ကမ္ဘာကျော်ပေါ့ပ်ကြယ်ပွင့် ဆလီနာဂိုမက်ဇ်၏ ကယ်လီဖိုးနီးယားပြည်နယ်၊ကာလာဘက်ဆက်စ်မြို့  နေအိမ်ကိုခလိုကာဒါရှီယန်၏ ချစ်သူဟောင်းရက်ပ်အဆိုတော် ဖရန့်ခ်ျ မွန်တာနာကကန်ဒေါ်လာ ၃ ဒသမ ၃ သန်းဖြင့် ၀ယ်ယူခဲ့ကြောင်း လော့စ်အိန်ဂျလိအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ခြံဝန်းအကျယ်အ၀န်း ၃ ဒသမ ၁၅ ဧကရှိသော အဆိုပါနေအိမ်ကိုဆလီနာဂိုမက်ဇ်က ၂၀၁၄ ခုနှစ်၊ မတ်လအတွင်းကန်ဒေါ်လာ၃ ဒသမ ၆၉ သန်းဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်ရာယခုပြန်လည်ရောင်းချရာတွင် အရှုံးပေါ်ခဲ့သည်။
ယင်းနေအိမ်ကိုမြေထဲပင်လယ်ရီဗိုက်ဗယ်လ်ဗိသုကာဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်သည်။
မူလကဈေးခေါ်ထားသည်မှာကန်ဒေါ်လာ ၄ ဒသမ ၄၉ သန်းဖြစ်ပြီး..
ဖရန့်ခ်ျ မွန်တာနာ၏ အမည်ရင်းမှာကာရင် ခါဘော့ခ်ျဖြစ်ပြီး ၁၉၈၄ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်တွင် မော်ရိုကိုနိုင်ငံ၌ ဖွားမြင်သည်။
မွန်တာနာ ၁၃ နှစ်သားအရွယ်တွင် ၎င်းတို့မိသားစု အမေရိကသို့ ပြောင်းရွှေ့ လာခဲ့ပြီးမွန်တာနာ သည်လည်းကမ္ဘာကျော် ရက်ပ်အဆိုတော် ဖြစ်လာခဲ့သည်။
မွန်တာနာသည် ၎င်း၏ မိခင်ဘာသာ စကားဖြစ်သောအာရပ်ဘာသာ၊ ပြင်သစ်ဘာသာတို့ အပြင် အခြားဘာသာစကားများစွာ ကျွမ်းကျင်စွာပြောဆိုနိုင်သည်။
၂၀၀၇ ခုနှစ်တွင် ဒင်းခါဘော့ခ်ျနှင့် လက်ထပ်ခဲ့ပြီးခရုဇ်အမည်ရှိသားတစ်ဦးထွန်းကားခဲ့သည်။
၂၀၁၂ တွင် ဇနီးမောင်နှံကွာရှင်းပြတ်စဲခဲ့ကြသည်။
ဇနီးဖြစ်သူနှင့်ကွာရှင်းပြီးနောက်ပိုင်းဖရန့်သည် ပြင်သစ်-ကနေဒါကပြားဗွီဒီယိုမော်ဒယ်လ် ဆိုဖီယာဘော်ဒီနှင့် ချစ်ကျွမ်းဝင်ခဲ့သည်။
ဆိုဖီယာကဖရန့်သည် သူ့ဘ၀၏ အချစ်ရဆုံးများထဲမှ တစ်ဦးဖြစ်ကြောင်းတွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ဖြေကြားဖူးသည်။
၂၀၁၃ ခုနှစ်အတွင်းတွင်မူမွန်တာနာသည် အမေရိကန်ရက်ပ်အဆိုတော် ထရီနာနှင့် ချစ်ကျွမ်းဝင်ခဲ့သည်။
မွန်တာနာနှင့် ထရီနာတို့သည် နယူးဂျာဆီပြည်နယ်ရှိမွန်တာနာပိုင်ဆိုင်သောနေအိမ်တွင် အတူနေထိုင်ခဲ့ကြသည်။
၂၀၁၄ ခုနှစ်တွင် ထရီနာနှင့် လမ်းခွဲခဲ့ပြီးလော့စ်အိန်ဂျလိ သို့ ပြောင်းရွှေ့ ခဲ့သည်။
၂၀၁၄ ခုနှစ်အတွင်းမွန်တာနာသည် ကမ္ဘာကျော်မော်ဒယ်လ် ခလိုကာဒါရှီယန်နှင့် ချစ်ကျွမ်းဝင်ခဲ့သည်။
ခလိုကာဒါရှီယန်နှင့်လည်းလအတန်ကြာတွင် လမ်းခွဲပြတ်စဲခဲ့ကြပြန်သည်။
ယင်းနောက်ပိုင်းမွန်တာနာသည် တရုတ်-အမေရိကန်ကပြားကမ္ဘာကျော်သူဌေးကြီး ရော်ဂျာဝမ်၏ သမီးဖြစ်သူဒေါ်ရိုသီ ၀မ်နှင့် ချစ်ကျွမ်းဝင်သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။
ဆလီနာဂိုမက်ဇ်ကဖရန့်ခ်ျမွန်တာနာသို့ ရောင်းချခဲ့သည့် နေအိမ်ဗီဒီယိုဖိုင်ကိုhttps://vimeo.com/146462428လင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)