တရုတ်အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုသည် ယခု ၂၀၁၆ ခုနှစ်၏ ပထမလေးလအတွင်း
ယခင်နှစ် ပထမလေး လကထက် ၇ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အမျိုးသားစာရင်း
အင်းဗျူရိုက မေလ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဧပြီလမပါပါက ပထမသုံးလပတ်အတွင်း ၆ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဗျူရိုက
ထုတ်ပြန်ခဲ့သည်။
အိမ်ခြံမြေပုံစံမျိုးစုံတွင် ရင်းနှီးမြှုပ်နှံမှု၏ ၆၆ ဒသမ ၅ ရာခိုင်နှုန်းရှိသည့် လူနေအိမ်ရာများတွင်
ရင်းနှီးမြှုပ်နှံမှုက ယခုနှစ် ပထမလေးလအတွင်း ယခင်နှစ် ပထမလေးလကထက် ၆ ဒသမ ၎
ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဧပြီလမပါပါက ပထမသုံးလပတ်အတွင်း ၄ ဒသမ ၆ ရာခိုင်နှုန်း မြင့်
တက်ခဲ့သည်။
အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုသည် အဓိကမြို့ကြီးများ မဟုတ်သည့် မြို့များတွင် ယခုနှစ် ပထမလေး လအတွင်း ယခင်နှစ် ပထမလေးလကထက် ၇ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက် ခဲ့သည်။ အဓိကမြို့ကြီးများတွင် ၆ ဒသမ ၇ ရာခိုင်နှုန်းသာ မြင့်တက်ခဲ့သည်။
ထိုသို့ အဓိကမြို့ကြီးများမဟုတ်သည့် မြို့များတွင် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုနှုန်း သိသိသာသာ
တစ်ဟုန်ထိုး မြင့်တက်ခဲ့ခြင်းမှာ ပြီးခဲ့သည့် လ ၂၀ ခန့်အတွင်း ပထမဆုံးအကြိမ်ဖြစ်သည်ဟု
ဗျူရို၏ အကြီးတန်းစာရင်းအင်းပညာရှင် လီကျောင်းက ပြောကြားခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)