လူထုရင်ပြင် လိုတယ်

လူထုရင်ပြင် လိုတယ် - Property News in Myanmar from iMyanmarHouse.com
3 May 2016 9:54 am တွင် တင်ခဲ့သည်
1554 ကြိမ် ကြည့်ရှု့ပြီး
၂၀၁၄ က မန္တလေးမြို့တည်နန်းတည်ခဲ့တာ၁၅၅ နှစ်တင်းတင်းပြည့်ပါပြီ။ မြန်မာသက္ကရာဇ်အလိုအရ ၁၂၂၁ ခု ကဆုန်လပြည့်ကျော်၆ ရက်မှ ၇ ရက်နေ့ အကူးတွင်မန္တလေးရတနာပုံရွှေမြို့တော်ကြီးအလုံးစုံအသုံးခံပြီးစီး အောင်မြင် ခဲ့လို့ ပြီးခဲ့သည့် မြန်မာသက္ကရာဇ် ၁၃၇၆ ခုကဆုန်လပြည့်ကျော် ၆ ရက် (မေလ ၁၉ ရက်)မှ ၇ ရက် (မေလ ၂၀ ရက်) အကူးမှာ ၁၅၅နှစ်တင်းတင်း ပြည့်ခြင်းဖြစ်ပါတယ်။ ကုန်လွန်ခဲ့တဲ့ ၅၅ နှစ်၊ ၁၃၂၁ ခု (ခရစ်နှစ် ၁၉၅၉ ခုနှစ်) မှာတော့ မန္တလေးအနှစ် ၁၀၀ တင်းတင်းပြည့်ခဲ့တယ်။ တစ်သက်မှာတစ်ခါ ကြုံတောင့် ကြုံခဲမို့ နှစ် (၁၀၀)ပြည့်အထိမ်းအမှတ်ကို ‘‘မန်းရာပြည့်’’လို့ အလွန်တိကျကျစ်လျစ်တဲ့ နာမည်နဲ့ ပွဲတော်ကြီး ၀ှဲချီးကျင်းပတယ်။

မန်းရာပြည့်ပွဲတော်ကြီး ၀ှဲ ချီးကျင်းပခဲ့တဲ့ မန္တလေးတောင် ခြေက အကျယ် ၅၅ ဧကရှိတဲ့ ကွင်းကြီးမှာလည်း ‘‘မန်းရာပြည့် ကွင်း’’၊ ‘‘ရာပြည့်ကွင်း’’လို့ ခေတ် အဆက်ဆက်ထင်ရှားခဲ့တယ်။ မန္တလေးမြို့လုံးဆိုင်ရာ လူထုချီ တက်ပွဲကြီးတွေ၊ စည်းဝေးပွဲကြီး တွေ၊ ပြည်ထောင်စုနေ့ကဲ့သို့ အ ခမ်းအနားကြီးတွေ၊ ထေရ်ကြီးဝါ ကြီး ဆရာတော်ကြီးများရဲ့ ဈာပန ပွဲတော်ကြီးတွေကို မန်းရာပြည့် ကွင်းကြီးမှာ ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့တယ်။ မန်းရာ ပြည့်ကွင်းကြီးမှာ အစဉ်အဆက် ကျင်းပခဲ့တဲ့ ပွဲကြီးများရဲ့ အခင်း အကျင်းများမှာ အရှေ့ဘက်က ဆီးမိုးထားတဲ့ မန္တလေးတောင် တော်ကြီးရဲ့ နောက်ခံမြင်ကွင်းနဲ့ အလွန်တင့်တယ်ခဲ့တယ်။

