တစ်နိုင်ငံလုံးရှိ ဆောက်လုပ်ရေး ကုမ္ပဏီများကို အဆင့် သတ်မှတ်ရန် လိုအပ်နေ

တစ်နိုင်ငံလုံးရှိ ဆောက်လုပ်ရေး ကုမ္ပဏီများကို အဆင့် သတ်မှတ်ရန် လိုအပ်နေ - Property News in Myanmar from iMyanmarHouse.com
5 May 2016 11:37 am တွင် တင်ခဲ့သည်
1463 ကြိမ် ကြည့်ရှု့ပြီး
ဆောက်လုပ်ရေးလုပ်ငန်းတွင် အသေးစားဆောက်လုပ်ရေးလုပ်ငန်းရှင်များ ပိုမိုပါဝင်ခွင့်
ရရှိစေရန် ဆောက်လုပ်ရေးကုမ္ပဏီများ အဆင့်သတ်မှတ်ခြင်းကို မြန်မာအင်ဂျင်နီယာကောင်စီက
အမြန်ဆုံးဆောင်ရွက်ရန်လိုအပ်သည်ဟု ဆောက်လုပ်ရေး
လုပ်ငန်းရှင်များက ပြောသည်။

"အခုအချိန်မှာ ဆောက်လုပ်ရေးစီမံကိန်း တစ်ခုရှိတိုင်း အသေးစားဆောက်လုပ်ရေး လုပ်ငန်းရှင်တွေက
အကြီးစားဆောက်လုပ်ရေး လုပ်ငန်းရှင်တွေနဲ့ တန်းတူယှဉ်ပြိုင်နေရတော့ အသေးစားဆောက်လုပ်ရေး
လုပ်ငန်းရှင်တွေနစ်နာပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းရှင် တွေကိုသာ အဆင့်ခွဲခြားသတ်မှတ်ပေးထား
မယ်ဆိုရင် ဘယ်လိုစီမံကိန်းမျိုးကို ဘယ်အဆင့် ရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်က
ဆောင်ရွက်ရမယ်ဆိုတာသိတဲ့အတွက် ဆောက်လုပ်
ရေးလုပ်ငန်းရှင်အားလုံးအတွက်ပိုကောင်းပါတယ်"ဟု မြတ်မင်းဆောက်လုပ်ရေးလုပ်ငန်း ဒါရိုက်တာ ဦးအောင်မင်းက
ပြောသည်။

လက်ရှိတွင် ဆောက်လုပ်ရေးတင်ဒါများ၌ အသေးစားဆောက်လုပ်ရေးလုပ်ငန်းများရှင်များနှင့် အကြီးစားဆောက်လုပ်ရေးလုပ်ငန်းရှင်များ တန်းတူယှဉ်ပြိုင်နေရသည့်အတွက် အလုပ်အကိုင်
အခွင့်အလမ်းပိုင်းတွင် မညီမျှမှုများဖြစ်ပေါ်သည့်အတွက် ဆောက်လုပ် ရေး ကုမ္ပဏီများအားလုံးကို
တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် အဆင့်ခွဲခြား သတ်မှတ်ပေးစေချင် ကြောင်း ဆောက်လုပ်ရေး
လုပ်ငန်းရှင်များက ပြောသည်။

"ဆောက်လုပ်ရေးကုမ္ပဏီတွေ အားလုံးကို သာ အဆင့်အတန်းခွဲခြားပေးထားမယ်ဆိုရင် အသေးစားဆောက်လုပ်တာတွေ၊ ရေမြောင်း ပြင်တာတွေ၊ ခြံစည်းရိုးခတ်တာတွေလောက်ကိုအသေးစားဆောက်လုပ်ရေးလုပ်ငန်းတွေ က လုပ်ခွင့်ရပြီး
ဆောက်လုပ်ရေးကုမ္ပဏီရဲ့ အဆင့်အတန်းအလိုက် သူနဲ့ထိုက်တန်တဲ့လုပ်ငန်းတွေကို
လုပ်ကိုင်ခွင့်ရရှိနိုင်ပါမှာ"ဟု ဦးအောင်မင်းက ပြောသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန အင်ဂျင် နီယာမှူးကြီး ဦးကြည်ဇော်မြင့်ကလည်း "တရုတ်
ပြည်မှာလည်း ဆောက်လုပ်ရေးကုမ္ပဏီတွေ ကို A,B,C,D,E ဆိုပြီး အဆင့်ခွဲထားတယ်။
တစ်ထပ်လောက်ဆောက်မယ်၊ ခြံစည်းရိုး၊ ဂိုဒေါင်တွေလောက် ဆောက်မယ်ဆိုရင် စစချင်း
E အဆင့်ကုမ္ပဏီတွေပဲ ဆောက်လုပ် ရမယ်။ တည်ထောင်ခါစ ကုမ္ပဏီတွေအတွက် လမ်းဖွင့်ပေး
ထားတယ်။ E အဆင့်ရှိကုမ္ပဏီတွေပဲ ၀င်ရောက်ယှဉ်ပြိုင်နိုင်တဲ့ စီမံကိန်းတွေ မှာ တခြားအဆင့်
ကုမ္ပဏီတွေ ၀င်ရောက်ယှဉ် ပြိုင်လို့ မရပါဘူး။ ကုမ္ပဏီတွေ အားလုံး အလုပ် အကိုင်အခွင့်အလမ်း
ရရှိနိုင်အောင် ခွဲပေးထား တာပါ"ဟု ပြောသည်။

