ကျန်းမာရေးဝန်ကြီးဌာနပိုင်မြေပေါ်တွင် ပုဂ္ဂလိကဆေးရုံဆောက်ရန် မြေငှားရမ်းခြင်း ရပ်ဆိုင်းပေးရန်အဆိုကို လွှတ်တော်အတည်ပြု

ကျန်းမာရေးဝန်ကြီးဌာနပိုင်မြေပေါ်တွင် ပုဂ္ဂလိကဆေးရုံဆောက်ရန် မြေငှားရမ်းခြင်း ရပ်ဆိုင်းပေးရန်အဆိုကို လွှတ်တော်အတည်ပြု - Property News in Myanmar from iMyanmarHouse.com
13 May 2016 11:08 am တွင် တင်ခဲ့သည်
1319 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ဗိုလ်ချုပ်လမ်းနှင့် ပြည်လမ်းထောင့်ရှိ ကျန်းမာရေး ၀န်ကြီးဌာနပိုင်မြေကို ပွင့်လင်းမြင်သာမှုမရှိဘဲ အများပြည်သူတို့၏ အကျိုးစီးပွား ဖော်ဆောင်ခြင်း မရှိသော ပုဂ္ဂလိကဆေးရုံတည် ဆောက်ရန် ငှားရမ်းပေးခြင်း ရပ်ဆိုင်းပေးပါရန် အဆိုကို မေလ ၁၂ ရက်က ကျင်းပသည့် ပြည်သူ့ လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။

ယင်းအဆိုကိုအမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်၏ ရေကြည်မြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာ စံရွှေဝင်းက မေလ ၄ ရက်တွင် တင်သွင်းထား ခြင်းဖြစ်ကာ ဒီချုပ် လွှတ်တော် ကိုယ်စားလှယ်ငါးဦးနှင့် တပ်မ တော်သား လွှတ်တော်ကိုယ်စား လှယ်နှစ်ဦး၊ စုစုပေါင်း ခုနစ်ဦး တို့က ဆွေးနွေးခဲ့ပြီး လွှတ်တော်၏ သဘောထားကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရယူခဲ့ခြင်း ဖြစ်သည်။

ဆွေးနွေးကြသည့် လွှတ် တော်ကိုယ်စားလှယ် ခုနစ်ဦးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ငါးဦး က ယင်းအဆိုကို ထောက်ခံဆွေး နွေးခဲ့သည်။

ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်ခင်စန်းလှိုင်က အဆိုရှင်၏ ရည်ရွယ်ချက်များတွင် ဗိုလ် ချုပ်အောင်ဆန်းလမ်းနှင့် ပြည်လမ်းထောင့်ရှိ မြေ ၄ ဒသမ ၃ ဧကမှာ ကျန်းမာရေးဝန်ကြီးဌာနက ပိုင်ဆိုင်ခြင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးအနီးတွင် တည်ရှိခြင်း၊ ပြည်သူအများစုသည် ကျန်းမာရေးဝန်ကြီးဌာန လက်အောက်တွင်ရှိသည့် ပြည်သူ့ဆေးရုံကြီးများတွင်သာ ဆေးဝါးကုသမှုခံယူနေရခြင်း၊ နောင်အခါတွင် ဆေးရုံကြီးကို တိုးချဲ့ရန် လျာထား သည့် မြေနေရာဖြစ်သဖြင့် ပုဂ္ဂလိကဆေးရုံတည်ဆောက်ရန် ငှားရမ်း ခွင့်ပြုခဲ့ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုခွင့်ပြုခြင်းသည် အများပြည်သူအကျိုးစီးပွားကို ဖော်ဆောင်မှုမရှိ ခြင်းနှင့် ပွင့်လင်းမြင်သာမှုမရှိခြင်း တို့ကြောင့် ရပ်ဆိုင်းသင့်ပါကြောင်းရည်ရွယ်ချက်ကောင်းဖြင့် တင် သွင်းခဲ့ခြင်းဖြစ်သည်ဟု ဆွေးနွေး ခဲ့သည်။

