ပြည်သူများအတွက် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးအိမ်ရာစီမံကိန်းများ ဆောင်ရွက်ပေးမည်

ပြည်သူများအတွက် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးအိမ်ရာစီမံကိန်းများ ဆောင်ရွက်ပေးမည် - Property News in Myanmar from iMyanmarHouse.com
3 May 2016 10:48 am တွင် တင်ခဲ့သည်
1187 ကြိမ် ကြည့်ရှု့ပြီး
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများအတွက် အမှန်တကယ် အကျိုးပြုစေမည့် လုပ်ငန်းများကို ရက် ၁ဝဝ အတွင်း စတင်အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ ပထမအဆင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ လမ်း၊ တံတားလေလံဂိတ်များကို ဖြေလျှော့ပေးခဲ့ပြီးဖြစ် သည်။

ဒုတိယအဆင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ယာဉ်မတော်တဆဖြစ်ပွားမှုလျှော့ချရေးစီမံချက် ဖွင့်ပွဲ အခမ်းအနားကို ဧပြီ ၃ဝ ရက်တွင် ဆောင်ရွက်ခဲ့ပြီးဖြစ်သလို တတိယအဆင့်အနေဖြင့် ပြည်သူများနေထိုင်ရေး အဆင် ပြေစေရေးအတွက် ပြည်သူ့အိမ်ရာစီမံကိန်း၊ တန်ဖိုးနည်း အိမ်ရာစီမံကိန်းများကို ရက် ၁ဝဝ အတွင်း အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဧပြီ ၃ဝ ရက် ညနေပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ရုံးတွင် ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်သူများအတွက် အမှန်တကယ်အကျိုးရှိစေမည့် လမ်း၊ တံတားလုပ်ငန်းများ၊ ပြည်သူ့အိမ်ရာ စီမံကိန်းလုပ်ငန်းများနှင့် တန်ဖိုးနည်း အိမ်ရာစီမံကိန်းလုပ်ငန်းများကို ရက် ၁ဝဝ အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့်ကိစ္စများ၊

ရန်ကုန် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီး ဌာနနှင့် ရန်ကုန်စည်ပင်သာယာရေးကော်မတီအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မည့်ကိစ္စများ၊ ရှေးဟောင်းအဆောက် အအုံများကို ရှေးမူမပျက် ပြန်လည်ပြုပြင်ထိန်းသိမ်းရေးနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းဥပဒေအတိုင်း လိုက်နာဆောင်ရွက် ရေး၊ ယခင်အခက်အခဲဖြစ်သည့်လုပ်ငန်းမှန်သမျှ အတတ် နိုင်ဆုံး ဖြေလျှော့ပေးရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးကြ သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက် ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့ ရွှေတိဂုံ (လင့်လမ်း)အိမ်ရာဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ ဆောင် ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန်ကျန်ရှိနေမှု အခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဆောင်ရွက်ပြီးစီးသည့်အခန်းများတွင် မူလနေထိုင် သူများအား ပြန်လည်နေရာချထားမှု၊ နေထိုင်သူများ ရေ၊ မီး၊ လမ်းများ အဆင်ပြေအောင်စီစဉ်ဆောင်ရွက်ပေးထား မှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ် သည်များ မှာကြားသည်။

ထို့နောက် ရန်ကုန်အနောက်ပိုင်းခရိုင် မရမ်းကုန်းမြို့ နယ်တွင် အဆောက်အအုံဦးစီးဌာန အဆောက်အအုံအထူး အဖွဲ့(၁)၊ (၂)နှင့်(၃)တို့မှ တာဝန်ယူဆောင်ရွက်နေသော မရမ်းကုန်း Villa အိမ်ရာစီမံကိန်းလုပ်ငန်းခွင်သို့ ရောက် ရှိရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇော်က သုံးခန်းတွဲ သုံးထပ် လေးလုံးနှင့် နှစ်ခန်းတွဲ သုံးထပ် နှစ်လုံး တည်ဆောက်နေမှုနှင့်ပတ်သက်၍ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများစံချိန်စံညွှန်းပြည့်မီ ရေး၊ အရည်အသွေးပြည့်မီသည့်ပစ္စည်းများ အသုံးပြုရန် တို့ကို မှာကြားပြီး လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်၍ လှိုင်သာယာမြို့နယ် ရွှေလင်ပန်း စက်မှုဇုန်၊ စက်မှုလုပ်သားတန်ဖိုးနည်းအိမ်ရာစီမံကိန်း လုပ်ငန်းခွင်သို့ရောက်ရှိပြီး Myanmar Land &Development Limited က တည်ဆောက်ပြီးစီးသော အိမ်ရာများတွင် စက်ရုံဝန်ထမ်းများ နေထိုင်မှုအခြေအနေ ကို လည်းကောင်း၊လှိုင်သာယာမြို့နယ် ရွှေလင်ပန်း (၂၃/ ၂၆) ရပ်ကွက်တွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တည်ဆောက်ပြီးစီးသော တန်ဖိုးနည်းအိမ်ရာစီမံကိန်း အပိုင်း(၁)၊ (၂)နှင့်(၃)တို့၏အိမ်ခန်းဖွဲ့စည်းထားရှိမှုအခြေ အနေကို လည်းကောင်း၊ ကျန်စစ်မင်းအိမ်ရာစီမံကိန်း ဆောင်ရွက်ထားရှိမှုတို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေး သည်။

ထို့နောက် ဒဂုံဆိပ်ကမ်းမြို့နယ် ဧရာဝဏ်ရတနာအထပ်မြင့်အိမ်ရာစီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိရာ ရှင်းလင်းဆောင်တွင် စီမံကိန်းတာဝန်ခံအင်ဂျင်နီယာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်လွင်က အိမ်ရာ စီမံကိန်းလုပ်ငန်းများဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ် ချက်များမှာကြားပြီး လုပ်ငန်းခွင်အတွင်း အိမ်ခန်းဖွဲ့စည်း ထားမှုကို လိုက်လံကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ယုဇနတန်ဖိုးနည်းအိမ်ရာ တည်ဆောက်ပြီးစီးမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်း လိုအပ်ချက်များ မှာကြားသည်။

Credit:MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service