တတိယအကြိမ်မြောက်ဆောက်လုပ်ရေးပစ္စည်းပြပွဲ(ရန်ကုန်)သို့ ကမ္ဘာတစ်ဝန်းမှ လုပ်ငန်းရှင်များလာရောက်ကြမည်

တတိယအကြိမ်မြောက်ဆောက်လုပ်ရေးပစ္စည်းပြပွဲ(ရန်ကုန်)သို့ ကမ္ဘာတစ်ဝန်းမှ လုပ်ငန်းရှင်များလာရောက်ကြမည် - Property News in Myanmar from iMyanmarHouse.com
13 May 2016 11:47 am တွင် တင်ခဲ့သည်
1087 ကြိမ် ကြည့်ရှု့ပြီး
တတိယအကြိမ်မြောက်ဆောက်လုပ်ရေးပစ္စည်းပြပွဲ(ရန်ကုန်) BuildTech Yangon 2016 ကိုမြန်မာကွန်ဗန်းရှင်းစင်တာတွင် လာမည့် မေ ၂၆ မှ ၂၈ အထိကျင်းပမည်ဖြစ်ရာဗီယက်နမ်လုပ်ငန်းရှင် အများအပြားတက်ရောက်ကြမည်ဖြစ်ကြောင်းဟနွိုင်းအခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

BuildTech Yangon 2016 ပြပွဲသို့ သြစတေးလျ၊ တရုတ်၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ်၊ စင်္ကာပူနှင့် အိမ်ရှင် မြန်မာနိုင်ငံတို့ အပါအ၀င် ကမ္ဘာ့နိုင်ငံအများအပြားမှ ကုမ္ပဏီပေါင်း ၁၂၀ ကျော် ၀င်ရောက်ပြသကြမည် ဖြစ်သည်။

အဆိုပါပြပွဲတွင် ဆောက်လုပ်ရေးစက်ယန္တရားများ၊ mechanical engineeringဆိုင်ရာများ၊ interior finishing နှင့် ဗိသုကာဆိုင်ရာထုတ်ကုန်များ ပြသသွားမည် ဖြစ်သည်။
မြန်မာစီးပွားရေးသည် ကမ္ဘာနှင့်ထိတွေ့လာပြီးနောက်ပိုင်း မြန်မာအိမ်ခြံမြေကဏ္ဍ ဦးမော့လာလျက်ရှိသောလက်ရှိအခြေအနေများအရ ပြပွဲကျင်းပရခြင်းဖြစ်သည်ဟုဆိုသည်။

သို့ရာတွင် မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးကဏ္ဍတွင် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းမှုမှာ များစွာစောင့်ကြည့်ခံရလျက်ရှိသောအကြောင်းရပ်ဖြစ်နေရာယခုနှစ် BuildTech Yangon ပြပွဲအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေသည်။ အခြေခံအဆောက်အအုံ ဆောက်လုပ်ရေးကဏ္ဍ သည် မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးနယ်ပယ်တွင် ဒုတိယအကြီးမားဆုံးဈေးကွက်ဖြစ်ပြီးကန်ဒေါ်လာ ၇၆၅ သန်းခန့် တန်ကြေးရှိသည်။

မြန်မာအစိုးရသည် အခြေခံအဆောက်အအုံ တိုးတက်ကောင်းမွန်ရေးအပေါ် အာရုံစိုက်လျက်ရှိ သောကြောင့် လမ်း၊ အဆောက်အအုံ၊ ပိုက်လိုင်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဝေမှုဆိုင်ရာ ကဏ္ဍများတွင် အဓိကဆောက်လုပ်မှုများ ပြုလုပ်သွားဖွယ်ရာရှိပြီး နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများမှာ လည်းအလွန်မြင့်တက်လာလျက်ရှိ သောကြောင့် အိမ်ခြံမြေကဏ္ဍတွင် ရုံးခန်းနေရာသစ်များ ပိုမိုလိုအပ်လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းဥက္ကဌဦးသာဌေးကပြောကြားသည်ဟု အဆိုပါဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။

ယခုနှစ် BuildTech Yangon ပြပွဲကို Sphere Exhibits မှ စီစဉ်ပြီး မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းကကူညီပံ့ပိုး ပေးထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service