‘‘ကျွန်မတို့ရဲ့ အနာဂတ်မျိုး ဆက်များအတွက် ဘယ်လိုမှ အ စားထိုးပြန်မရနိုင်တဲ့ အမွေအနှစ် ဖြစ်တဲ့ ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့နေရာမှာရှိတဲ့ နိုင်ငံပိုင်မြေ ၄ဒသမ၃ ဧကကို မူလငှားရမ်းမှု နှစ် ၅၀၊ ၁၀ နှစ် နှစ်ကြိမ်တိုးခွင့်နဲ့ တစ်စတုရန်းပေ ပတ်လည်ကို တစ်လမှာ အမေရိကန်ဒေါ်လာ ၁၈ ဒေါ်လာနဲ့ ငှားရမ်းခဲ့တယ်လို့ ကျွန်မတို့ကြားသိရပါတယ်။ တင် ဒါခေါ်ယူရာမှာလည်း ပွင့်လင်းမြင်သာမှုမရှိကြောင်း ဝေဖန်သုံးသပ် မှုများရှိနေပါတယ်’’ဟု ဒေါ်ခင်စန်းလှိုင်က ဆွေးနွေးသည်။

အဆိုပါရန်ကုန်ဆေးရုံကြီး ပိုင်မြေနေရာနှင့် ပတ်သက်၍ မြန် မာနိုင်ငံနေရာဒေသအနှံ့အသီးသီး က စိုးရိမ်ပူပန်နေကြသည့် ဆရာ ၀န်များက လက်မှတ်ရေးထိုးကန့် ကွက်မှုများ၊ မင်းရဲကျော်စွာကား ရောင်းဝယ်ရေးစခန်းမှ ကားဝယ် ရောင်းများက လက်မှတ်ရေးထိုး ကန့်ကွက်မှုများ ရှိခဲ့ကြောင်း၊ လူထုအနေဖြင့် ယင်းကိစ္စနှင့်ပတ်သက်၍အစိုးရသစ်အပေါ် ယုံကြည်အားကိုး မျှော်လင့်နေကြောင်း ဒေါ်ခင်စန်းလှိုင်က ဆွေးနွေးခဲ့သည်။

ဒီချုပ်မှ ညောင်လေးပင်မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဒေါက်တာ မြင့်သိန်းကပုဂ္ဂလိကဆေးရုံ တည်ဆောက်မည့် နေရာသည် ရန်ကုန်ဆေးရုံကြီး၏ မလှမ်းမကမ်းနေရာ တွင်ရှိပြီး ပတ်ဝန်းကျင်၌လည်း အထွေထွေရောဂါကုသ ဆေးရုံ သစ်ကြီး၊ ခုတင် ၅၀၀ ဆံ့ အထူး ကုဆေးရုံ၊ ဆေးတက္ကသိုလ် (၁)၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၊ သူနာပြုတက္ကသိုလ်တို့တည်ရှိနေ သည့်အတွက် ယင်းနေရာတစ်ဝိုက် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ရပ်ဝန်းလို့ခေါ်ဆိုနိုင် ကြောင်း ပြောခဲ့သည်။

‘‘ဒီနေရာမျိုးမှာ ဆေးရုံကြီး တစ်ရုံဆောက်လုပ်ခြင်းဟာ သင့် တော်ကောင်းမွန်ပါတယ်။ သို့ သော်လည်း ဆောက်လုပ်ဖြစ်ပေါ် မယ့် ဆေးရုံကြီးဟာ ကျွန်တော်တို့ ရဲ့ ကျန်းမာရေးဆိုင်ရာမူဝါဒဖြစ် တဲ့ ပြည်သူလူထုအများစုလက် လှမ်းမီနိုင်တဲ့ ကျန်းမာရေးလွှမ်းခြုံစောင့်ရှောက်မှုကို ပေးစွမ်းနိုင်တဲ့ ဌာနကြီးတော့ဖြစ်ဖို့ လိုပါတယ်’’ ဟု ၎င်းကပြောသည်။