၁၉၆၄ ဖေဖော်ဝါရီက မန်း ရာပြည့်ကွင်းမှာ ကျင်းပခဲ့တဲ့(၁၇) ကြိမ်မြောက် ပြည်ထောင်စုနေ့ ပြ ခန်းများနဲ့ လူထုအစည်းအဝေး ပွဲ ကြီးမှာလည်း အကြီးကျယ်ဆုံး၊ အခမ်းနားဆုံးဖြစ်တယ်လို့ ပြောစ မှတ်ပြုကြတယ်။ အဲဒီတုန်းက လူထုအစည်းအဝေးပွဲစင်မြင့်ကြီး မှာ အလျား ပေ ၈၀ ၊ အနံပေ ၂၀ ရှိ ဧရာမပန်းချီကားချပ်ကြီးကို နောက်ခံပြုခဲ့ပါတယ်။ အဲဒီဆေး ပန်းချီကားကြီးကို ရန်ကုန်မြို့က နာမည်ကျော် ပန်းချီဆရာကြီး ဦး ဘကြည်ကိုယ်တိုင် လာရောက်ပြီး ဦးဆောင်ရေးဆွဲခဲ့တယ်။ အလုပ် သမား၊ လယ်သမား၊ တပ်မတော် သားများနဲ့ ပညာရှင်အသီးသီးက နိုင်ငံတော်ကြီး ထူထောင်နေပုံကို သရုပ်ဖော်သော ဆီဆေး ပန်းချီ ကားချပ်ကြီးဖြစ်ပါတယ်။ (၁၄) ကြိမ်မြောက် ပြည်ထောင်စုနေ့ လူထုအစည်းအဝေးပွဲကြီးမှာ ထို စဉ်က တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌကြီး ဗိုလ်ချုပ်ကြီးနေ၀င်း ကိုယ်တိုင်တက်ရောက်ပြီး ‘‘တိုင်း ရင်းသားလူမျိုးများအရေးနှင့်ပတ် သက်၍ တော်လှန်ရေးကောင်စီ ၏ သဘောထားနှင့် ခံယူချက်’’ကို ကြေညာခဲ့တယ်။ ၁၉၈၈ လူထုအ ရေးတော်ပုံကာလ သြဂုတ် ၂၆ရက်က ကျင်းပခဲ့တဲ့ မန္တလေးမြို့လုံးဆိုင်ရာ လူထုအစည်းအဝေးပွဲကြီးကတော့ မန်းရာပြည့်ကွင်းကြီးမှာ နောက်ဆုံးကျင်းပခဲ့တဲ့ အခမ်းအနားကြီးဖြစ်တယ်။ ဒီနောက်စက်တင်ဘာ ၁၈ ရက် အာဏာသိမ်းပြီးနောက် တက်လာတဲ့ တပ်မတော်အစိုးရက အဲဒီကွင်းကြီးကိုတိရစ္ဆာန်ရုံအဖြစ် ပြောင်းလဲခဲ့တာပါပဲ။


မန်းရာပြည့် ကွင်းကြီးမှာ နိုင်ငံတော်ဆိုင်ရာ အထိမ်းအမှတ် အခမ်းအနားကြီးများသာမက မန္တ လေးမြို့က ထေရ်ကြီးဝါကြီး သာ သနာ့ ၀န်ဆောင်ဆရာတော်ကြီးများရဲ့ ဈာပနပွဲကြီးများလည်း ကျင်းပခဲ့တာ မှတ်မိပါတယ်။ ရဟန်းပျိုဆရာတော် ဦးဇောတိကနဲ့ ဆရာတော် ဦးသုသလတို့ရဲ့ အန္တိမဈာပနပွဲတော်ကြီးများဖြစ်တယ်။ ဧည့်ခံမဏ္ဍပ်ကြီးများ၊ လောင်တိုက်များ၊ စင်ယှဉ်ပြာသာဒ်၊လိုက်ပြာသာဒ်များနှင့် ကြီးကျယ်ခမ်းနားလှတယ်။ ဆရာတော် ဦးဇောတိကရဲ့ဈာပနပွဲမှာ နဂါးဖောင်ကြီးဖြင့်ပင်မြို့တွင်းလှည့်လည် အပူဇော်ခံခဲ့တယ်။

