၁၉၉၀ ပြည့်လွန်နှစ်များအတွင်းကမ္ဘာ့နံပါတ်တစ် ဂေါက်သီးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရသည့် နစ်ခ်ပရိုက်စ် ပိုင်ဆိုင်သော
အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ ဂျူပီတာကျွန်းနေအိမ်ကိုကန်ဒေါ်လာ ၂၁ ဒသမ ၉ သန်းဖြင့် ရောင်းချမည်ဖြစ်ကြောင်း
အမေရိကန်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
နစ်ခ်ပရိုက်စ်ကိုတောင်အာဖရိကနိုင်ငံ၊ဒါဘန်တွင် ဖွားမြင်သည်။
မိဘများမှာ ဗြိတိန်နိုင်ငံသားများဖြစ်ပြီးနစ်ခ်ပရိုက်စ်ငယ်စဉ်က ရိုဒီးရှားနိုင်ငံ (ယခုဇင်ဘာဘွေ) တွင် နေထိုင်ခဲ့သည်။
နစ်ခ်ပရိုက်စ်သည် ၎င်း၏ ဂေါက်သီးကစားသမားဘ၀ကို ၁၉၇၇ တွင် ကျင်းပသော Southern Africa Tourတွင် စတင်ခဲ့သည်။
ထို့နောက် ဥရောပသို့ ပြောင်းရွှေ့ ကာEuropean Tourတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၁၉၈၃ ခုနှစ်တွင် PGA Tour ၌ ပါဝင်ယှဉ်ပြိုင်သည်။
နစ်ခ်ပရိုက်စ်သည် ဆူးနှင့်လက်ထပ်ခဲ့ပြီးသားသမီး ၃ ဦးထွန်းကားသည်။ ယခုအခါ ဖလော်ရီဒါပြည်နယ်တွင် နေထိုင်လျက်ရှိသည်။
သူ၏ ကစားသမားဘ၀သက်တမ်းအတွင်း အဓိကချန်ပီယံဆုကြီး ၃ ကြိမ်ရရှိခဲ့ရာPGA Tourတွင် ၁၉၉၂ နှင့် ၁၉၉၄ တို့တွင် ၂ ကြိမ်၊
The Open Championship ဆုကို ၁၉၉၄ တွင် တစ်ကြိမ်ရရှိခဲ့သည်။
၁၉၉၀ ပြည့်လွန်နှစ်များတွင် ကမ္ဘာ့အကောင်းဆုံးဂေါက်သီးကစားသမားအဖြစ် ၄၃ ပတ် ဆက်တိုက် ရပ်တည်ခဲ့သည်။
နစ်ခ်ပရိုက်စ်ရောင်းချမည့်နေအိမ်မှာဖလော်ရီဒါပြည်နယ်၊ ဂျူပီတာကျွန်းတွင် တည်ရှိသည်။
အိမ်ခြံမြေအေးဂျင့်တစ်ဦးဖြစ်သူအက်ဒရီယန်ရိဒ်ကအဆိုပါနေအိမ်ကိုကိုယ်ပိုင်သီးခြားကမ္ဘာဆောက်တည်နိုင်မည့် နေရာတစ်ခုအဖြစ် ညွှန်းဆိုခဲ့သည်။
ခြံမြေအကျယ်အ၀န်းမှာ ၇ ဧကနီးပါးရှိပြီးနေအိမ်အတွင်းအိပ်ခန်းများစွာ ပါဝင်ဖွဲ့စည်းထားသည်။
အဆိုပါနေအိမ်ကို ၀ယ်ယူမည့်သူများသည် ကျယ်ပြောသော မြက်ခင်းပြင်ကျယ်ပေါ်တွင် ခရစ်ကက်ကစားနိုင်သည်။ ရေကူးကန်ဘေးတွင် အပန်းဖြေနိုင်သည်။ ၀ရန်တာပေါ်တွင် ညစာစားနိုင်သည်။
နေအိမ်အတွင်းရောအပြင်ပါ လှပစွာမွမ်းမံပြင်ဆင်ထားသည်။
ပင်လယ်မှ တိုက်ခတ်လာသောလေနုအေးကိုနေအိမ်အတွင်းမှ ခံစားနိုင်သည်။
လွတ်မြောက်ရာနေရာတစ်ခုသို့ ရောက်ရှိသွားသလိုခံစားရမည်ဖြစ်ကြောင်းအက်ဒရီယန်ရိဒ်ကဆိုသ်ည။
နေအိမ်အတွင်းပါဝင်သော အိပ်ခန်းအများစုမှ ပင်လယ်ရှုမြော်ခင်းကိုတိုက်ရိုက်ရှုမြင်နိုင်သည်။
ခေါ်ဈေးမှာကန်ဒေါ်လာ ၂၁ ဒသမ ၉ သန်းဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)