ဝယ်သူနည်း၍ ပြန်ရောင်းသူများနေသော ရန်ကုန်ရွှေဈေးကွက်

ဝယ်သူနည်း၍ ပြန်ရောင်းသူများနေသော ရန်ကုန်ရွှေဈေးကွက် - Property News in Myanmar from iMyanmarHouse.com
12 May 2016 10:05 am တွင် တင်ခဲ့သည်
1806 ကြိမ် ကြည့်ရှု့ပြီး
ယနေ့ ရန်ကုန်ရွှေဈေးကွက်ဖြစ်သော လမ်းမတော်မြို့နယ်၊ လသာမြို့နယ်၊ ပန်းဘဲတန်းမြို့ နယ်နှင့် ဗိုလ်ချုပ် အောင်ဆန်းဈေးအတွင်းရှိ ရွှေရောင်းဆိုင် များတွင် ဝယ်ယူသူတို့ အလာနည်းနေပြီး ဝယ်ပြီးသားရွှေထည်များကို ပြန်ရောင်း သူတို့သာများနေကြောင်း ၂၉ လမ်း ရွှေ ပန်းထိမ်ဆိုင်မှ ဦးအုန်းမြိုင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ''အခုအခြေအနေ မှာတော့ ပြည်တွင်း ရွှေဈေးကွက်က အခုလိုပဲ အေးလိုက်၊ အရောင်းအဝယ် ကောင်းလာလိုက်နဲ့ အနိမ့်အမြင့် ရှိနေမှာပါပဲ။ အာဆီယံ စီးပွားရေးအသိုက်အဝန်း (Asean
Economic Community-AEC) ကို မကြာခင်မှာစတော့မှာ ဖြစ်ပါတယ်။ အာဆီယံ ရွှေဈေးကွက်အတွင်းမှာ လွတ်လပ်စွာ ရောင်းဝယ်နိုင်ကြတော့ မှာ ဖြစ်တဲ့အတွက် ရွှေအရောင်းအဝယ် အခုထက် ပိုကောင်းလာနိုင်ပါတယ်'' ဟု ဆိုသည်။
၎င်းကပင်ထပ်မံ၍ ''အခုအရောင်း အဝယ်ပြုလုပ်နေတဲ့ ကျပ်-ပဲ-ရွေးစနစ် အပြင် က္ဘာသုံးဂရမ်၊ အောင်စစနစ်ကို ပါ ပူးတွဲသုံးတက်ဖို့ လေ့ကျင့်ထားရန် လိုသလို ရွှေရည်ရွှေသွေးကိုလည်း ၉၉ ဒသမ ၉၉၉၉ ရာခိုင်နှုန်းအထိ ထုတ်လုပ် ဖို့လိုလာပါပြီ''ဟု ဆိုခဲ့သည်။

မြန်မာ့ရွှေဈေးကွက်မှာကမ္ဘာ့ရွှေဈေးပေါ်တွင် မှီနေရသည့်အတွက် ကမ္ဘာ့ရွှေဈေး ကျဆင်းခြင်းနှင့်အတူ မြန်မာ့ရွှေဈေးသည်လည်း လိုက်ပါ ကျဆင်းတတ်ခြင်းရှိသကဲ့သို့ က္ဘာ့ ရွှေဈေးအတက်တွင်လည်း ထပ်တူ လိုက်ပါတက်လေ့ရှိကြောင်း သိရသည်။
သင်္ကြန်မတိုင်မီ ဧပြီ ၁၁ ရက်က ကမ္ဘာ့ရွှေဈေး မှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၆၃ ရှိခဲ့ပြီး မြန်မာ့ရွှေ (အခေါက်ရွှေ) တစ်ကျပ် သားလျှင် ငွေကျပ် ၇၈၁၅ဝဝ ဈေး ဖြစ်နေခဲ့သည်။

သင်္ကြန်အပြီး ယခုနောက်ပိုင်းရက် များအတွင်း အမြင့်ဆုံးဈေးမှာ မေ ၇ ရက်က ကမ္ဘာ့ရွှေဈေး ၁၂၈၇ ဒေါ်လာရှိပြီး မြန်မာ့ရွှေဈေးမှာ ငွေကျပ် ၇၉၅ဝဝဝ အထိ ဖြစ်လာသည်ဟု ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရုံး စာရင်းအရ သိရသည်။

ဈေးမြင့်မားလာမှုကို နှုန်းယှဉ်ကြည့် ပါက ကမ္ဘာ့ရွှေဈေးမှာ ၂၄ ဒေါ်လာအထိ မြင့် တက်လာသကဲ့သို့ မြန်မာ့ရွှေဈေးမှာ တစ်ကျပ်သား ငွေကျပ် ၁၄၅ဝဝ အထိ ကွာဟမှုဖြစ်လာ သည်ကို လေ့လာတွေ့ရှိ ရသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်း ရှင်များအသင်းစည်းရုံးရေးမှူး ဦးအေးချို က ''ရွှေဈေးကွက်က အခုလဆန်း ကတည်းက အေးနေတယ်။ လလယ်၊ လကုန်အထိ အပြင် ရှေ့လ မှာ ကျောင်း တွေဖွင့်တော့မှာဖြစ်တဲ့အတွက် ပိုအေး သွားဖို့ပဲ ရှိပါတယ်''ဟု ဆိုသည်။

မိုးဦးပွင့်ရွှေဆိုင်မှ ဦးသာညွန့်ဟန် က ''အခုရက်ပိုင်း တစ်လျှောက်လုံး အသစ်ဝယ်ယူသူထက်၊ ဝယ်ပြီးသားတွေ ကို လာပြန်ရောင်းကြတာများတယ်။ ကလေးတွေကျောင်းကိစ္စတဲ့၊ အလယ် အလတ် လူတန်းစားတွေ များပါတယ်''ဟု ဆိုခဲ့သည်။

မေ ၁ဝ ရက် နံနက်အဖွင့်၌ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၂၆၄ ရှိခဲ့ပြီး ညနေဈေးကွက်ပိတ်ချိန်၌၁၂၆၅ ဖြင့်ပိတ်သကဲ့သို့ မြန်မာ့ ရွှေဈေးကွက်မှာလည်း စဖွင့်ချိန်၌ အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၇၈၉၇ဝဝ ဖြင့် စဖွင့်ခဲ့သော်လည်း ညနေ ဈေးကွက်ပိတ်ချိန်၌ ငွေကျပ် ၇၈၉ဝဝဝ ဖြင့် အရောင်းအဝယ်ပိတ်ခဲ့ကြောင်း သိရသည်။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service