ပွဲတော်ကြီးများမရှိသည့် ကာလများမှာ မန်းရာပြည့်ကွင်း ထဲ မော်တော်ကားအမောင်းသင် ကြတယ်။ ကားမောင်းသင်ဖို့လည်း အလွန်အဆင်ပြေသည့် ကွင်းကြီး ဖြစ်တယ်။ သက်ဆိုင်ရာ တာဝန်ရှိ သူများကလည်း ကွင်းကြီးကိုအမြဲ မပြတ် စောင့်ရှောက်ထိန်းသိမ်း ထားတယ်။ ၁၉၈၉ မှာတော့ မန်း ရာပြည့်ကွင်းကြီးလည်း ရတနာပုံ တိရစ္ဆာန်ဥယျာဉ်အဖြစ် ဘ၀ ပြောင်းသွားတော့တာပါပဲ။

မန်းရာပြည့်ကွင်းကြီးအရင် က လူထုအခမ်းအနားတွေကို တော့ ဈေးချိုတော်အနောက် ဘက်မဟာလောကရံသီ အိမ် တော်ရာစေတီတော် ပရိဝုဏ်အ တွင်းမှာရှိတဲ့ ၁၄ ခန်းဇရပ်ကြီးမှာ ကျင်းပတယ်။ဇရပ်ကြီးက ရင်ပြင် တော်ရဲ့ အနောက်မြောက်ထောင့် မှာရှိပြီး ၁၃၀၀ ပြည့် အရေးတော် ပုံကာလ အာဇာနည်များဈာပန လူထုအစည်းအဝေးပွဲကြီးမှာ ပရိ သတ် နှစ်သိန်းကျော်တက်ရောက် ခဲ့ကြတယ်။ အိမ်တော်ရာရင်ပြင်နဲ့ ၁၄ ခန်း ဇရပ်ကြီးမှာ သာသနာ ရေး၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ ပညာရေး၊ အာဇာနည်နေ့နဲ့ ဒီမို ကရေစီရေးဆိုင်ရာ လူထုအခမ်း အနားကြီးတွေ ကျင်းပခဲ့တယ်။ အခုတော့ သာသနိကဆိုင်ရာနေ ရာမို့ လူထုအခမ်းအနားတွေကျင်း ပဖို့ မလွယ်တော့ဘူး။

တောင်ဘက်မြို့ရိုးနဲ့ ကျုံး အကြား အများပြည်သူ အပန်းဖြေ နားနေတဲ့ မန်းသီတာ ဥယျာဉ်ကြီး လည်း ၁၉၉၅ မှာကျုံးတော်ကြီး ပြန်လည်တူးဖော်ပြီးနောက် ဖျက် သိမ်းလိုက်ပါတယ်။ အထူးသဖြင့် နှစ်စဉ် လွတ်လပ်ရေးအောင်ပွဲနေ့ များကို မန်းသီတာ ဥယျာဉ်မှာ ၀ှဲချီးကျင်းပတယ်။ ကာတွန်း၊ ပန်းချီ၊ ဆောင်းပါး၊ ကဗျာပြိုင်ပွဲ တွေရှိခဲ့တယ်။ မန္တလေးက စာရေး ဆရာ၊ ကာတွန်းဆရာ၊ ကဗျာ ဆရာအတော်များများ ထိုပြိုင်ပွဲ များတွင် ဆုများရခဲ့ကြဖူးကြတယ်။ အဆို၊ အက ၊ အတီးပြိုင်ပွဲတွေ ရှိတယ်။ အားကစားပြိုင်ပွဲတွေ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲတွေ အပြင် မန္တလေးရှိ နာမည်ကျော် တီးဝိုင်းအဖွဲ့ကြီးများ၏ ဂီတပဒေ သာပွဲကြီးတွေလည်း ပါဝင်တယ်။ ခုနစ်ရက် ခုနစ်လီကျင်းပတဲ့လွတ် လပ်ရေးအောင်ပွဲ အခမ်းအနား ကြီးတွေဟာ မန္တလေးမြို့ လူထုရဲ့ အပန်းဖြေ အနားယူမှုများအပြင် နိုင်ငံနဲ့ လူမျိုးအပေါ် ချစ်မြတ်နိုး စိတ်၊ လွတ်လပ်ရေးကို ကာကွယ် ထိန်းသိမ်းလိုစိတ်များ တိုးမြှင့်ခိုင် မာစေခဲ့တဲ့ ပွဲတော်ကြီးဆိုရင် လည်း မမှားပါဘူး။

