အိမ်ခြံမြေဈေးနှုန်းများ အကျဘက်သို့သာ ဦးတည်နေ

အိမ်ခြံမြေဈေးနှုန်းများ အကျဘက်သို့သာ ဦးတည်နေ - Property News in Myanmar from iMyanmarHouse.com
11 May 2016 10:35 am တွင် တင်ခဲ့သည်
5344 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်သည် ရှေ့အလားအလာတွင် အရောင်းအ၀ယ်များ ပိုဖြစ်လာနိုင်သော်လည်း ဈေးနှုန်းများ အကျဘက်သို့ ဦးတည်လာမည့် အလားအလာရှိကြောင်း အိမ်ခြံမြေ လုပ်ငန်းရှင်များက ပြောသည်။

အစိုးရသစ်လက်ထက်တွင် အခြေခံလူတန်းစားနှင့် လူလတ်တန်းစားများအတွက် အိမ်ရာစီမံကိန်းများ မူဝါဒချမှတ် အကောင်အထည်ဖော်မည်ဟု ယုံကြည်ထားခြင်းနှင့် မြို့သစ်စီမံကိန်းများ ထပ်မံပေါ်ပေါက်လာပြီး မြေကွက်လွတ်များ ပေါ်ထွက်လာရန် ရှိခြင်းတို့ကြောင့် အရောင်းအ၀ယ်များ ပိုမိုဖြစ်လာနိုင်သည်ဟု အွန်လိုင်းအိမ်ခြံမြေရောင်းဝယ် ကုမ္ပဏီ iMyanmarHouse.com မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးနေမင်းသူက ပြောသည်။

“ဈေးကွက်က အကျဘက်ကို ဦးတည်လာတယ်လို့ ပြောလို့ ရနိုင်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုရင် အစိုးရပေါ့။ အစိုးရသစ်က အခြေခံလူတန်းစားနဲ့ လူလတ်တန်းစားတွေကို ဦးတည်ပြီးတော့ မူဝါဒတွေ ဖော်ဆောင်မယ်လို့ ယုံကြည်ပါတယ်။ အဲ့ဒီလို ဖော်ဆောင်တဲ့အခါမှာ အခြေခံလူတန်းစားနဲ့ လူလတ်တန်းစားတွေ တက်နိုင်အောင်လို့ အိမ်ခြံမြေဈေးနှုန်းတွေ မဖြစ်ဖြစ်အောင် ချပေးမယ်လို့ ယုံပါတယ်။ ဒီလို မူဝါဒတွေ ချမယ်၊ စီမံကိန်းတွေ အကောင်အထည်ဖော်မယ်ဆိုရင် နောင် ၅ နှစ်အတွင်းမှာ အိမ်ခြံမြေဈေးနှုန်းတွေ ကျအောင် လုပ်ပေးမယ်လို့ ယုံပါတယ်” ဟု ဦးနေမင်းသူက ပြောသည်။

မြန်မာနိုင်ငံတွင် အိမ်ခြံမြေဈေးနှုန်းများ ချရာတွင် စင်ကာပူနိုင်ငံကို အတုယူသင့်ပြီး စင်ကာပူနိုင်ငံတွင် အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်ခဲ့စဉ်က ရောင်းခွန် ၀ယ်ခွန်များ ကောက်ယူခဲ့ပြီး ၀ယ်ယူထားသူက ၁ နှစ် အတွင်း ပြန်လည်ရောင်းချပါက ရောင်းခွန်အဖြစ် ၁၆ ရာခိုင်နှုန်း ရောင်းခွန်ဆောင်ခိုင်းကြောင်း၊ ယင်းသို့ ရောင်းခွန် ၀ယ်ခွန် ဆောင်ခိုင်းသည့်အတွက် ဈေးကစားမှုများ နည်းပါးသွားခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ကိုက်ညီသည့် မူဝါဒများ ချမှတ်လုပ်ဆောင်ရန် လိုကြောင်း ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် အိမ်ခြံမြေဈေးကွက်မှာ အေးစက်နေပြီး အစိုးရသစ်၏ မူဝါဒများအပေါ်တွင် စောင့်ကြည့်နေဆဲ အခြေအနေသာ ဖြစ်ကြောင်း၊ အစိုးရသစ်၏ အိမ်ခြံမြေနှင့် ပတ်သက်သော မူဝါဒများနှင့် စီမံကိန်းများအပေါ်တွင် မူတည်နေကြောင်း သိရသည်။

