ကြယ် ၆ ပွင့်နှင့် ၇ ပွင့်အဆင့်ရှိဟိုတယ် ဆောက်လုပ်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ကိုဗီယက်နမ် မျှော်လင့်လျက်ရှိ

ကြယ် ၆ ပွင့်နှင့် ၇ ပွင့်အဆင့်ရှိဟိုတယ် ဆောက်လုပ်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ကိုဗီယက်နမ် မျှော်လင့်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
9 May 2016 12:36 pm တွင် တင်ခဲ့သည်
1037 ကြိမ် ကြည့်ရှု့ပြီး
ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ တော် စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး ဒင်လာသမ်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတို့နှင့် တွေ့ဆုံဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ရာဟိုချီမင်းမြို့ တော်အတွင်းကြယ် ၆ ပွင့်နှင့် ၇ ပွင့်အဆင့်ရှိဟိုတယ်ဆောက် လုပ်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကိုမျှော်လင့်ကြိုဆိုလျက်ရှိကြောင်းပြောကြားခဲ့သည်ဟု ဟနွိုင်းအခြေစိုက် အိမ်ခြံမြေသတင်း ၀က်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဒင်လာသမ်သည် စင်္ကာပူအခြေစိုက် ကက်ပယ်လ်လန်းလိမိတက်မှ အမှုဆောင်အရာရှိချုပ် အန်ဝီဂျီအား လက်ခံတွေ့ဆုံကာကက်ပယ်လ်လန်း၏ ဗီယက်နမ်အတွင်းအနာဂတ်စီးပွားရေးခြေလှမ်းများအတွက် ဆွေးနွေးခဲ့ကြသည်။

ကယ်ပယ်လ်လန်းသည် အာရှထိပ်တန်း developer ဖြစ်ပြီး စင်္ကာပူတွင် ထင်ရှားသည့် အဆောက်အအုံ များဖြစ်သောမရီနာဘေးစင်တာ၊ အိုးရှင်းဘဏ္ဍာရေးစင်တာတို့ ဆောက်လုပ်ခဲ့သည့် ကုမ္ပဏီလည်း ဖြစ်သည်။

ဟိုချီမင်းမြို့ တော်သည် ၁၉၈၆ ခုနှစ်မှစတင်ကာအသစ်ပြန်လည်မွေးဖွားခြင်းလှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်။ အဆိုပါလှုပ်ရှားမှုသည် ဟိုချီမင်းမြို့ တော်ကိုပြောင်းလဲမှုများစွာဆောင်ကြဉ်းပေးခဲ့သည်။
အဆိုပါစီမံကိန်းအကောင်အထည်ဖော်ခဲ့ပြီး နှစ်ပေါင်း ၃၀ ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည့် ယနေ့တွင် ဟိုချီမင်းမြို့ တော်သည် အသစ်ပြန်လည်မွေးဖွားခြင်း လှုပ်ရှားမှုသစ်ကို စတင်နေချိန်ဖြစ်ကြောင်း ဒင်လာသမ်ကပြောကြားသည်။

ဟိုချီမင်းမြို့ တော်သည် နှစ်စဉ်ကမ္ဘာတစ်ဝန်းမှ လာရောက်လည်ပတ်သူများအမြဲမြင့်တက်လာစေရန် ဆွဲဆောင်နိုင်စွမ်းရှိသော်လည်းအဆိုပါဖွံ့ဖြိုးမှုများနှင့် လိုက်လျောညီထွေဖြစ်စေမည့် ကြယ် ၆ ပွင့်နှင့် ၇ ပွင့်အဆင့်ဟိုတယ်များကင်းမဲ့လျက်ရှိကြောင်းဒင်လာသမ်ကဆက်လက်ပြောကြားသည်။
၎င်းအနေဖြင့် ဗီယက်နမ်အိမ်ခြံမြေကဏ္ဍအတွင်းသို့ အလုံးအရင်းရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကြရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကိုတိုက်တွန်းကြောင်း၊ ဟိုချီမင်းမြို့ တော်အနေဖြင့် အကောင်းဆုံးစီးပွားရေးလုပ်ငန်းဝန်းကျင်မျိုးဖြစ်စေရန် ဖော်ဆောင်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းလည်းဒင်လာသမ်ကပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service