ကူဝိတ်တွင် မြို့ သစ်တစ်ခုတည်ဆောက်ရန်အတွက် တောင်ကိုရီးယားနှင့် ကူဝိတ်အစိုးရ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

ကူဝိတ်တွင် မြို့ သစ်တစ်ခုတည်ဆောက်ရန်အတွက် တောင်ကိုရီးယားနှင့် ကူဝိတ်အစိုးရ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး - Property News in Myanmar from iMyanmarHouse.com
12 May 2016 11:02 am တွင် တင်ခဲ့သည်
1250 ကြိမ် ကြည့်ရှု့ပြီး
ကူဝိတ်နိုင်ငံရှိ အကျယ်အ၀န်း ၅၉ စတုရန်းကီလိုမီတာ (၁၉၃၅၆၉ ပေ)ရှိသဲကန္တာရအတွင်း မြို့ သစ်ကြီးတစ်ခုဆောက်လုပ်ရန်အတွက် တောင်ကိုရီးယားနှင့် ကူဝိတ်အစိုးရတို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြကြောင်းဆိုးလ်အခြေစိုက် သတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။

တောင်ကိုရီးယားမြေယာ၊ အခြေခံအဆောက်အအုံနှင့် ပို့ဆောင်ရေးဝန်ကြီးကမ်ဟိုအင်နှင့် ကူဝိတ် အိုးအိမ် ၀န်ကြီးယာဆာဟာဆန် အဗ္ဗဒူတို့သည် ဆပ်အယ်လ်အဗ္ဗဒူလာဟု အမည်ပေးထားသည့် မြို့ သစ်ကြီးတစ်ခုတည်ဆောက်ရန်အတွက် တနင်္လာနေ့ကနားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

၎င်းအပြင် ကိုရီးယားမြေယာနှင့်အိုးအိမ်ကော်ပိုရေးရှင်း (LH)သည်လည်း ကူဝိတ်ပြည်သူ့အိုးအိမ်ရေးရာ အာဏာပိုင်အဖွဲ့ (PAHW)နှင့် အဆိုပါမြို့ သစ်ဆောက်လုပ်ရေးအတွက် နားလည်မှုစာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြသည်။

ယင်းမြို့ သစ်ကြီးကို ကူဝိတ်နိုင်ငံအနောက်ပိုင်းတွင် တည်ဆောက်မည်ဖြစ်ကာလူနေအိမ်ပေါင်း ၂၅၀၀၀ ခန့် ဆောက်လုပ်သွားမည်ဖြစ်ပြီးခန့်မှန်းကုန်ကျစရိတ်မှာကန်ဒေါ်လာ ၄ ဘီလီယံဖြစ်သည်။
ကိုရီးယားမြေယာနှင့်အိုးအိမ်ကော်ပိုရေးရှင်းနှင့် ကူဝိတ်ပြည်သူ့အိုးအိမ်ရေးရာအာဏာပိုင်အဖွဲ့တို့သည် ဖက်စပ်ကုမ္ပဏီတစ်ခုထူထောင်သွားမည်ဖြစ်ပြီးယင်းကုမ္ပဏီသည် မြို့ သစ်ဒီဇိုင်းရေးဆွဲခြင်း၊ ဆောက်လုပ်ခြင်း များ ပြုလုပ်မည် ဖြစ်သည်။

ယခုအသစ်တည်ဆောက်မည်မြို့ တော်ကိုစမတ်မြို့ တော်အဖြစ်တည်ဆောက်မည်ဖြစ်ပြီး ကူဝိတ်ဈေးကွက်သို့ ၀င်ရောက်လိုလျက်ရှိကြသော အခြားတောင်ကိုရီးယား developer တို့အတွက် တံခါးပွင့်သွားခြင်းလည်း ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကူဝိတ်တွင် မြို့ သစ်တစ်ခုတည်ဆောက်ရန်အတွက် တောင်ကိုရီးယားနှင့် ကူဝိတ်အစိုးရ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service