အရှေ့မြောက်မြို့သစ်စီမံကိန်းကို ဦးစားပေးအကောင်အထည်ဖော်ရန် တင်ပြ

အရှေ့မြောက်မြို့သစ်စီမံကိန်းကို ဦးစားပေးအကောင်အထည်ဖော်ရန် တင်ပြ - Property News in Myanmar from iMyanmarHouse.com
5 May 2016 11:55 am တွင် တင်ခဲ့သည်
2470 ကြိမ် ကြည့်ရှု့ပြီး
ပြီးခဲ့သည့်အစိုးရလက်ထက်တွင် ရန်ကုန် အနောက်တောင်မြို့သစ်စီမံကိန်းကို စတင်
အကောင်အထည်ဖော်ခဲ့သော်လည်း အစိုးရ သစ်လက်ထက်တွင် လှည်းကူးမြို့နယ်
အတွင်း ဆောင်ရွက်ရန်လျာထားသည့် ရန်ကုန်အရှေ့ မြောက်မြို့သစ်စီမံကိန်းကို ဦးစားပေး
အကောင်အထည်ဖော်ရန်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက တိုင်းဒေသကြီးအစိုးရထံ တင်ပြထားသည်ဟု သိရသည်။

ယခုသီတင်းပတ်အတွင်း တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် တွေ့ဆုံရာတွင် ရန်ကုန်မြို့တော် စည်ပင်
သာယာရေးကော်မတီနှင့်ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့ပူးပေါင်းရေးဆွဲထားသည့် ၂၀၄၀ မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေးစီမံချက် နှင့် ပတ်သက်၍ မြို့တော်
စည်ပင်တာဝန်ရှိသူ များက ရှင်းလင်းတင်ပြခဲ့သည်ဟု သိရသည်။

"ကျွန်တော်တို့ အစိုးရအဖွဲ့ကိုတင်ပြခဲ့ပါ တယ်။ ဒီမြေတွေက ၁၉၉၀ ပြည့်နှစ်ကတည်းက
လူနေထိုင်ခွင့်ကျပြီးသားဖြစ်တဲ့ မြေတွေပါ။ စီမံကိန်း မလုပ်နိုင်သေးတော့ လယ်သမားတွေက
စပါးဝင်စိုက်ခွင့်ရနေတော့ သူတို့ပိုင်နေသေး တယ်လို့ ထင်နေတာ။ အချက်အချာကျတဲ့နေရာဖြစ်တဲ့
အတွက် ကျွန်တော်တို့ ဆွဲခဲ့တဲ့ ပင်မစီမံချက်အရ ပထမဆုံး လုပ်သင့်တဲ့မြို့သစ် အဖြစ် သတ်မှတ်
ခဲ့ပေမဲ့ အကြောင်းကြောင်း ကြောင့် ဒုတိယဦးစားပေးမြို့သစ်စီမံကိန်းကိုပဲ အရင်အစိုးရလက်ထက်မှာ
ဖော်ဖို့လုပ်ခဲ့တာ ပါ။ အခုဒီမိုကရေစီ အစိုးရလက်ထက်မှာ ပထမဦးစားပေးအဖြစ် အရှေ့မြောက်မြို့သစ်ကိုလုပ်ဖို့ အစိုးရအသစ် ကို တင်ပြထားပါတယ်" ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်း နှင့် မြေစီမံခန့်ခွဲမှုဌာနမှ ဒုတိယဌာနမှူး ဦးတိုးအောင်က
ပြောသည်။

မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေးစီမံချက်အရ ရန်ကုန်အရှေ့မြောက်မြို့သစ်စီမံကိန်းသည်
ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်နှင့် လှည်းကူးမြို့နယ်အတွင်း မြေဧက ၁၇,၃၇၅ ပေါ်တွင် အကောင်အထည်ဖော်မည်ဖြစ်ပြီး၊ မြို့သစ်တည်ဆောက်အကောင်အထည်ဖော်မည့် နေရာမှာ ပဲခူးမြို့အနီးတွင်တည်ဆောက်မည့် ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် သီလ၀ါ အထူးစီးပွားရေးဇုန်အကြားတွင်တည် ရှိနေသည်။

