ကမ္ဘာကျော် ဟဲဗီးမက်တယ်အဖွဲ့ မော့တ်လေခရူးမှ ဒရမ်မာတွမ်မီလီ၏ နေအိမ် ရောင်းချမည်

ကမ္ဘာကျော် ဟဲဗီးမက်တယ်အဖွဲ့ မော့တ်လေခရူးမှ ဒရမ်မာတွမ်မီလီ၏ နေအိမ် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
9 May 2016 12:46 pm တွင် တင်ခဲ့သည်
1569 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာကျော် ဟဲဗီးမက်တယ်အဖွဲ့ မော့တ်လေခရူးမှ ဒရမ်မာ၊ ရော့ခ်နတ်ဘုရားတွမ်မီလီ၏ နေအိမ် ရောင်းချမည်ဖြစ်ကြောင်းအမေရိကန်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

မော့တ်လေခရူးMötleyCrüe သည် အမေရိကန် ဟဲဗီးမက်တယ်တေးဂီတ၀ိုင်းဖြစ်ပြီးကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိတွင် ၁၉၈၁ ခုနှစ်၊ ဇန်န၀ါရီ ၁၇ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။

ဘေ့စ်ဂစ်တာသမားနစ်ကီဆစ်စ်၊ ဒရမ်မာတွမ်မီလီ၊ ဦးဆောင်အဆိုတော် ဗင့်စ်နီးလ်နှင့် လိဒ်ဂစ်တာသမားမစ်ခ်မားစ်တို့ဖြင့် ဖွဲ့စည်းထားသည်။

မော့တ်လေခရူးသည် အမေရိကန်ပြည်ထောင်စုအတွင်းတေးသီချင်းအယ်လ်ဘမ်အချပ်ရေပေါင်း ၂၅ သန်းရောင်းချခဲ့ရပြီးဖြစ်ကာကမ္ဘာတစ်ဝန်းတွင် တေးသီချင်းအယ်လ်ဘမ်စုစုပေါင်းသန်း ၁၀၀ ကျော် ရောင်းချခဲ့ရပြီးဖြစ်သည်။

၎င်းတို့၏နောက်ဆုံးအယ်လ်ဘမ်မှာSaints of Los Angeles ဖြစ်ပြီး ၂၀၀၈ ခုနှစ် ဇွန်လ ၂၄ ရက်တွင် ဖြန့်ချိသည်။

နောက်ဆုံးစင်တင်ဂီတပွဲကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်တွင် ကျင်းပခဲ့ပြီး ၂၀၁၆ ခုနှစ်အတွင်းအဆိုပါဂီတဗီဒီယိုတေးအယ်လ်ဘမ်ကိုထုတ်လုပ်ရောင်းချခဲ့ပြီးဖြစ်သည်။

တွမ်မီလီသည် အဆိုပါနောက်ဆုံးစင်တင်တေးဂီတဖျော်ဖြေပွဲတွင် တစ်ကိုယ်တော်လက်စွမ်းပြဒရမ်ဆိုလိုတီးခတ်ခဲ့ရာယင်းဗွီဒီယိုဖိုင်ကို
https://goo.gl/fOYSuuလင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။

တွမ်မီလီကိုဂရိနိုင်ငံ၊ အေသင်မြို့ တွင် ၁၉၆၂ ခုနှစ်တွင် ဖွားမြင်သည်။
၎င်းဖွားမြင်ပြီးတစ်နှစ်အကြာတွင် ကယ်လီဖိုးနီးယားသို့ တစ်မိသားစုလုံးပြောင်းရွှေ့ ခဲ့ကြသည်။

တွမ်မီလီညီမငယ် အေသင်နာလီသည် ကမ္ဘာကျော်ရော့ခ်ဂီတအဖွဲ့ကြီးစကော်ပီယံမှ ဒရမ်မာဂျိမ်းစ်ကော့တက်ခ်နှင့် လက်ထပ်ခဲ့သည်။

တွမ်မီလီ၏ ဘ၀တွင် သုံးကြိမ်လက်ထပ်ခဲ့ပြီးပထမဆုံးဇနီးမှာအယ်လိုင်းစတားချပ်ခ်ဖြစ်သည်။
၁၉၉၅ ဖေဖော်ဝါရီ ၁၉ ရက်တွင် တွမ်မီလီသည် သရုပ်ဆောင် ပန်မလာအန်ဒါဆန်နှင့် လက်ထပ်ခဲ့သည်။

တွမ်မီလီနှင့် ပန်မလာအန်ဒါဆန်တို့သည် အားလပ်ရက်အပန်းဖြေခရီးထွက်ရာတွင် ဇနီးမောင်နှံနှစ်ဦးလိင်ဆက်ဆံမှုကိုဗွီဒီယိုရိုက်ကူးထားခဲ့သည်။
အဆိုပါဗွီဒီယိုတိပ်ခွေသည် ၁၉၉၅ ခုနှစ်တွင် ခိုးယူခံခဲ့ရပြီးနောက် အင်တာနက်ပေါ်တွင် လွှင့်တင်ခြင်းခံခဲ့ရသည်။

ပန်မလာအန်ဒါဆန်ကယင်းဗွီဒီယိုထုတ်လွှင့်သည့် အင်တာနက်ဖျော်ဖြေရေးကုမ္ပဏီ IEG ကိုတရားစွဲခဲ့သည်။

နောက်ပိုင်းတွင် တွမ်မီလီနှင့် IEGအကြား လျှို့ ဝှက်သဘောတူညီချက်တစ်ရပ် ရရှိခဲ့ပြီးနောက် IEGသည် အခပေးသုံးစွဲသူများကိုယင်းဗွီဒီယိုဖိုင် ကြည့်ရှုခွင့် ပေးအပ်ခဲ့ရာ အဆိုပါဝက်ဘ်ဆိုက်သို့ ၀င်ရောက်ကြည့်ရှုသူပမာဏမှာပုံမှန်ထက် သုံးဆမြင့်တက်ခဲ့သည်။

တွမ်မီလီရောင်းချမည့်နေအိမ်မှာကယ်လီဖိုးနီးယားပြည်နယ်တွင် တည်ရှိသည်။
နေအိမ်အတွင်းအိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၆ ခန်းပါဝင်သည်။

သုံးထပ်အဆောက်အအုံဖြစ်ပြီးမီဒီယာခန်းမ၊ ဘားခန်း၊ ၀ိုင်သိုလှောင်ခန်း၊ မီးဖိုဆောင် ၂ ခု ပါဝင်သည့်အပြင် အသံဖမ်းစတူဒီယိုတစ်ခုလည်း ပါဝင်ကာ အသံဖမ်းခန်းမ အကျယ်အ၀န်းမှာ စတုရန်းပေ ၃၀၀၀ ဖြစ်သည်။ခေါ်ဈေးမှာကန်ဒေါ်လာ ၆ သန်း ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကမ္ဘာကျော် ဟဲဗီးမက်တယ်အဖွဲ့ မော့တ်လေခရူးမှ ဒရမ်မာတွမ်မီလီ၏ နေအိမ် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော် ဟဲဗီးမက်တယ်အဖွဲ့ မော့တ်လေခရူးမှ ဒရမ်မာတွမ်မီလီ၏ နေအိမ် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော် ဟဲဗီးမက်တယ်အဖွဲ့ မော့တ်လေခရူးမှ ဒရမ်မာတွမ်မီလီ၏ နေအိမ် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service