ခရီးသွားနည်းတဲ့ရာသီ ဟိုတယ်ခတွေ ဈေးထပ်မကျအောင် ဘယ်လိုထိန်းမလဲ

ခရီးသွားနည်းတဲ့ရာသီ ဟိုတယ်ခတွေ ဈေးထပ်မကျအောင် ဘယ်လိုထိန်းမလဲ - Property News in Myanmar from iMyanmarHouse.com
13 May 2016 11:12 am တွင် တင်ခဲ့သည်
1171 ကြိမ် ကြည့်ရှု့ပြီး
ခရီးသွားဝင်ရောက်မှုနည်းတဲ့ရာသီမှာ ဟိုတယ်အခန်းငှားရမ်းမှုနှုန်းတွေကို လက်ရှိထက် အောက်မကျသွားအောင် ဆက်လက်ထိန်းသိမ်းနိုင်မယ့် အချက်တွေရှိပါတယ်။
ပြည်တွင်းခရီးသွားလုပ်ကိုင်သူတွေအနေနဲ့ ဧပြီလကုန် ၊ မေလဆန်းပိုင်းတွေကစတင်ပြီး မိုးရာသီကုန်ဆုံးချိန်အထိကို low season (ခရီးသွားနည်းပါးရာသီ) လို့ သတ်မှတ်ထားပါတယ် ။ မိုးအဆက်မပြတ်ရွာသွန်းမှု ၊ ဆိုးရွားတဲ့ရာသီဥတု အခြေအနေတွေကြောင့် ခရီးစဉ်အများအပြားကို ယာယီရပ်နားလေ့ရှိပါတယ် ။ ဒါ့အပြင် အခုနှစ်မှာ သာမာန်ထက်ပိုမိုပှုပြင်းတဲ့ ရာသီကိုဖြတ်ကျော်ခဲ့ရတာကြောင့် Low Season မှာ ဟိုတယ်ငှားရမ်းမှုနှုန်းကို အောက်မကျအောင် ထိန်းသိမ်းဖို့လိုမယ်လို့ ဆိုပါတယ်။

ကွန်ရင်ချဲ့ထွင်ပါ

အခုလိုအချိန်မှာ ကိုယ့်ရဲ့ဖောက်သည်တွေကို ဆွဲဆောင်နိုင်မယ့် အစီအစဉ်အသစ်တွေကို စတင်တိုးချဲ့သင့်ပါတယ် ။ ယခင်နှစ် ခရီးသွားလာမှုကိန်းဂဏန်းသုံးသပ်ချက်တွေအရ ခရီးသည် ၁.၄ သန်းကျော်ထဲက ၅၀ ရာခိုင်နှုန်းဟာ ပြည်တွင်းခရီးသွားတွေဖြစ်ပါတယ် ။ ပြည်တွင်းခရီးသွားတွေအနေနဲ့ နွေ ၊ မိုး ၊ ဆောင် ရာသီမရွှေး သွားလာသူတွေဖြစ်ပါတယ်။ ဟိုတယ်အများစုဟာ ပြည်ပခရီးသွားတွေကိုသာ ဦးတည်ပြီး ဈေးကွက်မြင့်တင်မှုတွေ ပြုလုပ်နေကြပြီး ပြည်တွင်းခရီးသွားတွေအတွက် မေ့လျော့်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် ယခုလိုအချိန်မျိုးမှာ ပြည်တွင်းခရီးသွားတွေအတွက် ဈေးကွက်အသစ်ရှာဖွေပြီး ဈေးကွက်မြင့်တက်လာအောင် လုပ်ဆောင်သင့်တယ်လို့ သိရပါတယ်။

အွန်လိုင်းပလက်ဖောင်း

အွန်လိုင်းအသုံးပြုမှု တိုးတက်လာတဲ့ အခုလိုအချိန်မျိုးမှာ အွန်လိုင်းပလက်ဖောင်းကို အသုံးပြုပါ ။ ခရီးသွားလာမှု ဈေးကွက်ချဲ့ထွင်ရာမှာ ပြည်တွင်းခရီးသွားလာမှု မြှင့်တင်မှုမှာ ကျွမ်းကျင်တဲ့ အွန်လိုင်းပလက်ဖောင်းနဲ့ ချိတ်ဆက်သင့်ပါတယ် ။ အွန်လိုင်းပရိုမိုးရှင်းတွေ ပြုလုပ်ပါ ။

လျှော့ဈေးနှုန်းများ

ဟိုတယ်အခန်းခတွေကို အရင်ထက်လျှော့ချပေးထားတယ်ဆိုတဲ့ သတင်းစကားကို ဖောက်သည်တိုင်းက မျှော်လင့်နေပါတယ် ။ ဒါကြောင့် Low Season မှာ ဟိုတယ်အခန်းငှားတိုးတက်ဖို့ လျှော့ဈေးပေးခြင်းက အကောင်းဆုံးဗျူဟာဖြစ်ပါတယ် ။ ဈေးနှုန်းလျှော့ချပေးတာ ၊ ပရိုမိုးရှင်းအစီအစဉ်အသစ်တွေနဲ့ ဖောက်သည်အသစ်တွေကို ရှာဖွေသင့်ပါတယ်။

ဝန်ဆောင်မှု

ဟိုတယ်အတွင်း ဝန်ဆောင်မှုကလည်း အခန်းငှားရမ်းမှုပေါ်မှုတည်ပါတယ် ။ ဟိုတယ်နဲ့ ခရီးသွားလာမှု လုပ်ငန်းတွေဟာ ဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်တာကြောင့် ကိုယ်ပေးနေတဲ့ ဝန်ဆောင်မှုဟာ လုံလောက်တယ်ဆိုတဲ့ အတွေးမတွေးမိဖို့ အရေးကြီးပါတယ်။ အခုလိုအချိန်မျိုးမှာ မိမိဟိုတယ် ဝန်ဆောင်မှုကို ကောင်းသထက်ကောင်းအောင် မွန်းမံနေရမှာဖြစ်ပါတယ်။ တီထွင်ဆန်းသစ်မှုနဲ့ ဝန်ဆောင်မှု ကောင်းမှုတွေကရော ရာသက်ပန်ဖောက်သည်တွေဖြစ်လာဖို့ အခွင့်အလမ်းအလားအလာတွေ ဖြစ်ပါတယ်။

နည်းပညာအသုံးပြုပါ ခရီးသွားနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို နည်းပညာအသုံးပြုပြီး ရှာဖေမှုပြုလုပ်ပါ ။ ဖြစ်နိုင်ရင်တော့ ဟိုတယ်ခရီးနဲ့ပတ်သက်တဲ့ နည်းပညာဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပါ ။ အခြားဟိုတယ်တွေရဲ့ ခရီးသွားဝင်ရောင်မှုကို လေ့လာပါ ။ ခရီးသွားတွေရဲ့ ဟိုတယ်ရွှေးချယ်မှုတွေကို ရှာဖွေပါ။

Credit : The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service