ရန်ကုန်အရှေ့မြောက်မြို့သစ်စီမံကိန်းကို မြန်မာကျပ်ငွေ ၄၉၁ ဒသမ ၁၃ ဘီလျံအကုန် အကျခံ
တည်ဆောက်အကောင်အထည်ဖော် ရန် လျာထားပြီး၊ လူဦးရေတစ်သန်းခန့်အထိ နေထိုင်နိုင်
မည်ဖြစ်သည်။ မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေးစီမံချက်အရ အရှေ့မြောက်မြို့သစ် စီမံကိန်းမှာ ဦးစားပေး
(၁) အဖြစ် သတ်မှတ်ထား ခဲ့သော်လည်း ဦးစားပေးအဆင့် (၂) ဖြစ်သည့် အနောက်တောင်မြို့သစ်
စီမံကိန်းကို ယခင် အစိုးရလက်ထက်တွင် အကောင်အထည်ဖော် ရန် ကြိုးပမ်းခဲ့ရာ ပြည်တွင်းပြည်ပ
ပညာရှင်များ၏ ဝေဖန်ကန့်ကွက်မှုများနှင့် ကိုယ်ကျိုး စီးပွားရှာဖွေမှုများ ရှိနေသည်ဟူသော စွပ်စွဲချက်များ
ပေါ်ထွက်ခဲ့သည်ဟု ဦးတိုးအောင် က ပြောသည်။

ပြီးခဲ့သည့်အစိုးရလက်ထက်တွင် ရန်ကုန်အနောက်တောင်မြို့သစ်စီမံကိန်းအကောင်
အထည်ဖော်ရန်နှစ်ကြိမ်တိုင်ကြိုးပမ်းခဲ့ပြီး၊ စီမံကိန်းတင်ဒါလျှောက်ထားသည့် ကုမ္ပဏီ ၅၄ ခုအနက် အနောက်တောင်ဒေသ
ဖွံ့ဖြိုး တိုးတက်ရေးအများပိုင် ကုမ္ပဏီ၊ Business City Capital Devleopment ကုမ္ပဏီနှင့် ရွှေပုပ္ပား အင်တာနေရှင်နယ်ဆောက်လုပ်ရေးကုမ္ပဏီတို့ကို တင်ဒါအောင်မြင်သည့်ကုမ္ပဏီများအဖြစ် ဦးမြင့်ဆွေ
ဦးဆောင်သော တိုင်းဒေသကြီးအစိုးရက ပြီးခဲ့သည့်နှစ် ဖေဖော် ၀ါရီလတွင် ကြေညာခဲ့သည်။

အနောက်တောင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီ သည် ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ
ဒေသခံများစုဖွဲ့ထားသည့်ကုမ္ပဏီဖြစ်သည်ဆို သော်လည်း မြန်မာ့စေတနာအများပိုင်ကုမ္ပဏီ အမည်ဖြင့်
ရန်ကုန်မြို့သစ်စီမံကိန်းအကောင် အထည်ဖော်ရန် ကြိုးပမ်းခဲ့သည့် တရုတ်လူမျိုး ရှောက်စမ်းနှင့်
ရှောက်ပန်းတို့ ပါဝင်ပတ်သက် နေသည်ဟု သိရသည်။

၂၀၁၅ ခုနှစ်၊ ဇူလိုင်လအတွင်းက မှတ်ပုံတင်
ခဲ့သည့် Business City Capital Devleopment ကုမ္ပဏီကို ပြည်တွင်းမှ ထိပ်သီးစီးပွားရေး
လုပ်ငန်းရှင်မောင်ဝိတ် ပိုင်ဆိုင်ပြီး၊ ရွှေပုပ္ပား အင်တာနေရှင်နယ်ဆောက်လုပ်ရေး ကုမ္ပဏီမှာ
Sky Net ရုပ်သံလိုင်းပိုင်ရှင် ဦးကျော် ၀င်း ရွှေသံလွင်ကုမ္ပဏီအုပ်စု၏ လက်ခွဲကုမ္ပဏီ တစ်ခုဖြစ်
သည်ဟု သိရသည်။