ယင်းအချက်ကို ဖြည့်စွမ်း နိုင်ရန် နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ဖွင့်လှစ်သည့်နိုင်ငံပိုင် ပြည်သူ့ဆေးရုံကြီးကသာ တတ်စွမ်းနိုင်ကြောင်း၊ ပုဂ္ဂလိကဆေးရုံတစ်ရုံအနေနှင့် ယင်းဆေး ရုံတွင် တက်ရောက်ကုသနိုင်သည့် ပြည့်စုံကြွယ်ဝသူများအတွက်သာ ကျန်းမာရေးစောင့်ရှောက်မှုကို လုပ်ဆောင်ပေးနိုင်မည်သာဖြစ်ကြောင်း ၎င်းက ထောက်ပြဆွေးနွေးခဲ့သည်။

ဒီချုပ်အမတ်များက ရန်ကုန်မြို့သည် တစ်နေ့တခြား လူဦးရေများပြားလာသည့်အတွက် လုံလောက်သော ကျန်းမာရေး စောင့်ရှောက်မှုပေးရန် ပြည်သူများ အားထားနေရသည့် ရန်ကုန်ဆေးရုံကြီး တိုးချဲ့ တည်ဆောက်ရန် ယင်းမြေနေရာကို လျာထားသင့်ကြောင်း၊ ရန်ကုန်မြို့ရှိ ဆရာဝန်များမွေး ထုတ်ပေးနေသော တက္ကသိုလ်များမှ ဘွဲ့လွန်၊ ဘွဲ့ကြိုဆေးကျောင်းသားများအတွက် ရန်ကုန်မြို့အနှံ့ တွင်ရှိသော ပြည်သူ့ဆေးရုံများ ကို သင်ကြားရေးဆေးရုံများအ ဖြစ်သာ သတ်မှတ်ပြီး ဆေးပညာ သင်ကြားလေ့လာမှုများ ပြုလုပ် နေကြရကြောင်း၊ ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆေးရုံများတွင် သင် ကြားလေ့လာခွင့်များ လုပ်ခွင့်မရ ရှိကြသည့်အတွက် ယင်းနေရာ ၌ နိုင်ငံပိုင်ခေတ်မီဆေးရုံကြီး တစ်ရုံပေါ်ပေါက်လာပါက မြန်မာ့ ဆေးပညာလောကအတွက် သင် ကြားရေးဆိုင်ရာနှင့် သုတေသန လုပ်ငန်းများတွင် များစွာအ ထောက်အကူပြုမည်ဖြစ်ကြောင်းဆွေးနွေးခဲ့သည်။

‘‘အခုလိုတင်ပြနေခြင်းဟာ ပုဂ္ဂလိက ဆေးရုံတစ်ရုံ တည် ဆောက်မှာကိုမလိုလား၍ တင်ပြ နေခြင်းမဟုတ်ပါ။ ကျွန်တော်တို့ ရဲ့ ကျန်းမာရေးဆိုင်ရာမူဝါဒတစ် ချက်ဖြစ်တဲ့ ပုဂ္ဂလိကဆေးရုံ၊ ဆေး ခန်းများကို ပြည်သူ့ကျန်းမာရေး ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင် ရန်အတွက် ဥပဒေနှင့်အညီ ဖွင့် လှစ်ခွင့်ပြုမယ်ဆိုတဲ့ အချက်နဲ့ အညီ သင့်တော်တဲ့မြေနေရာတွင် လိုအပ်သလို ဆောက်လုပ်ခွင့်ရှိပါ တယ်။အခုနေရာမှာတော့ နိုင်ငံပိုင် ခေတ်မီဆေးရုံကြီးမျိုးမှ တစ်ပါး ပုဂ္ဂလိကဆေးရုံဆောက်လုပ်ခြင်း မှာ မသင့်တော်ပါဘူး’’ဟု ဒေါက် တာ မြင့်သိန်းက ပြောသည်။

