အကွက်ရိုက် ရောင်းချနေသည့် ပြင်ဦးလွင်မြို့နယ် မိုးကုတ်ကားလမ်းဘေးမှ မြေနေရာများကို တာဝန်ရှိသူများ စတင်ရှင်းလင်း

အကွက်ရိုက် ရောင်းချနေသည့် ပြင်ဦးလွင်မြို့နယ် မိုးကုတ်ကားလမ်းဘေးမှ မြေနေရာများကို တာဝန်ရှိသူများ စတင်ရှင်းလင်း - Property News in Myanmar from iMyanmarHouse.com
11 May 2016 10:21 am တွင် တင်ခဲ့သည်
2271 ကြိမ် ကြည့်ရှု့ပြီး
ပြင်ဦးလွင်မြို့နယ်အတွင်းရှိ စိုက်ပျိုးရန် ချထားပေးသည့် မြေများကို အမှန်တကယ်စိုက်ပျိုးခြင်းမရှိဘဲ ကွက်စိတ်ရိုက် ရောင်းဝယ်နေမှုများကြောင့် အဆိုပါနေရာများကို မြေယာဥပဒေနှင့် မညီညွတ်သောမြေယာများ အရေးယူ ရှင်းလင်းရေးကော်မတီ ဖွဲ့စည်း၍ စတင်ရှင်းလင်းလျက်ရှိကြောင်း ပြင်ဦးလွင်ဒေသခံများထံမှ သိရသည်။ ယင်းနှင့်ပတ်သက်၍ အဆိုပါကော်မတီ၏ နာယက ဖြစ်သူ၊ ပြင်ဦးလွင်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်မင်းက ''ပြင်ဦးလွင်မြို့ နယ်တစ်ခုလုံးအနေနဲ့ ဆိုရင်တော့ အခုလို ကွက်စိတ်ရိုက် ရောင်းထားတာက ဧက ၅ သောင်းကျော်လောက်အထိ ရှိနေပါတယ်။ ခန့်မှန်းရ ခက်ခဲပါတယ်။

အရပ် ၁၆ မျက်နှာလုံးမှာ ရွာတိုင်းရွာတိုင်းမှာ အကွက်စိတ်ရောင်းထားတာတွေ အများကြီးပါ''ဟု မေ ၉ ရက်က ပြောသည်။အဆိုပါနေရာများကို စတင်ရှင်းလင်းရန်အတွက် ကော်မတီတစ်ခုကို မကြာခင်ရက်ပိုင်းအတွင်းမှ စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ မိုးကုတ်ကားလမ်းဘေးရှိ မြေကွက် ၅ဝ ကျော်ကို စတင်ဖယ်ရှားပြီးသွားပြီ ဖြစ်ကြောင်း သိရသည်။ ဦးအောင်မင်းက ''အခုဖြစ်နေတာက မြေလွတ်မြေရိုင်းနယ်မြေအားလုံးမှာ ဖြစ်နေတာတွေပါ။

ကျွန်တော်တို့အနေနဲ့ ဖြည်းဖြည်းချင်း ရှင်းသွားမှာပါ။ မြေယာဥပဒေကို အရင်ဆုံးသိအောင် လိုက်လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ အခုကော်မတီမှာ ဌာနပေါင်းစုံ ပါတဲ့အတွက် ဘယ်ဌာနက ဘယ်မှာချထားပေးတယ်ဆိုတာ အကုန်သိရပါတယ်''ဟု ဆက်လက်ပြောသည်။ ထိုကဲ့သို့ ရှင်းလင်းရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ ''ပြင်ဦးလွင်မှာက ဥယျာဉ်ခြံမြေတွေကို အရင်ကတော့ ခြံစောင့်တဲ၊ လယ်စောင့်တဲ ပုံစံမျိုးလေးတွေကို အုတ်တိုက်ပုံလေးတွေနဲ့ ဆောက်ပြီး နေလာခဲ့ကြတာဗျ။

