လူနေထိုင်ခွင့်မတင်ဘဲ နေထိုင်သူများလာရောက်လျှောက်ထားပါက ဆောင်ရွက်ပေးနေ

လူနေထိုင်ခွင့်မတင်ဘဲ နေထိုင်သူများလာရောက်လျှောက်ထားပါက ဆောင်ရွက်ပေးနေ - Property News in Myanmar from iMyanmarHouse.com
3 May 2016 11:14 am တွင် တင်ခဲ့သည်
1430 ကြိမ် ကြည့်ရှု့ပြီး
လူနေ ထိုင်ခွင့်မတင်ဘဲ ကန်ထရိုက်တိုက်ခန်းများတွင် လက်ရှိနေထိုင်သူများအား သတိပေးချက်ထုတ်ပြန်ခဲ့ရာ သတ်မှတ်ကာလ ကျော်သွားပြီဖြစ်သော်လည်းဖြေလျှော့ ပေးနေပြီး ခွင့်ပြုချက် လာတင်ပါက ဆောင်ရွက်ပေးနေကြောင်း ရန်ကုန်မြို့တော်စည်ပင် အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ သတင်း ရရှိသည်။

စည်ပင်သို့ လူနေထိုင် ခွင့်မတင်သော ကန်ထရိုက်တိုက် ခန်းများတွင် လွန်ခဲ့သည့် ခုနစ်နှစ် ကျော် ရှစ်နှစ်အတွင်းက၀င်ရောက် နေထိုင်သူများအား ဖြေလျှော့ပေး ပြီး နေထိုင်ခွင့်ထောက်ခံချက် ထုတ်ပေးနေကြောင်း အဆိုပါဌာနမှ ဌာနမှူးကဆိုသည်။

လူနေထိုင်ခွင့် (BCC)မတင် ဘဲ နေထိုင်သူများကို သတိပေး သည့်အနေဖြင့် ပြီးခဲ့သည့် မတ်လ နောက်ဆုံးပတ်အထိ လျှောက် ထားရန် သတ်မှတ်ခဲ့သော်လည်း ယနေ့အထိ လာရောက်လျှောက် ထားသူများ ရှိနေသောကြောင့် ဖြေလျှော့မှုများ ပြုလုပ်ပေးနေ ကြောင်း ၄င်းကဆိုသည်။
‘‘၂၀၀၆-၂၀၀၇ လောက်က တည်းက ဒီနေ့အထိ လူနေထိုင် ခွင့်မတင်ဘဲ နေကြတာတွေလည်း ရှိတယ်။ သူတို့တွေ လာလျှောက် ရင် သတ်မှတ်ရက် ပြည့်သွားပေ မယ့် ဖြေလျှော့ပေးပြီး ဆောင်ရွက် ပေးနေပါတယ်’’ဟု ၎င်းကဆို သည်။

အချို့ကန်ထရိုက်တိုက်အိမ် ရှင်များသည် စာရွက်စာတမ်း အ ထောက်အထား မပြည့်စုံခြင်း၊ လူ နေထိုင်ခွင့်မရှိဘဲ နေထိုင်လာ သည်မှာ နှစ်ကာလကြာမြင့်ခြင်း တို့ကြောင့် လာရောက်လျှောက် ထားရန် စိုးရိမ်နေသူများရှိကြောင်း ၎င်းကပြောသည်။

၂၀၁၃ ရန်ကုန်မြို့တော်စည် ပင်သာယာရေးဥပဒေပုဒ်မ ၆၁၊ အခန်း(င)တွင် မည်သူမျှဆောက် လုပ်ပြီးသော အဆောက်အအုံ တစ်ခုတွင်ဖြစ်စေ၊ ယင်းအ ဆောက်အအုံ၏ အစိတ်အပိုင်း တစ်ခုတွင်ဖြစ်စေ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ၀င်ရောက်နေ ထိုင်ခြင်း၊ အသုံးပြုခြင်းမပြုရဟု ပြဋ္ဌာန်းထားသည်။

ဆောက်လုပ်နေစဉ် ကန်ထ ရိုက်မှာ ဆက်လက်မဆောက်လုပ် ဘဲ တိမ်းရှောင်သွားသောကြောင့် မိမိအစီအစဉ်ဖြင့် တည်ဆောက် ခဲ့ရာ လူနေထိုင်ခွင့် မလျှောက် လိုက်ရသည့် တိုက်ခန်းများရှိပြီး အများစုမှာ လှိုင်၊ တောင်ဥက္ကလာ ပ၊ မရမ်းကုန်းမြို့နယ်များရှိ ရပ် ကွက်အတွင်းပိုင်းများ၌ အဖြစ် များကြောင်း သီရိစံဆောက်လုပ် ရေးလုပ်ငန်းရှင် ဦးမိုးမြင့်ကပြော သည်။

နေရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service