ပြည်တွင်းရွှေဈေးက သည်ခြောက်ရက်အတွင်းမှာ တစ်ကျပ်သားကို ကျပ်၂၀၀၀၀ ကျော်အထိ ဈေးပြန်တက်လာပြီး ကမ္ဘာ့ရွှေဈေးကတစ်အောင်စကို ဒေါ်လာ ၁၂၉၀ ကျော်ဖြစ်နေတယ်လို့သိရပါတယ်။
ဧပြီ ၂၅ ရက်နေ့အထိ ကျပ် ၇၆၈၅၀၀ လောက်အထိ ဈေးကျခဲ့ပေမဲ့ ၂၈ ရက်နေ့မှာ ဒေါ်လာဈေးရော ကမ္ဘာ့ရွှေဈေးပါ ဈေးတက်လာပြီးမြန့်မာ့ရွှေက ကျပ် ၇၈၉၀၀၀ ကျော်အထိ ဈေးတက်လာတာဖြစ်ပါတယ်။
ဧပြီလအတွင်းမှာ ရွှေဈေးကအတက်အကျ အပြောင်းအလဲများခဲ့ပေမဲ့ လကုန်ပိုင်းမှာတော့ ဈေးပြန်တက်လာမှာပါ။အပြောင်းအလဲတွေများတာကြောင့် ဈေးဆက်တက်နိုင်မလား ဈေးကျမလားဆိုတာက ခန့်မှန်းရခက်တယ်လို့ ဈေးကွက် ကျွမ်းကျင်သူ တချို့ကပြောပါတယ်။
ရွှေဈေးကွက် ကျွမ်းကျင်သူတစ်ဦးက ဈေးကခန့်မှန်းရခက်တယ်၊ဈေးကမထင်မှတ်လောက်အောင် ထိုးတက်သွားတယ်၊ဘယ်အချိန်ပြန်ကျမလဲ ပြောဖို့ကအသေချာဘူး ဒေါ်လာဈေးတက်လာရင်ဈေးထပ်ကျမယ် ထင်ခဲ့ပေမယ့် ဈေးကတက်နေတာပဲ ရွှေဈေးကတက်နိုင်ချေရှိသေးတယ် ခန့်မှန်းတယ်လို့ပြောပါတယ်။
သည်နေ့မှာ ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ဒေါ်လာ၁၂၉၂ အထိဈေးမြင့်နေပြီး ပြည်တွင်းရွှေဈေးက တစ်ကျပ်သားကို ကျပ် ၇၈၉၁၀၀ ရှိပါတယ်။
ဒေါ်လာဈေးကတော့ တစ်ဒေါ်လာကို ၁၁၆၆ ကျပ်ဖြစ်ပါတယ်။
Credit: The Kumudra