အမေရိကန်ဒေါ်လာသည် အာရှတွင် စီးပွားရေး အင်အားကောင်းလာသောအင်ဒိုနီးရှား ရူပီးယား၊ မလေးရှားရင်းဂစ်ငွေနှင့် ဖလှယ်မှုတန်ဖိုးများကျဆင်း လျက်ရှိရာ ငွေကြေးဈေးကွက်ပါဝါမျှခြေပြောင်းလဲမှုများပေါ်ပေါက်လာလျက်ရှိနေကြောင်း မလေးရှားအခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ပြီးခဲ့သောဧပြီလတစ်လလုံးသည် အမေရိကန်ဒေါ်လာအတွက် စိန်ခေါ်မှုများစွာ ကြုံရလျက်ရှိသောကာလဖြစ်သည်။
ယူရိုငွေနှင့် ဖလှယ်မှုတွင်လည်းကန်ဒေါ်လာ မှာဈေးကျ လျက်ရှိပြီးယူရိုမှာ ၁ ဒသမ ၁၄၄၆ အထိဈေးတက်လာသည်။
အားလုံးခန့်မှန်းထားခဲ့ကြသကဲ့သို့ ရေနံစိမ်းဈေးများ ပြန်လည်မြင့်တက်လာခဲ့သည်။ အိုပက်သည် ကမ္ဘာ့ရေနံတင်ပို့မှု များထိန်းချုပ်ကန့်သတ်ရန် အဖွဲ့ဝင်နိုင်ငံများအကြား သဘောတူချက်မရခဲ့သော်လည်းရေနံတစ်စည်လျှင် ၄၂ ဒေါ်လာဈေးအထိ ပြန်လည်မြင့်တက်လာခဲ့သည်။
ကမ္ဘာပေါ်တွင် အခိုင်မာဆုံးရင်းနှီးမြှုပ်နှံရာ safe-haven အဖြစ် သတ်မှတ်ထားကြသောရွှေဈေးမှာ လည်း ပြီးခဲ့သောဧပြီလတစ်လျှောက် စိန်ခေါ်မှုများစွာ ကြုံရလျက်ရှိသည်။
ဧပြီလအတွင်းရွှေဈေးမှာကန်ဒေါ်လာ ၃၅ ခန့် ကျဆင်းခဲ့သည်ကိုတွေ့ရသည်။
အမေရိကန်ဒေါ်လာအားနည်းမှု၊ ကမ္ဘာလုံးဆိုင်ရာကုန်စည်ဈေးကွက် မရေရာမှုများသည် ရွှေဈေးကွက်အပေါ် ဂယက်ကြီးစွာ ရိုက်ခတ်ခဲ့ခြင်းလည်း ဖြစ်သည်။
ဗြိတိန်စတာလင်ပေါင်မှာမူဧပြီလအတွင်းအခြေအနေကောင်းနေသည်။ ဥရောပသမဂ္ဂအတွင်းတွင် သာနေထိုင်ရေးအကြောင်း ရပ်များဂယက်ထနေ သည့်တိုင် ဗြိတိန်စတာလင်ပေါင်မှာဈေးနှုန်းမြင့်တက်နေခဲ့သည်။
အင်ဒိုနီးရှား ရူပီးယားမှာလည်းခိုင်မာနေပြီးကန်ဒေါ်လာနှင့် ဖလှယ်နှုန်းမှာ ၁၂၉၆၃ ဒသမ ၇ အထိဈေးတက်လာသည်။
အင်ဒိုနီးရှားအစိုးရမျှော်မှန်းခဲ့သည်မှာ ၁၃၃၀၀ ဖြစ်သည်။
ရူပီးယားသည် ၂၀၁၅ ခုနှစ်တစ်လျှောက်လုံးဈေးကျနေရာမှ ယခုနှစ်အတွင်းဈေးနှုန်းများမြင့်တက်လာခြင်း ဖြစ်သည်။
ငွေကြေးခိုင်မာလာမှုသည် ပြည်သူတို့ကို ၀ယ်နိုင်အား မြင့်တက်လာစေသည်။
သို့ရာတွင် စီးပွားကျနေသောတရုတ်ထံမှ ကုန်သွယ်မှုများ ကျဆင်းမည့် အခြေအနေများမှာ မူဂျီဒီပီမှ လျော့ကျဦးမည် ကိုလည်းထည့်သွင်းတွက်ချက်ရန် လိုသည်။
ငွေကြေးခိုင်မာလာမှုများကိုလျှော့မတွက်သင့်ချေ။
ဝယ်နိုင်အားမြင့်တက်လာမှုများကြောင့် ၂၀၁၆ ခုနှစ်အတွင်းအာရှနှင့် ကမ္ဘာ့နိုင်ငံအများအပြား၏ ဂျီဒီပီမြင့်တက်လာမည်ဟုခန့်မှန်းရသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)