ပုဂ္ဂလိက ဆေးရုံများသည် မြို့စွန်များတွင် သွားရောက်တည် ဆောက်ပါက ပြဿနာမရှိနိုင် သော်လည်း ရန်ကုန်ဆေးရုံကြီးကဲ့ သို့ အားထားရသည့် နိုင်ငံပိုင် ဆေးရုံကြီးကိုသာ မြို့စွန်တွင် တည်ဆောက်ရပါက လာရောက် ရသည့် ဆင်းရဲသည့် ပြည်သူများ အနေဖြင့် သွားရေးလာရေးအဆင် မပြေဘဲ အခက်အခဲများကြုံတွေ့ နိုင်သည့်အတွက် ပုဂ္ဂလိကဆေး ရုံတည်ဆောက်မည့် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ဗိုလ်ချုပ် လမ်းနှင့် ပြည်လမ်းထောင့်ကျန်း မာရေးဝန်ကြီးဌာနပိုင်မြေနေရာ တွင် ပြည်သူများအားထားရသည့် နိုင်ငံပိုင်ဆေးရုံကိုသာ တည် ဆောက်သင့်ကြောင်း ပြည်မဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော် ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည်ကလည်း ဆွေးနွေးတင်ပြခဲ့သည်။

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး စိုင်းအိုက်လှက အဆိုနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုမရှိခြင်းဆိုသည့် အပိုင်းကို ဆွေးနွေးခြင်းမပြုဘဲ အများပြည်သူတို့၏ အကျိုးစီးပွားကို ဖော်ဆောင်ခြင်းမရှိသော ပုဂ္ဂလိက ဆေးရုံတည်ဆောက်ခြင်းဆိုသည့် အပိုင်းကို အပြုသဘောဆောင် ပြီး ဆွေးနွေးမည်ဟု လွှတ်တော် သို့ တင်ပြခဲ့သည်။

ထို့အတူ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒုတိယဗိုလ်မှူးကြီး စိုးစိုးမြင့်ကလည်း အဆိုကို အပြုသဘော နှင့် ဆွေးနွေးမည်ဟု လွှတ်တော် သို့ တင်ပြခဲ့သည်။ ဒုတိယဗိုလ်မှူးကြီး စိုးစိုးမြင့်က ၎င်း၏ ဆွေးနွေးမှုတွင် ပြည်သူလူထု၏ကျန်းမာရေးလို အပ်ချက်များကို Public Sector က ရာနှုန်းပြည့်အချိန်မီမဖြည့်ပေး နိုင်သေးသည်ကိုလေ့လာတွေ့ရှိရ ကြောင်း၊ မြန်မာနိုင်ငံသားများအ နေဖြင့်ထိုင်း၊ စင်ကာပူ၊သြစတြေး လျ၊ အိန္ဒိယ၊ ဗြိတိန်စသည့် နိုင်ငံများသို့သွားရောက်ဆေးကုသရာ တွင် နှစ်စဉ်အမေရိကန်ဒေါ်လာ သန်းသုံးရာမှလေးရာအတွင်း ပြည် တွင်းမှ စီးထွက်လျက်ရှိသည်ကို လေ့လာသိရကြောင်း၊ နိုင်ငံတ ကာအဆင့်မီ ကျန်းမာရေးစောင့် ရှောက်မှုများရှိခဲ့လျှင် Private Sector များကို တိုးချဲ့ဆောင်ရွက်ခြင်းဖြင့် မိမိနိုင်ငံမှ ကျန်းမာရေး အတွက် စီးထွက်လျက်ရှိသော နိုင်ငံခြားသုံးငွေများကို ပြည်တွင်း တွင် လိုအပ်သော အခြားကိစ္စများအတွက် အသုံးချနိုင်မည်ဖြစ်ကြောင်းတို့ကို ဆွေးနွေးခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ် များ၏ ဆွေးနွေးမှုများအပြီးတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာ မြင့် ထွေးက ယင်းကိစ္စအပေါ် ပြန် လည်ဆွေးနွေးခဲ့ရာ ၎င်းအနေဖြင့် ပြီးခဲ့သည့် ဧပြီ ၁ ရက်မှစကာ တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ် ကြောင်း ပြောကြားခဲ့သည်။