ရန်ကုန်မြို့ပြဖွံ့ဖြိုးရေးနှင့် ပတ်သက်သည့် စီမံကိန်းများကို ပြန်လည်စိစစ်သွား
မည်ဟု ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် လုပ်ငန်းရှင်များ ဧပြီလ ၁၅ ရက်တွင် တွေ့ဆုံ
ခဲ့ရာ၌ တိုင်းဒေသကြီးဝန်ကြီးချုပ်သစ် ဦးဖြိုး မင်းသိန်းက ပြောကြားခဲ့သည်။

" JICA Plan နဲ့ မညီတဲ့
စီမံကိန်းတွေ အများကြီး လုပ်ခဲ့တာတွေ့ရတဲ့အတွက် ပြန်ပြီးတော့ စိစစ်သွားဖို့ ရှိပါတယ်။ အင်္ဂလန်နိုင်ငံ
ဘက်ကလည်း မြို့ပြ စီမံကိန်းလုပ်ငန်းတွေအတွက် အကူအညီပေးဖို့ ပြောထားတာတွေ လည်းရှိပါတယ်။
မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းတွေကို စနစ်တကျ လုပ်သွား ပါ့မယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ (JICA) နှင့် ပူးပေါင်းရေးဆွဲ ထားသည့်
ပင်မစီမံချက်အရ ၂၀၄၀ ပြည့်နှစ်တွင် ရန်ကုန်မြို့၌ နေထိုင်သူလူဦးရေ ၁၀ သန်း ခန့်ရှိလာနိုင်
သည့်အတွက် ရန်ကုန်မြို့တော် ၀န်းကျင်ဒေသများတွင် မြို့သစ်စီမံကိန်း ခုနစ် ခုအထိ ဖော်ထုတ်
သွားရန် လျာထားသည်။

အရှေ့မြောက်မြို့သစ်စီမံကိန်းဖော်ထုတ် ရန် လျာထားသည့် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် နှင့် လှည်းကူးမြို့နယ်အတွင်း တည်ဆောက် ထားသည့် အမှတ် ၇ လမ်းမကြီး
အနီးတစ်ဝိုက် ရှိ မြေကွက်များပေါ်တွင် JICA ၏ပင်မစီမံချက် နှင့် ကိုက်ညီခြင်းမရှိသည့်
စက်မှုဇုန်များဖော်ထုတ်ရန် ယခင်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပုဂ္ဂလိကလုပ်ငန်းရှင်များကို မြေနေရာချထားပေးရန်ကြိုးပမ်းခဲ့ရာ မြို့ပြစီမံကိန်းပညာရှင်များက ကန့်ကွက်ခဲ့ရသည်ဟု သိရသည်။

"အရင်အစိုးရလက်ထက်မှာ အဲဒီမြေတွေ မှာ
စက်မှုဇုန်လုပ်မယ်ဆိုတုန်းက တာဝန်ရှိသူ တွေကို တင်ပြခဲ့ပေမယ့် လုပ်ချင်သလို လုပ်ခဲ့ကြ
ပါတယ်။ ဦးဖြိုးမင်းသိန်းပြောခဲ့တဲ့ JICA ရဲ့ ပင်မစီမံချက်နဲ့အညီ မဟုတ်ဘဲ လုပ်ခဲ့တာတွေ
ကတော့ ခုံးကျော်တံတားတွေ၊ ပလက်ဖောင်း တွေကိုဖဲ့ပြီး လမ်းတွေချဲ့ခဲ့တာ ဖြစ်ပါလိမ့်မယ်"ဟု
ဦးတိုးအောင်က ပြောသည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service