နေ ပြည်တော်တွင် ကျပ်သိန်းတစ်ရာအောက် ဖြင့် ရောင်းချရန်ရည်ရွယ်သည့် စမ်းသပ် တန်ဖိုးနည်းအိမ် ရာအောင်မြင်ပါက တစ်နိုင်ငံလုံးတွင် အရေအတွက်အများ အပြားတည်ဆောက်မည်ဖြစ် ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီးဦးဝင်းခိုင်ကပြော သည်။
၎င်းအိမ်ရာစီမံကိန်းကို နေပြည်တော် ဆောက်လုပ်ရေး ၀န်ကြီးဌာနပိုင်မြေတွင် မေ ၁တွင် စတင် တည်ဆောက်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ကဆိုသည်။
‘‘စံနမူနာဖြစ်တဲ့အတွက် ဒီ အိမ်ရာစီမံကိန်းကနေ စံချိန်၊ စံ ညွှန်းယူမယ်။ ကုန်ကျစရိတ်ကို လျော့နိုင်သလောက် လျော့ အောင်တွက်ချက်ပြီး ဆောက် မယ်’’ဟု ၎င်းကပြောသည်။
၎င်းအိမ်ရာကို စံနှုန်း တစ်ခုပေါ်ထွန်းလာရန် စမ်းသပ် တည်ဆောက်ခြင်းဖြစ်ပြီး ကျပ် သိန်းတစ်ရာအောက်ဖြင့် စတင် ရောင်းချနိုင်ပါက တစ်နိုင်ငံလုံး တွင် ယင်းကဲ့သို့ အိမ်ရာမျိုးအ မြောက်အမြားတည်ဆောက်သွား ရန်ရည်ရွယ်ထားကြောင်း ပြည် ထောင်စုဝန်ကြီးကပြောသည်။
စမ်းသပ်တည်ဆောက်မည့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းတွင် အထပ်ငါးထပ်၊ အခန်း၄၀ အား စတင် စမ်းသပ်တည်ဆောက်မည်ဖြစ်သည်။
ယခင်အစိုးရလက်ထက်က တည် ဆောက်ခဲ့သည့် တန်ဖိုးနည်းအိမ် ရာစီမံကိန်းများသည် ကျပ်သိန်းတစ်ရာကျော်အထက်ရှိ၍ ပြည်သူအများစု အတွက်အခက်အခဲဖြစ်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။
ထို့ကြောင့် အစိုးရသစ်လက် ထက်တွင် ယင်းကဲ့သို့ ဈေးနှုန်း များမကြီးမြင့်စေရန်အဓိကထား ၍အရေအတွက်များများတည် ဆောက်မည်ဖြစ်ကြောင်း ဦးဝင်းခိုင်က ဆိုသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာ နက ယခုကဲ့သို့ တန်ဖိုးနည်းအိမ်ရာ များတည်ဆောက်ခြင်းနှင့်အတူ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အကျိုးတူတည်ဆောက်ပါက ကျပ်သိန်းတစ်ရာအောက်ဖြင့် ရောင်းချနိုင်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုသည်.။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com