောက်လိုက်တဲ့ အစိုးရ တက်လာပြီဆိုတော့ ပြည်သူတွေရင်ဆိုင်နေရတဲ့ အိမ်ငှါးပြသာနာတွေကိုလည်း ဖြေရှင်းပေးဖို့ မျှော်လင့်နေကြပါပြီး။

ရန်ကုန်မြို့မှာ ကိုယ်ပိုင်အိမ်တွေပိုင်ဆိုင်ဖို့၊ တိုက်ခန်တွေပိုင်ဆိုင်ဖို့ ဘယ်လိုလုပ်ဆောင်သင့်လဲဆိုတာကို ရန်ကုန်မြို့ပြပညာရှင်တချို့က အခုလိုထောက်ပြပြောဆိုပါတယ်။
' ပြည်သူပိုင်မြေတွေပြန်လည်ရယူပြီး ပြည်သူ့အိမ်ရာ စီမံကိန်းတွေလုပ်ပေးသင့်တယ် ' လို့မြို့ပြပညာရှင် အငြိမ်းစာ ဦးဌေးဝင်က ပြောပါတယ်။
ပြည်သူတွေအတွက် အိမ်ရာစီမံကိန်းတွေ အကောင်းအထည်ဖော်မယ်ဆိုရင် ခရိုနီတွေ သိမ်းတဲ့မြေတွေ ၊ တပ်သိမ်းမြေတွေကို ပြန်တောင်းရမယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့မှာ လူဦးရေ ငါးသန်းနဲ့ ခြောက်သန်းကြာမှာ နေထိုင်ပြီး အိမ်ထောင်စုပေါင်း တစ်သန်းခန့် ရှိနေတယ်လို့ ရန်ကုန်တောင်ပိုင်းခရိုင် စည်ပင်သာယာရေဝန်ကြီး ဦးအေးမင်းက ပြောပါတယ်။

ပြည်သူတွေ အားလုံးတက်နိုင်မယ့် အနေအထားနဲ့ အိမ်ရာစီမံကိန်းတွေပေါ်လာဖို့ အိမ်ထောင်စုပေါင်းဘယ်လောက်ရှိတယ်၊ အိမ်ပိုင်ရှင်တွေဘယ်လောက်ရှိတယ်ဆိုတဲ့ စာရင်းအတိအကျတွေကိုကောင်ယူပါမယ်။သည်လို
စာရင်းကောက်ယူပြီး အိမ်ရာဝယ်ယူချင်သူတွေကို တစ်ဆင့်ချင်းလုပ်ဆောင်ပေးသွားနိုင်ရင် အဆင့်ပြေမယ်လို့ သိရပါတယ်။

' တိုက်ခန်း တစ်ခန်းကို ကျပ်သိန်း ၁၀၀ အောက်မှ သတ်မှတ်ပြီး ရောင်းချပေးသင့်တယ်၊ အများပြည်သူအားလုံးအိမ်ရာပိုင်ဆိုင်နိုင်ဖို့ဆိုရင် ပြည်သူ
အိမ်ရာစီမံကိန်းတွေကို တည်ဆောက်ပြီး ပြည်သူတွေကို အရစ်ကျစနစ်နဲ့ ရောင်းချပေးတာတွေ၊ ပြည်သူတွေတက်နိုင်တဲံဈေးနှုန်းနဲ့ ရောင်းချပေးတာတွေ လုပ်ဆောင်ပေးသင့်တယ် ' လို့မြို့ပြပညာရှင်ဦးဌေးဝင်းကပြောပါတယ်။

စီစဉ်ပေးပါ

စုငွေဆောင်းငွေ အတန်သင့်ရှိတဲ့ မိသာစုအတွက် တန်ဖိုးနည်းအိမ်ရာတွေ စီစဉ်ပေးလို့ရပါတယ်။ဝယ်ဖို့လည်ူ မတတ်နိုင်စားဖို့တောင်မတတ်နိုင် အိမ်ငှါးခလည်း မတတ်နိုင်တဲ့ ဝင်ငွေအနည်းဆုံး ပြည်သူတွေအတွက် အိမ်လခအလွန်သက်တာတဲ့ ပြည်သူ့အငှါးချအိမ်ရာကို အစိုးရကလုပ်ပေးရမယ်လို့ ဆိုပါတယ်။