အိမ်ခြံမြေ လောကတွင် ဈေးကွက်အေးစက်နေသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး လွန်ခဲ့သည့် ၁ နှစ်ခန့်ကတည်းက ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ညည်းညူခဲ့ကြကြောင်း၊ ကြိုပွိုင့်စနစ်ဖြင့် ဆောက်သော ဆောက်လုပ်ရေး လုပ်ငန်းရှင် တော်တော်များများ လုပ်ငန်း မဆက်နိုင်ဘဲ ထိုင်နေခဲ့ရသည့် အဖြစ်မျိုးအထိ ရှိခဲ့ကြပြီး တိုက်ခန်းများကို ခေါ်ဈေးထက် လက်တွေ့ဈေးတွင် နှိမ့်ကာ ရောင်းချမှုများ ရှိခဲ့ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

လတ်တလော ဈေးကွက်တွင် အိမ်ခြံမြေ အရောင်းအ၀ယ် အေးစက်နေပြီး ကန်ထရိုက်တိုက်ခန်း အရောင်း အ၀ယ်များ ရပ်တန့်နေကြောင်း တောဝင်မိသားစု ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးကိုကိုထွေးက ပြောသည်။

“ဒီနေ့ အိမ်ခြံမြေဟာ ရပ်တန့်သလောက် နီးနီးကို ဖြစ်နေတယ်ဆိုတာ ရောင်းတဲ့ ၀ယ်တဲ့ သူတွေအားလုံး ခံစားနေရပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ လက်ထဲဝယ်ထားတဲ့ သူတွေ developer တွေကလည်း ဆက်မဆောက်နိုင်လောက်အောင် ရပ်တန့်နေပါတယ်။ ဒီက အနေအထားကိုပြောမယ်ဆိုရင် ကျနော်တို့နိုင်ငံက စီးပွားရေး လုပ်ငန်းပမာဏအားဖြင့် ကြည့်မယ်ဆိုရင် အခြားနိုင်ငံတွေထက် တော်တော် ကျဉ်းမြောင်းပါတယ်။ ဒီအနေထားမှာ ၀င်ငွေနည်းပါးတဲ့သူ ပိုများပါတယ်။ ၀င်ငွေနည်းတာများတဲ့ အတွက် လက်ရှိရှိနေတဲ့ အိမ်ခြံမြေဈေးတွေ သူတို့အတွက် အလှမ်မမှီအောင် ဝေးကွာနေတယ်လို့ အားလုံးက ယူဆပါတယ်” ဟု ဦးကိုကိုထွေးက ပြောသည်။

နိုင်ငံတကာအခြေအနေတွင် ဆောက်လုပ်ရေးကုမ္ပဏီများနှင့် ၀ယ်ယူလိုသူများ နှစ်ဦးနှစ်ဘက်အတွက် သင့်သင့်မျှတသော အခြေအနေနှင့် ဆောက်နိုင် နေနိုင်ရန် နှစ်ရှည်ဘဏ်ချေးငွေများဖြင့် ဖန်တီးပေးလေ့ရှိကြောင်းလည်း ၎င်းက ပြောသည်။

သို့သော် လက်ရှိမြန်မာနိုင်ငံ၏ ဘဏ်တိုးနှုန်းမှာ ၁၃ ရာခိုင်နှုန်း ဖြစ်ပြီး နိုင်ငံတကာ ဘဏ်တိုးနှုန်းများနှင့် ယှဉ်လျှင် မြင့်မားနေဆဲဖြစ်ကာ နှစ်ရှည်ချေးငွေပေးနိုင်မှုလည်း မရှိကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်များထံမှ သိရှိရသည်။

Credit : Irrawaddy News

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service