ဒီလိုနေလာကြတာတွေက တဖြည်းဖြည်း များလာတာရယ်၊ နောက်ပိုင်းမှာ အရေးယူမှုတွေ ဘာတွေလည်း သိပ်မရှိတာတွေကြောင့် ဒီဘက်ပိုင်းကျတော့ ဥယျာဉ်ခြံမြေတွေကိုပဲ နေထိုင်ခွင့် ပြန်လျှောက်ပေးမယ် ဆိုတာမျိုး လုပ်ပြီး ပုံစံ(၇)လောက် ရှိရုံနဲ့တင် ပေ ၅ဝ ပတ်လည်တို့၊ တစ်ဧကပတ်လည်တို့ အကွက်တွေရိုက်ပြီး ရောင်းလာခဲ့ကြတာပေါ့။ တကယ်တမ်းကျတော့ အဲဒါတွေက မြေယာဥပဒေတွေနဲ့ ဘယ်ညီညွတ်မှုရှိမှာလဲ။ အဲဒါကြောင့် အခုလို ကော်မတီ ဖွဲ့ပြီး ရှင်းလင်းတယ်လို့ သိရတယ်'' ဟု ပြင်ဦးလွင်မြို့ခံ တပ်မတော်အရာရှိဟောင်းတစ်ဦးက ပြောသည်။

''ကျွန်မတို့က ပြင်ဦးလွင်-မိုးကုတ် ကားလမ်းဘေး မိုးကြိုးပြင် ရပ်ကွက်ကြီး ၂၁ မှာ မြေဝယ်ပြီး အိမ်ဆောက်နေတာပါ။ ကျွန်မတို့ဘက်မှာတော့ ရွာမြေဖြစ်တဲ့အတွက် အခုလို ဖျက်သိမ်းတယ်ဆိုတဲ့သတင်း မကြားမိပါဘူး။ စိုက်ပျိုးမြေဖြစ်တဲ့ ယာမြေပေါ်မှာ လူနေအိမ်တွေအတွက် ဆောက်တာဆိုရင်တော့ ဖျက်ဆီးခံရတာ ဖြစ်နိုင်ပါတယ်။ ကျွန်မတို့ဘက်မှာတော့ ဒီလိုဖျက်တယ်ဆိုတာ မဟုတ်ပါဘူး''ဟု ရပ်ကွက်ကြီး ၂၁ နေ သံပန်းသံတံခါးလုပ်ငန်းရှင် ဒေါ်ခင်မြင့်ရီက ပြောသည်။

အဆိုပါ မြေနေရာများကို စိုက်ပျိုးမြေအဖြစ် ပြန်လည်သတ်မှတ်မှာ ဖြစ်ပြီး မြေကွက်ဝယ်ယူထားသူများအနေဖြင့် နစ်နာမှုများကို ရောင်းချသူများနှင့်သာ ညှိနှိုင်းရမည်ဖြစ်ကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်ပြီး မြေယာဥပဒေနှင့် မညီညွတ်သော မြေယာများ အရေးယူရှင်းလင်းရေးကော်မတီတွင်း အဖွဲ့ဝင်အဖြစ် ပါဝင်သူ တစ်ဦးက ''ရှင်းလင်းတဲ့နေ့ကတော့ ကျွန်တော်တို့ ပါမသွားပါဘူး။ အခု အကွက်ရိုက်ရောင်းတာ အများစုကတော့ မြေလွတ်မြေရိုင်းတွေနေရာမှာ ဖြစ်ပေါ်နေတာပါ''ဟု ပြောသည်။

မြေယာဥပဒေနှင့် မညီညွတ်သော မြေယာများ အရေးယူရှင်းလင်းရေးကော်မတီတွင် ဥက္ကဋ္ဌအဖြစ် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဦးစီးမှူး၊ အတွင်းရေးမှူးအဖြစ် မြို့နယ်မြေစာရင်းဦးစီးဌာနတို့ ပါဝင်ပြီး အဖွဲ့ဝင်များအဖြစ် အခြားဆက်စပ်ဌာနများ ပါဝင်ကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်ပြီး ကော်မတီဥက္ကဋ္ဌဖြစ်သူ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးတင်နိုင်စိုးကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ''ကျွန်တော် ဖုန်းနဲ့ မဖြေချင်ပါဘူး။ ကိုယ်တိုင်လာခဲ့ပါ။ ကိုယ်တိုင်ပဲ ဖြေပါ့မယ်''ဟု ပြန်လည်ဖြေကြားခဲ့သည်။

ယခုအခါတွင် ပြင်ဦးလွင်မြို့၌ ထိုကဲ့သို့ မြေနေရာများကို ရှင်းလင်းနေမှုများကြောင့် ယခင်က အကွက်ရိုက် ဝယ်ယူထားသူများက ၎င်းတို့၏ မြေကွက်များကို အဆောတလျင် ပြန်လည်ရောင်းချနေမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ပြင်ဦးလွင်ဒေသခံများထံမှ သိရသည်။

Credit : Yangon Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service