မန္တလေးတောင်အရှေ့ဘက် မဟာလောကမာရဇိန် ကုသိုလ် တော်ဘုရား အနောက်မုခ်ကဘုရားပွဲဇာတ်ရုံကြီးများ ဆောက် လုပ်ကပြရာ ကွင်းကြီးရှိသေးတယ်။ဒါပေမဲ့ ၁၉၉၀ ၀န်းကျင် မှာ ဒီကွင်းကြီးကိုလည်း ကုသိုလ် တော်ဥယျာဉ်ဆိုပြီး တံတိုင်းခတ် လိုက်တယ်။ မန္တလေးမှာလူအများ စုဝေးကြတဲ့ ကွင်းကြီးများနေရာမှာ တည်ဆောက်ပြုပြင် အဆောက် အအုံများ အစားထိုးဝင်ရောက် လာခြင်းဖြစ်ပါတယ်။

နောက်ပိုင်း မန္တလေးမြို့ တောင်ဘက်ခြမ်း၊ ယခင် ဆင်ဖြူ ကန် သုသာန်နေရာတွင်ကွင်းသစ် တစ်ခု ပေါ်ပေါက်လာပြီး လှည်း ပြိုင်ပွဲများ၊ ပန်းဆယ်မျိုးပြပွဲ ပြိုင် ပွဲများ ကျင်းပလာတယ်။ အခု တော့ စားသောက်ဆိုင်များနဲ့အတူ ဂေါက်လေ့ကျင့်ရေးကွင်းအဖြစ် ပြောင်းလဲသွားပြန်ပြီ။ မြို့တွင်း ရောက်နေတဲ့ ရွာဟိုင်းသုသာန်နေ ရာမှာလည်း ကွင်းကျယ်ကြီးဖြစ် လာတယ်။ ဒီနောက် အားကစား ကွင်းနဲ့ ကျောက်မျက်ရတနာဈေး ဆောက်လုပ် ဖွင့်လှစ်လိုက်တယ်။ (အခုတစ်လော ကျောက်မျက် ရတနာဈေးလည်း မြစ်ငယ်ဘက် ရွှေ့ပြီး အဲဒီနေရာ ကွန်ဒိုဆောက် မယ်လို့ သတင်းထွက်လာပြန် တယ်။) ဈေးချိုနှင့် အနီးဆုံးဥသျှစ် ကုန်း၊ မွတ်စလင်သုသာန်နေရာ မှာလည်း ကွင်းကျယ်ကြီးပေါ်ခဲ့ရာ လူနေအိမ်ရာများ၊ အားကစား ကွင်းများ၊ ဈေးနှင့် အဝေးပြေး ကားဂိတ်ဝင်းကြီး အသွင်ပြောင်း လဲသွားခဲ့တယ်။

တခြားသောနိုင်ငံတော် အ ခါကြီးရက်ကြီးများကို ၆၆ လမ်း နှင့် ၆၈ လမ်းကြား၊ ၂၈ လမ်းနှင့် ၂၉ လမ်းကြားမှာရှိတဲ့ ရဲသိပ္ပံအား ကစားကွင်းမှာ ကျင်းပတယ်။ ပရိ သတ် သိန်းချီဆံ့တဲ့ ကွင်းကြီးပါ ပဲ။ (မူလရဲအတတ်သင်ကျောင်း က ကလေးဆေးရုံဖြစ်သွားလို့ အခုတော့ ဒီကွင်းကြီးကိုလည်း ရဲ အတတ်သင်ကျောင်းပြန်ဆောက် လိုက်ပြန်ပါပြီ)

