ကွန်ဒိုအဆောက်အအုံများ၏ ၄၀ ရာခိုင်နှုန်းခန့်ကို နိုင်ငံခြား သားများ ဝယ်ယူပိုင်ဆိုင် ခွင့်ပြု သော ကွန်ဒိုမီယံဥပဒေကို ယခင် အစိုးရလက်ထက် လွှတ်တော်က အတည်ပြုခဲ့သဖြင့် ကွန်ဒိုဈေးကွက်မှာ အလားအလာများစွာရှိ လာသည်ဟု ဈေးကွက်ကျွမ်းကျင်သူများကပြောသည်။
ကွန်ဒိုအခန်းများ ဈေးကွက် အလားအလာ ကောင်းနေသော်လည်း ကန်ထရိုက်တိုက်ခန်းများ နှင့် အိမ်ခြံမြေဈေးကွက်မှာ လက် ရှိအချိန်တွင်အရောင်းအဝယ်အေးနေကြောင်း တော်ဝင်မိသားစုကုမ္ပ ဏီဥက္ကဋ္ဌ ဦးကိုကိုထွေးက
ပြောသည်။
‘‘အစိုးရသစ်ရဲ့ အခြေခံလူတန်းစားနဲ့ လူလတ်တန်းစားတွေ နေထိုင်ရေး ဦးတည်တဲ့ မူဝါဒတွေ ဖော်ဆောင်နိုင်ရင် မြေဈေးက ကျမှာပဲ။ မြေဈေးကျအောင် လုပ်ဖို့ လည်း နည်းလမ်းတွေ ရှိပါတယ် iMyanmarHouse မှ မန်နေဂျင်းဒါရိုက်တာ ဦးနေမင်းသူက ဆိုသည်။
မြန်မာနိုင်ငံ၏ ဒုတိယစီးပွားရေးမြို့တော်ဖြစ်သော မန္တလေးမြို့၏ မြေဈေးကို လာမည့် ငါးနှစ်အတွင်း လက်ရှိ ဈေးကွက်တွင်ဖြစ်နေသော ဈေးထက် ထက်ဝက်ခန့်ကျ ဆင်းသွားအောင် ဆောင်ရွက်မည် ဟု မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်က
ပြောကြားထားသည်။
မန္တလေးမြို့ မြေဈေးကျဆင်းရန် မြေအရောင်းအဝယ် ကိုယ်စားလှယ်လွှဲစာ(GP)အခြေအနေများ ကို သေချာ ဖော်ထုတ်စိစစ်မည် ဖြစ်ပြီး စက်မှုဇုန်ရှိ မြေကွက်များ ကိုလည်း စက်မှုလုပ်ငန်း မလုပ်ကိုင်ပါက ဥပဒေနှင့်အညီ ပြန်လည် သိမ်းဆည်းရန် စီစဉ်မည်ဟု ၎င်းက ဆိုထားသည်။
မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်သည် တပ်မတော်အစိုးရ လက်ထက် ၂၀၀၇ သြဂုတ်တွင် အခွန်နှုန်းထားစတင်ပြောင်းလဲပြီး နောက်ပိုင်း၌ အရောင်းအဝယ် တစ်ရှိန်ထိုးတက်လာ၍ လုပ်ငန်းစုံမှ ဝင်ရောက် ရင်းနှီးမြှုပ်နှံကာ
ဈေးကစားမှုများကြောင့် ဈေးနှုန်းများ အဆပေါင်းများစွာ မြင့်တက်လာကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
‘‘အိမ်ခြံမြေဈေးကကျမှကို အလုပ်လုပ်လို့ရမှာ။ မြေဝယ်ပြီး ဦးထားတာတွေ၊ အိမ်မြေဈေးကွက်ကို စီးပွားရေးတစ်ခုလို ကစားနေတာတွေ ရပ်တန့်သွားမှာပါ’’ဟု စက်မှုဇုန်ဥက္ကဋ္ဌတစ်ဦးက သူ၏ အမြင်ကို ပြောသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com