မြို့ပြနဲ့အိမ်ရာဖွံဖြိုးရေ ဦးစီးဌာနက မြို့ပြဖွံ့ဖြိုးရေးနဲ့ အိမ်ရာဖွံဖြိုးရေလုပ်ငန်း နှစ်ရပ်ကို လုပ်ဆောင်နေပါတယ်။ဝင်ငွေနည်းတဲ့သူတွေအတွက် တန်ဖိုးနည်းအိမ်ရာဆောက်ဖို့နဲ့ အငှါးအိမ်ရာဆောက်နိုင်ဖို့ကို အာရုံစိုက်နေပြီး တန်ဖိုးနည်းအိမ်ရာတွေကို စမ်းသပ်ကာလအဖြစ် စတင်ရောင်းချပေးနေတယ်လို့ အိုးအိမ်ဦးစီးဌာနက သိရပါတယ်။
ရန်ကုန်မြို့ ဆင်ခြေဖုံးမြို့နယ်နဲ့ မြို့သစ်တောမှာ အိုးအိမ်ဦးစီးဌာနက ရောင်းချပေးနေတဲ့ တန်ဖိုးနည်း တိုက်ခန်းတစ်ခန်းက ကျပ်သိန်း ၁၂၀ ဈေးပေါက်တယ်လို့သိရပါတယ်။
အဲ့သည့်ဈေးနှုန်းကို မတက်နိုင်တဲ့အတွက် လူတိုင်းမဝယ်နိုင်သေးပါဘူး။ အိုးအိမ်ဦးစီးဌာနက ဆင်ခြေဖုံးမြို့နယ်တွေက အိမ်ရာစီမံကိန်းတွေမှာ ရောင်းချဖို့ တိုက်ခန်းပေါင်း ၂၀၀၀ ကျော် ကျန်နေသေးတယ် လို့သိရပါတယ်။
ရွှေလင်ဗန်း တန်ဖိုးနည်းအိမ်ရာမှာ တိုက်ခန်းပေါင်း ၇၆၈ ခန်းကို တစ်ခန်းကို ကျပ်သိန်း ၁၂၀ နှုန်းနဲ့ ရောင်းချပေးထားပြီး ဖြစ်တယ်လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေဦးစီးဌာနက သိရပါတယ်။
တန်ဖိုးနည်းအိမ်ရာတွေမှာ တစ်ခန်းကို ကျပ်သိန်း ၁၀၀ အောက်ရောင်းချပေးနိုင်ဖို့ ကြိုးစာနေတယ်လို့ ဆိုပါတယ်။

အခက်အခဲ

အငှါးအိမ်ရာဆောက်လိုက်တဲ့ ကုန်ကျစရိတ်တွေဟာချက်ချင်းပြန်မရတဲ့အတွက် တန်ဖိုးနည်းအိမ်ရာမဝယ်နိုင်တဲ့သူတွေကို အငှါးအိမ်ရာဆောက်ပေးဖို့ အိုးအိမ်ဦးစီဌာနမှာ အခက်အခဲတွေအများကြီးရှိသေးတယ်လို့ ဆိုပါတယ်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှာ အစိုးရက တစ်နိုင်ငံလုံးက အိမ်ရာစီမံကိန်းတွေအတွက် ကျပ် ၄၆သန်း ပေးခဲ့တယ်လို့သိရပါတယ်။သည်နှစ်အတွက် ဘယ်လောက်ပေးမလဲဆိုတာ မသိသေးတာကြောင့် အငှါးအိမ်ရာစီမံကိန်းအတွက် မဖြေနိုင်သေးဘဲဘတ်ဂျက်ပေးနိုင်မှသာ လုပ်နိုင်မယ်လို့ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေဦးစီးဌာနက သိရပါတယ်။
တန်ဖိုးနည်းအိမ်ရာ ရောင်းချပေးတဲ့နေရာမှာ လာရောက်လျှောက်ထားတဲ့ လျှောက်လွှာအရေအတွက်ကပေးနိုင်တဲ့ အခန်းတွေထက် လေးဆခန့်ပိုများနေတယ်လို့ သိရပါတယ်။သည်လိုလာရောက်လျှောက်ထားတဲ့လူတွေမှာ နေစရာတကယ် မရှိပေမဲ့ မှတ်ပုံတင်မရှိတာ၊ လျှောက်လွှာစာရွက်စာတမ်းပြည့်စုံမှု မရှိတာတွေကြောင့် မဲနှိုက်ရောင်းချရတယ်လို့ဆိုပါတယ်။
အမှန်အကန် လိုအပ်နေသူတွေ လျှောက်ထားမှသာ တန်ဖိုးနည်းအိမ်ရာစီမံကိန်းစနစ်အောင်မြင်မယ်လို့ သိရပါတယ်။
အစိုးရအနေနဲ့ ဝင်ငွေနည်းတဲ့သူတွေကို အိမ်လခသက်သာတဲ့ အိမ်ရာတွေကို လုံလောက်တဲ့ပမာဏ အထိ ဆောက်လုပ်ပေစးနိုင်မှ အောင်မြင်နိုင်မယ်လို့ဆိုပါတယ်။သည်လိုအောင်တဲ့ အိမ်ရာစီမံကိန်းတွေဖြစ်ဖို့ အိမ်ရာလိုအပ်တဲ့ လူဦးရေ ၊ ငှါးခမတက်နိုင်တဲ့လူဦးရေ ၊
အိမ်ခြေရာမဲ့ဘဝနဲ့ ကျုးကျော်တဲနဲ့ နေရတဲ့ လူဦးရေက ဘယ်လောက်ရှိလဲဆိုတာကို သိအောင်လည်းလုပ်ရမယ်လို့ဆိုပါတယ်။