ဆောက်လုပ်ရေးကုမ္ပဏီများ အဆင့်ခွဲခြား သတ်မှတ်ခြင်းကို မြန်မာနိုင်ငံအင်ဂျင်နီယာ
ကောင်စီက ဆောင်ရွက်လျက်ရှိသော်လည်း ကုမ္ပဏီများအားလုံး အတိုင်းအတာဖြင့် မပြု
လုပ်နိုင်သေးဟု သိရသည်။ "ကမ္ဘာဘဏ်တို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက အကြံပြုခဲ့ပေမဲ့
ယနေ့အထိ အင်ဂျင်နီယာကောင်စီက အကောင်အထည်မဖော်နိုင်သေးဘူး။ အခုမှ
အင်ယာနီယာကောင်စီက RSE နဲ့ PE အင်ဂျင် နီယာအဆင့် သတ်မှတ်တာတွေနဲ့ပဲ
အလုပ်များ နေတုန်း"ဟု ဦးကြည်ဇော်မြင့်က ပြောသည်။

မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၏ ပူးတွဲအတွင်းရေးမှူးနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း
ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးအောင် မြင့်က "မြန်မာအင်ဂျင်နီယာကောင်စီမှာ ဆောက်လုပ်ရေး လုပ်ငန်း
ရှင်တွေအတွက် အဆင့်ခွဲခြားသတ်မှတ်မှုတွေ ပြုလုပ်ပေးနေ ရှိပါတယ်။ အဆင့်သတ်မှတ်ခံချင်တဲ့
ကုမ္ပဏီ က မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့အတူ လာလျှောက်
ထားမယ်ဆိုရင် ကောင်စီက အရေအချင်းပြည့် ၀န်ထမ်းအရည်အတွက် နဲ့ ကုမ္ပဏီပိုင် ဆောက်လုပ်ရေး
ပစ္စည်းတွေကို ကြည့်ပြီး ကုမ္ပဏီအဆင့်ကို အကဲဖြတ်ပေးပါတယ်"ဟု ပြောသည်။

ပြည်တွင်းဆောက်လုပ်ရေး ကုမ္ပဏီများ သာမက ပြည်ပဆောက်လုပ်ရေးကုမ္ပဏီများလည်း အဆင့်ခွဲခြားသတ်မှတ်ခြင်းကို ဆောင်ရွက်နိုင်ပြီး လက်ရှိတွင် ကုမ္ပဏီအဆင့်ခွဲခြား သတ်မှတ်ခြင်းကို
ပြည်ပဆောက်လုပ်ရေး ကုမ္ပဏီများက ပိုမိုဆောင်ရွက်လျက်ရှိသည်ဟု ၎င်းကပြောသည်။

လက်ရှိတွင်
မြန်မာအင်ဂျင် နီယာကောင်စီသည် ဆောက်လုပ်ရေး ကုမ္ပဏီ များအားလုံးကို အချက်အလက်များ
လိုက်လံ ၍စုဆောင်းပြီး အကဲဖြတ်ပေးရန် အခက် အခဲရှိသောကြောင့် ကောင်စီသို့ လာရောက်
လျှောက်ထားသော ကုမ္ပဏီများကိုသာ အဆင့်သတ်မှတ်ပေးနိုင်ကြောင်း မြန်မာနိုင်ငံ
အင်ဂျင်နီယာကောင်စီက ပြောသည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service