ဗီယက်နမ်ပြည်တွင်းဆောက်လုပ်ရေးကုမ္ပဏီများ သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ၎င်းတို့၏ အနာဂတ်ပရောဂျက်များပိုမိုဖွံ့ဖြိုးလာစေရန်အတွက် နိုင်ငံခြားသားပိုင်ဆိုင်မှုကန့်သတ်ချက် (FOL) ကို၆၀ ရာခိုင်နှုန်းအထိ မြှင့်တင်ပေးမည်ဖြစ်ကြောင်းဗီယက်နမ်ပြည်တွင်းအခြေစိုက် developer တို့ကပြောကြားသည်ဟု ဟနွိုင်းအခြေစိုက် အိမ်ခြံမြေသတင်း ၀က်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဟွမ်ကွမ်းအတိုင်ပင်ခံ၊ ကုန်သွယ်ရေးနှင့် အိမ်ခြံမြေ၀န်ဆောင်မှု ကုမ္ပဏီ (HQC) က ထုတ်ဖော်ကြေညာ ရာတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ကိုဆွဲဆောင်နိုင်ရန် စီမံကိန်းချမှတ်ထားချက်အရFOL ကို ၆၀ ရာခိုင်နှုန်းအထိ မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်းကုမ္ပဏီ၏ နောက်ဆုံးပြုလုပ်ခဲ့သော အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် HQC ၏ ပရောဂျက်များကို စိတ်ဝင်စားမှုများ မြင့်တက်လာလျက်ရှိရာအဓိကအားဖြင့် စင်္ကာပူ၊ ဂျပန်၊ ဟောင်ကောင်နှင့် အမေရိကန်ပြည်ထောင်စုတို့မှဖြစ်ကြောင်း HQC ၏ general directorထရုမ်အန်ထွမ်ကပြောကြားသည်။
HQC သည် အမေရိကန်ပြည်ထောင်စုတွင် ၎င်းတို့၏ ပထမဆုံးရုံးခွဲဖွင့်လှစ်ရန် လိုင်စင်ရရှိထားပြီးဖြစ်သည်။
HQC ၏ ပြည်ပစုစုပေါင်းရင်းနှီးမြှုပ်နှံမှုမှာကန်ဒေါ်လာ ၂၅ သန်းဖြစ်သည်။
HQCသည် ယခုနှစ်အတွင်းကန်ဒေါ်လာ ၃၁၅ သန်းရင်းနှီးမြှုပ်နှံသွားရန် လျာထားပြီးအမြတ်အစွန်းကန်ဒေါ်လာ ၂၂ ဒသမ ၅ သန်းရရှိရန် မျှော်မှန်းထားသည်။
အခြားထိပ်တန်းကုမ္ပဏီဖြစ်သောသူဒတ်ခ်ဟောက်စ် (TDH) သည်လည်းFOL ကို ၄၉ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းသို့ မြှင့်တင်ပေးမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)