တကယ်တော့ နိုင်ငံတော် တော်များများရဲ့ မြို့ကြီးတိုင်းလို လိုမှာ လူထုအခမ်းအနားကြီးများ ကျင်းပဖို့အတွက် လူထုရင်ပြင် ကြီးတွေရှိတယ်။ ခေတ်မီမြို့ပြစီမံကိန်းကြီးများရေးဆွဲကတည်းက လူထုရင်ပြင်ကြီးတွေ စနစ်တကျထည့်သွင်းကာ တည်ဆောက်ကြတယ်။ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ TIME SQUARE ရင်ပြင်ရှိတယ်။ အင်္ဂလန် လန်ဒန်မှာ PARLIAMENT SQUAREတဲ့။ အီတလီ ရောမမှာတော့ St.PE-TER'S SQUARE က သမိုင်းဝင်ဖြစ်တယ်။ တရုတ်ပြည်ဘေဂျင်းမှာ TIANANMEN SQUARE ရှိတယ်။ ရှန်ဟိုင်းမှာ PEOPLE'S SQUARE တဲ့။ ရုရှားက မော်စကိုမှာ RED SQUARE ကလည်း နာမည်ကျော်တယ်။ ဟန်ဂေရီဘူဒါပက်စ်မြို့မှာ ROOSEVELT SQ-UARE ရှိတယ်။ နောက်ထပ် HEROES SQUARE ဆိုတာလည်း ဟန်ဂေရီမှာရှိသေးတယ်။ အီဂျစ်ပြည် ကိုင်ရိုမြို့က TAHRIR SQUARE ကတော့ ဒီနှစ်တွေအတွင်းအထူးထင်ရှားပါတယ်။ ရန်ကုန်မှာလည်း ပြည်သူ့ရင်ပြင်ရှိတယ်မဟုတ်လား။ နေပြည်တော်မှာလည်း ရှိတယ်မဟုတ်လား။

မန္တလေးမြို့က အမျိုးသား ယဉ်ကျေးမှုအတွက်အချက်အချာ ကျတဲ့နေရာဖြစ်တယ်။ အမျိုးသား လွတ်လပ်ရေးသမိုင်းစဉ်တွေမှာ ရှေ့တန်းက ပါဝင်ခဲ့တဲ့ မြို့လည်း ဖြစ်တယ်။ ဒီလိုအရေးပါတဲ့ မြို့ ကြီးမှာ အများပြည်သူလူထုအ တွက် အမျိုးသားရင်ပြင်(၀ါ) လူထုရင်ပြင်တစ်ခု လိုအပ်ပါတယ်။ခမ်းနားထည်ဝါပြီး လူထုပရိသတ်သိန်းချီစုဝေးနိုင်တဲ့ နေရာဖြစ်ပါတယ်။ (အခု မနော်ရမ္မံမှာ လူနှစ်ရာလောက်ဆံ့ပြီး ဟစ်တိုင်နာမည်စတိပေးထားတဲ့ ကလေးကစားကွင်းနေရာမျိုး မဖြစ်စေရပါဘူး)

ဘာပဲပြောပြောမြို့ကြီးတစ် မြို့ရဲ့ နိုင်ငံတော်အဆင့် အခမ်း အနားကြီးများကျင်းပရာ အ ဆောင်အယောင်လည်းဖြစ် ဒီမို ကရေစီခေတ် လူထုရဲ့ လိုအပ် ချက်လည်းဖြစ်တဲ့ ‘မန်းရင်ပြင်’ အကောင်အထည်ပေါ်ရေးဆိုတာ ပြည်သူ့အစိုးရခေတ်မှာ အဖြစ် သင့်ဆုံးပဲ မဟုတ်ပေဘူးလားဗျာ။

Credit: 7DayDaily
လူထုရင်ပြင် လိုတယ် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service