အဆိုပါဆေးရုံစီမံကိန်းကို ပြည်တွင်းလုပ်ငန်းရှင် အချို့နှင့် စင်ကာပူနိုင်ငံ Parkway Hospital အုပ်စုတို့ ပူးပေါင်းဖက်စပ်လုပ် ဆောင်ခြင်းဖြစ်ကာ ခုတင် ၂၅၀ ဆံ့ ဆေးရုံအဖြစ် အဆင့်လိုက် ဆောင်ရွက်မည်ဖြစ်ပြီး တင်ဒါ ခေါ်ယူခြင်းမရှိခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး၏ ဆွေးနွေးမှုများ အရသိရသည်။

သို့သော် ပြည်ထောင်စု အစိုးရအဖွဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြန်မာနိုင်ငံအင်ဂျင်နီယာများအ သင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့တို့ထံ အဆင့်ဆင့်တင်ပြပြီးသဘောတူညီချက်များကို လုပ်ထုံး လုပ်နည်းနှင့်အညီ ၂၀၁၅ အောက်တိုဘာ ၂ ရက်၌ ပြည်ထောင်စု အစိုးရအဖွဲ့မှ စတင်ကာ နောက် ဆုံး ၂၀၁၅ ဒီဇင်ဘာ ၁၇ ရက်တွင်ပြည်ထောင်စုအစိုးရအဖွဲ့အစည်း အဝေးအမှတ်စဉ် (၂၆/၂၀၁၅)၌ ၀န်ကြီးဌာနပိုင်မြေကို ငှားရမ်း သုံးစွဲခွင့်ပြုရန် ကျန်းမာရေးဝန် ကြီးဌာန၏ အမှာစာကို သဘော တူကြောင်း ဆုံးဖြတ်ခဲ့သဖြင့် ကိစ္စ ရပ်များအားလုံးကို နှစ်လခွဲအ တွင်း အပြီးတိုင် ဆောင်ရွက်ခဲ့ သည်ကို တွေ့ရကြောင်း ၀န်ကြီး က လွှတ်တော်သို့ ပြောသည်။

‘‘မြို့အစွန်မှာဆောက်လို့ ဆိုရင်တော့ ပြဿနာတော့ မရှိ ဘူးထင်တာကတော့ သူတို့ပိုက်ဆံရှိတဲ့ သူတွေက အကုန်သွားလို့ရ တယ်။ ယိုးဒယား၊ အမေရိကန် တောင်သွားလို့ရတယ်ဆိုတော့ ပုဂ္ဂလိကဆေးရုံက နည်းနည်းဝေး တဲ့နေရာမှာ ထားမယ်ဆိုလည်း သူတို့သွားနိုင်မယ်လို့ ကျွန်တော် မြင်ပါတယ်။ ဆင်းရဲသားလူထုက တော့ သူတို့သွားဖို့ဆိုရင် ကားစရိတ်တောင်သိပ်မရှိတဲ့အတွက် ဒါတွေကိုစဉ်းစားဖို့ လိုပါတယ်’’ ဟု လွှတ်တော်သို့ ၀န်ကြီးက တင် ပြခဲ့သည်။

ယင်းနောက် ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ယင်း အဆိုအပေါ် လွှတ်တော်၏ သဘော ထားကို မေးမြန်းခဲ့ရာ ကန့်ကွက် သူမရှိသဖြင့် အဆိုကို ပြည်သူ့ လွှတ်တော်က အတည်ပြုပေးခဲ့ သည်။

အဆိုကို လွှတ်တော်က အတည်ပြုခဲ့သဖြင့် ရန်ကုန် ဆေးရုံကြီးအနီး တည်ဆောက်မည့် ယင်းစီမံကိန်း ဆက်လက်လုပ်ဆောင်ခွင့်ရတော့မည် မဟုတ်တော့ကြောင်း ဒေါ်ခင်စန်းလှိုင်က ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service