အရှေ့ တောင်အာရှ၏ အမြင့်မားဆုံးအဆောက်အအုံကိုကမ္ဘောဒီးယားတွင် ဆောက်လုပ်မည်

အရှေ့ တောင်အာရှ၏ အမြင့်မားဆုံးအဆောက်အအုံကိုကမ္ဘောဒီးယားတွင် ဆောက်လုပ်မည် - Property News in Myanmar from iMyanmarHouse.com
13 May 2016 11:17 am တွင် တင်ခဲ့သည်
1134 ကြိမ် ကြည့်ရှု့ပြီး
အရှေ့ တောင်အာရှ၏ အမြင့်မားဆုံးအဆောက်အအုံ ကိုကမ္ဘောဒီးယားတွင် ဆောက်လုပ်ဖွယ်ရှိကြောင်း ဖနွမ်းပင်အခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက် တွင် ဖော်ပြသည်။

ထိုင်းအခြေစိုက် ဘွန်ရောင်းကုမ္ပဏီနှင့် တရုတ် အခြေစိုက် ကီယာနစ်အုပ်စုတို့ ပူးပေါင်းကာအရှေ့ တောင်အာရှ၏ အမြင့်မားဆုံးအဆောက်အအုံကိုကမ္ဘောဒီးယားနိုင်ငံ တွင် ဆောက်လုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

အကယ်၍ ကမ္ဘောဒီးယားအစိုးရ ကဆောက်လုပ်ခွင့်ပြုမည် ဆိုပါက ၁၃၃ ထပ်မြင့်မည့် ယင်းအဆောက်အအုံကို ၂၀၁၆ ခုနှစ်အတွင်းတွင်ပင် စတင်ဆောက်လုပ်သွားမည် ဖြစ်သည်။

ယခုအခါတွင် ကမ္ဘောဒီးယားမြေယာစီမံ ခန့်ခွဲရေး၊ မြို့ ပြ စီမံကိန်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနကယင်းစီမံကိန်းအပေါ် အပြီးသတ် လေ့လာမှုများပြုလုပ်လျက်ရှိပြီးလာမည့် ၄၅ ရက်အတွင်းအပြီးသတ် ဆုံးဖြတ်ချက်ချနိုင်ဖွယ် ရှိသည် ဟုမျှော်မှန်းထားကြသည်။

ကမ္ဘောဒီးယားအစိုးရကခွင့်ပြုချက်ပေးသည်နှင့်တပြိုင်တည်းဆောက်လုပ်ရေးလုပ်ငန်းများစတင်မည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် အပြီးသတ်ဆောက်လုပ်နိုင်ရန် ရည်မှန်းထားသည်။

အဆိုပါအဆောက်အအုံကို ထိုင်းဘွန်ရောင်း အမြွာကုန်သွယ်ရေး တာဝါဟု အမည်ပေးမည်ဖြစ်သည်။

ယင်းအဆောက်အအုံသည် ကွာလာလမ်ပူရှိ ပီထရိုနာစ့်တာဝါနှင့် ဗီယက်နမ်ရှိကန်းနမ် ဟနွိုင်းတာဝါ တို့ထက် ပိုမိုမြင့်မားမည်ဖြစ်သည်ဟုဆိုသည်။

လက်ရှိအားဖြင့် အဆိုပါအဆောက်အအုံ ၂ ခုမှာအရှေ့ တောင်အာရှတွင် အမြင့်မားဆုံးအဆောက်အအုံ များ ဖြစ်ကြသည်။

ယခုစီမံကိန်းသည် အရှေ့ တောင်အာရှ၏ အမြင့်မားဆုံးအဆောက်အအုံဖြစ်လာဖွယ်ရှိသည်ဟုဆိုစေကာမူဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ တော်တွင် ဆောက်လုပ်နေဆဲဖြစ်သောLandmark 81 အဆောက်အအုံ၊ ဘန်ကောက်တွင် ဆောက်လုပ်ရန် ရည်ရွယ်ထားသော Rama IX Super Tower တို့နှင့် အမြင့်ချင်းယှဉ်ပြိုင်ရဖွယ်ရှိသည်။

ဟိုချီမင်းမြို့ တော်တွင် တည်ဆောက်လျက်ရှိသည့် Landmark 81သည် ၈၁ ထပ်ဆောက်လုပ် မည်ဖြစ်ကာအမြင့် ၄၆၁ ဒသမ ၅ မီတာ (၁၅၁၄ ပေ) ရှိမည်ဖြစ်ပြီးဘန်ကောက်တွင်ဆောက်လုပ်မည့် Rama IX Super Tower မှာမူအရှေ့ တောင်အာရှတွင် အမြင့်ဆုံးအဆောက်အအုံဖြစ်ရန် ရည်မှန်းထားပြီး ၆၁၅ မီတာ (၂၀၁၈ ပေ) ရှိမည်ဟုဆိုသည်။

ထိုင်းဘွန်ရောင်းကမူယင်းအဆောက်အအုံများထက် ဆောလျင်စွာပြီးစီးအောင် ဆောက်လုပ်နိုင်မည်ဟုမျှော်မှန်းထားကြသည်။

ကမ္ဘောဒီးယားတွင် အထပ်မြင့်အဆောက်အအုံ များဆောက်လုပ်ရာ၌ အန္တရာယ်ကင်းရှင်းရေး ဆိုင်ရာစိန်ခေါ်မှုများရှိသည်။

လက်ရှိအားဖြင့် ဖနွမ်းပင်တွင် အထပ် ၄၀ ကျော်သည့် အဆောက်အအုံအနည်းငယ်သာရှိသည်။

ဒေသတွင်းdeveloperတို့တွင် အထပ်မြင့် အဆောက်အအုံများဆောက်လုပ်ခြင်းအတွေ့အကြုံ အလွန်နည်းပါးသောကြောင့် ပြည်ပ developer တို့ကိုအကူအညီတောင်းခံခဲ့ကြရသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အရှေ့ တောင်အာရှ၏ အမြင့်မားဆုံးအဆောက်အအုံကိုကမ္ဘောဒီးယားတွင် ဆောက်လုပ်မည် - Property News in Myanmar from iMyanmarHouse.com
အရှေ့ တောင်အာရှ၏ အမြင့်မားဆုံးအဆောက်အအုံကိုကမ္ဘောဒီးယားတွင် ဆောက်လုပ်မည် - Property News in Myanmar from iMyanmarHouse.com
အရှေ့ တောင်အာရှ၏ အမြင့်မားဆုံးအဆောက်အအုံကိုကမ္ဘောဒီးယားတွင် ဆောက်လုပ်မည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service