နေစရာပေးပါ

ရန်ကုန်မြို့မှာ အိမ်ရာမဲ့ ကျူးကျော်တွေရဲ့ ပြသာနာဟာကြီးမာနေပြီး အနည်းဆုံး လူဦးရေ တစ်သိန်းကနေ သုံးသိန်းဝန်းကျင် အထိရှိပါတယ်။
သူတို့ရဲ့ ဆက်စပ်နေတဲ့ မှုခင်းတွေ ပဋိပက္ခတွေကို ဖြေရှင်းဖို့ကလည်း နေထိုင်စရာအိမ်ရာအကောင်အထည်ဖော်ပေးဖို့ လိုအပ်ပါတယ်။
ရန်ကုန်မြို့မှာ အလုပ်လုပ်ကိုင်နေသူ တစ်ဦးရဲ့ အခြေခံတစ်ရက်စာ ဝင်ငွေ ကျပ် ၃၆၀၀ ကို တစိလနဲ့ တွက်ချက်မယ်ဆိုရင် ၁၀၈,၀၀၀ သာရရှိမှာဖြစ်ပါတယ်။
မိသာစုသုံးဦးနေထိုင်နိုင်တဲ့ တိုက်ခန်းတစ်ခန်းရဲ့ ငှါးခဟာတစ်လကို အနည်းဆုံးကျပ်တစ်သိန်းနဲ့ တစ်သိန်းအထက်မှာရှိတယ်။လူတစ်ဦးဟာသူ့ရဲ့လစာတစ်လစာလုံးကို အိမ်ငှါးခအတွက် သုံးစွဲလိုက်သလို ဖြစ်ပါလိမ့်မယ်။

' အာဆီယံနိုင်ငံတွေရဲ့ စံနှုန်းအရ လူတစ်ဦးဟာ သူရဲ့ ဝင်ငွေရဲ့ သုံးပုံတစ်ပုံကိုသာ နေထိုင်စရိတ်အတွက် သုံးစွဲသင့်တယ်လို့ ဖော်ပြထားပါတယ်။
ရန်ကုန်မြို့မှာတော့ လူတစ်ဦးဟာ လစာရဲ့ ထက်ဝက်ကျော်ကို အိမ်ငှါးခအတွက် သုံးစွဲးနေရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှာ အခြေခံလူတန်းစားတွေအတွက် အိုးပိုင်အိမ်ပိုင်ရရှိစေမယ့်စီမံကိန်းကို အကောင်းအထည်ဖော်ဖို့ ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ၊ အင်းစိန်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောပါတယ်။

ရန်ကုန်မြို့မှာ နေထိုင်နေတဲ့ အခြေခံနဲ့ ဝန်ထမ်းပြည်သူတွေတော့ သင့်တင့်တဲ့ ဈေးနှုန်းနဲ့ အိုးပိုင်အိမ်ပိုင်ရမယ့် အစီအစဉ်တွေ ၊ ဥပဒေတွေ အကောင်အထည်ဖော်မယ့် အစီအစဉ်တွေကို သိချင်နေကြပါတယ်။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service