ကွန်ဒိုတည်ဆောက်မှုတွေ လိုအပ်ချက်နဲ့ ကိုက်ညီမှု ရှိသင့်

ကွန်ဒိုတည်ဆောက်မှုတွေ လိုအပ်ချက်နဲ့ ကိုက်ညီမှု ရှိသင့် - Property News in Myanmar from iMyanmarHouse.com
4 May 2016 9:56 am တွင် တင်ခဲ့သည်
1248 ကြိမ် ကြည့်ရှု့ပြီး
ကွန်ဒို တည်ဆောက်မှုတွေက အရောင်းအ၀ယ်ဈေးကွက် လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ဆောက်လုပ်မှုတွေဖြစ်သင့်တဲ့ အပြင် ဥပဒေနဲ့ အညီဖြစ်ဖို့လည်း သက်မှတ်ထားတဲ့ အချက်တွေကို လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။

ကွန်ဒိုအမည်ခံတွေ ဈေးကွက်ထဲမှာရှိတာကြောင့် ဖြစ်သင့်တဲ့ အခြေအနေတွေနဲ့ ၀ယ်ယူသူတွေအတွက်ပါ သိရှိနားလည်ထားသင့်တာတွေရှိတယ်လို့ ပြောပါတယ်။

ကွန်ဒိုတည်ဆောက်မှု အများစုက ဈေးကွက်အရလိုအပ်တာထက် ကျော်လွန်နေတာတွေ ဈေးကွက်ရပြီးသားနေရာတွေမှာပဲ ပြုံနေတာတွေ၊လိုအပ်ချက်ကြောင့်မဟုတ်ပဲ မြေနေရာတွေကြည့်ပြီး တည်ဆောက်တာတွေလည်းရှိပါတယ်။

ဘီအိုတီစနစ်နဲ့ တည်ဆောက်တဲ့ ကွန်ဒိုတွေအတွက် အချိုးကျမြေပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်ပြီး ကွန်ဒို ဥပဒေအတိုင်း ခံစားခွင့်ရဖို့က မြေပိုင်ဆိုင်တဲ့ ၀န်ကြီးဌာနတွေက အသိအမှတ်ပြုရင်ရပါတယ်။အဓိကလိုအပ်တာတွေတော့ မြေပိုင်ဆိုင်တဲ့ ၀န်ကြီးဌာနကနေ ကွန်ဒိုအ ဆောက်အအုံမြေအတွက် စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ပေးဖို့ လိုအပ်တာဖြစ်တယ်လို့ သိရပါတယ်။

ဘီအိုတီရဲ့ သက်တမ်းအတိုင်း မြေပိုင်ဆိုင်ခွင့်ကို ရရှိမှာဖြစ်တယ်လို့လည်း သိရပါတယ်။ရောင်းဖို့အသင့်ဖြစ်နေတဲ့ အခန်းတွေရှိပေမဲ့ ရင်းနှီးမြုပ်နှံသူတွေက ဥပဒေရဲ့ တည်ငြိမ်မှုတွေကို စောင့်ကြည့်နေကြတဲ့ အတွက် ဈေးကွက်ကနှေးနေသေးတာဖြစ်တယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။

ဝယ်ရောင်းအကျိုးဆောင် ဦးဝင်းနိုင်က ပိုင်ဆိုင်မှုဈေးကွက်ကို အခွန်နဲ့ ထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်မယ်ထင်တာပဲ ၊မြေပိုင်ဆိုင်မှု စနစ်နဲ့ ကားရပ်နားဖို့ အခက်အခဲတွေ လိုအပ်ချက်တွေတော့ရှိသေးတယ် လိုအပ်တာထက် အခန်းတွေက ပိုများနေတော့ ဈေးကွက်က ထင်သလောက်လဲ မဖြစ်ဘူး၊ နိုင်ငံခြားသားဈေးကွက်ကို မျှော်ကြပေမဲ့ ထင်သလောက်မ၀င်တော့ ဈေးကွက်အေးနေသေးတာလို့ ပြောပါတယ်။

ဈေးကွက်ထဲမှာက လိုအပ်ချက်ကြောင့်မဟုတ်ပဲမြေနေရာတွေကြောင့် ၀န်ဆောင်မှုပေးတဲ့ ကွန်ဒိုတွေများပြီး နေထိုင်ဖို့ကနည်းတယ်။ဈေးကွက်လွယ်တာကြောင့် ရှိပြီးသားနေရာတွေမှာပဲ စုပုံနေတာ ဈေးကွက်တင်တာတွေဖြစ်နေကြတာပါ။

ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးမောင်မောင်က ကွန်ဒိုတွေကတစ်ခုနဲ့ တစ်ခုကနီးတယ်ဈေးကွက်က အပြိုင်လိုပဲဆောက်နေကြတာ တကယ်ဝယ်လိုအားရှိလားဆိုတော့မရှိဘူး ဈေးကွက်ကတည်ဆောက်မှုတွေတော့ရှိတယ်၊အ၀ယ်ကတော့ မရှိဘူးလို့ပြောပါတယ်။

ကျွမ်းကျင်သူတချို့ကတော့ ကွန်ဒိုတည်ဆောက်မှုတွေမှာ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ဆောက်လုပ်မှုတွေဖြစ်ဖို့ လိုအပ်တယ်လို့ သုံးသပ်ကြပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service