အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းရှင်များတွင် ငွေ ကြေးခဝါချ၍အရောင်းအဝယ် ပြုလုပ်နေသူများမပါဝင်ကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှု အသင်းဒုဥက္ကဋ္ဌဦးသန်းဦးကပြော သည်။
‘‘ကျွန်တော်တို့ အကျိုး ဆောင်သူတွေက ခဝါချတဲ့သူတွေ မဟုတ်ပါဘူး။ အိမ်ခြံမြေဝန် ဆောင်မှုအသင်းမှာပါတဲ့ အကျိုး ဆောင်တွေက အဓိကငွေကြေး ခဝါချမှုမှာပါဝင်တဲ့ လက်သည် မဟုတ်ပါဘူး’’ဟု ဦးသန်းဦးက ပြောသည်။
သို့သော် မြန်မာနိုင်ငံရှိ မြေ ကွက်အများစုမှာ မြန်မာနိုင်ငံသား များအမည်ခံ၍ ပြည်ပမှလာ ရောက်ဝယ်ယူသူများသာ ယင်းကဲ့သို့ငွေကြေးခဝါချသူများထဲတွင်ပါဝင်ခြင်းဖြစ်ပြီး အစိုးရက ငွေ ကြေးခဝါချမှုနှင့်ပတ်သက်၍ ထိထိရောက်ရောက်လုပ်ဆောင်ရန်လိုအပ်နေကြောင်း အကျိုး ဆောင်များက သုံးသပ်သည်။
ငွေကြေးခဝါချသူများထဲ တွင် အရောင်းအဝယ်အကြီးစား များပြုလုပ်လေ့ရှိသည့် လက်ကြီး သမားများထဲ၌သာ အများဆုံးဖြစ်ပြီး အောက်ခြေအရောင်းအဝယ်
အသေးစားလေးများတွင်မူ လွန် စွာနည်းပါးသည်ဟု အကျိုး ဆောင်အချို့ကသုံးသပ်သည်။
ငွေကြေးခဝါချမှုနှင့်ပတ် သက်၍ အစိုးရက ကျပ်သိန်းတစ် ထောင်အထက် အရောင်းအဝယ် ပြုလုပ်ပါက ဘဏ်တွင် စစ်ဆေး ရန် တင်ပြရခြင်းနှင့် အခြားစီမံ ချက်များဖြင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ ဖွဲ့စည်းပြီး ဆောင်ရွက်နေကြောင်း သိရ သည်။
လက်ရှိဈေးကွက်အခြေ အနေသည် အိမ်ခြံမြေပူဖောင်း ပေါက်ရန် နီးစပ်နေသည့်အချိန် ဖြစ်နေပြီး ဈေးကွက် ပြန်လည်
ကောင်းမွန်လာနိုင်ခြင်းမရှိ ကြောင်း ကျွမ်းကျင်သူများက ထောက်ပြနေသော်လည်း အိမ်ခြံမြေ အကျိုးဆောင်များက ငြင်း ဆန်လျက်ရှိသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com